BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဥပဒေ...
သတင်းအတု

စစ်မှုထမ်းဥပဒေ ပြန်လည်ရုပ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

ဗြိတိန်နိုင်ငံရဲ့ အဆိုပြုချက်အရ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဆိုပြီး ရေးသားဖြန့်ထားတဲ့အကြောင်းအရာတွေပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  21 March 2024 8:51 AM IST
  • စစ်မှုထမ်းဥပဒေ ပြန်လည်ရုပ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ် ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်မှုထမ်းဥပဒေ ပြန်ရုပ်သိမ်းလိုက်ပြီ။ ဗြိတိန်ရဲ့ အဆိုပြုချက်အရ စစ်ကောင်စီရဲ့ တရားမဝင်ဥပဒေကို လုံခြုံရေးကောင်စီက ဖျက်သိမ်းပြီ' လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းခွဲနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗြိတိန်နိုင်ငံရဲ့ အဆိုပြုချက်အရ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ RFA သတင်းဌာနက သတင်းတစ်ပုဒ်ဖြစ်တဲ့ 'မြန်မာစစ်တပ် အရေးမယူခံရတဲ့ အခြေအနေကို အဆုံးသတ်ရမယ်လို့ ဗြိတိန်ပြော' ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။


    သတင်းထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အထူးစိုးရိမ်ပူပန်နေကြောင်းနဲ့ မြန်မာစစ်တပ် အရေးယူမခံရတဲ့ အခြေအနေကို အဆုံးသတ်ရမယ်လို့ ဗြိတိန်လူ့အခွင့်အရေး သံတမန် ရီတာဖရန့်ချ်က ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့က ၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပြောဆိုခဲ့မှုကို ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။

    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    conscription lawrepeal lawဥပဒေရုပ်သိမ်းFakenewsMisinformationmilitary service lawစစ်မှုထမ်းဥပဒေ
    Read Full Article
    Claim :   စစ်မှုထမ်းဥပဒေ ပြန်လည်ရုပ်သိမ်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!