BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အိန္ဒိယမှာမိတဲ့...
သတင်းအတု

အိန္ဒိယမှာမိတဲ့ ရွှေချောင်းတွေကိစ္စနဲပတ်သက်တဲ့ အချက်အလက်အမှားများ

မြန်မာဘက်က မှောင်ခို တင်ပို့တဲ့ ရူပီးကုဋေ ၃၀ ကျော် တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ဖြန့်ဝေနေတဲ့ သတင်းမှာ နားလည်မှုလွဲစေနိုင်တဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2020 4:59 PM IST
  • အိန္ဒိယမှာမိတဲ့ ရွှေချောင်းတွေကိစ္စနဲပတ်သက်တဲ့ အချက်အလက်အမှားများ

    နိုဝင်ဘာလ ၁၉ ရက်နေ့က အင်ဒို-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေချောင်း ၆၆ ကီလိုဂရမ် ဖမ်းဆီးမှုဖြစ်စဉ်ကို ရည်ညွှန်းရေးသားနေတဲ့ ဒီသတင်းကို လူမှုမီဒီယာတွေပေါ်မှာ ပြန်လည်ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ရေးသားထားရာမှာ "မြန်မာဘက်က မှောင်ခို တင်ပို့တဲ့ ရူပီးကုဋေ ၃၀ ကျော် တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိကြောင်း၊ အိန္ဒိယ အခွန်အကောက်ဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားမှု ဦးစီးဌာန (DRI) က မြန်မာနိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတဲ့ ရူပီး ကုဋေ ၃၀ တန်းဖိုးရှိတဲ့ ရွှေချောင်း ၆၆ ကီလိုဂရမ် ကျော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ The Hindu သတင်းမှာ ဖော်ပြထားကြောင်း၊ သတင်းအရ ကုန်တင်ကား ၂ စင်းကို ရပ်တန့် စစ်ဆေးရာမှာ ကားရဲ့ ဆီ သိုလှောင်ကန်ထဲကနေ ရွှေချောင်း ၄၀၀ ကို တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ယခုနှစ်ထဲမှာ အာဏာပိုင်တွေဟာ အိန္ဒိနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ ရွှေကီလိုဂရမ် ၁၇၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး ရွှေအများစုဟာ အိန္ဒိယ – မြန်မာ နယ်စပ် မြန်မာဘက်က မှောင်ခို တင်သွင်းလာတာလို့ သတင်းက ဖော်ပြကြောင်း" တွေ ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်ကြည့်ရာ နိုဝင်ဘာလ ၁၉ ရက်နေ့က အင်ဒို-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေချောင်း ၆၆ ကီလိုဂရမ် ဖမ်းဆီးမှုမှာ မှန်သော်လည်း မြန်မာဘက်က မှောင်ခိုသွင်းတယ်ဆိုတဲ့ အချက်၊ အိန္ဒိယ အခွန်အကောက်ဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားမှု ဦးစီးဌာန (DRI) က မြန်မာနိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတယ်လို့ ပြောတယ်ဆိုတဲ့ အချက်နဲ့ ဖြစ်စဉ်မှာ လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ The Hindu သတင်းမှာ ဖော်ပြထားတယ်ဆိုတဲ့ အချက်တွေဟာ မှားယွင်းနေပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပါတ်သတ်တဲ့ သတင်းတွေကို Hindustan Times သတင်းဌာန အပါအဝင် အိန္ဒိယအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။


    နိုင်ဝင်ဘာလ ၂၀ ရက်နေ့က Hindustan Times သတင်းဌာနမှာ ဒီအကြောင်းအရာ သတင်းကို ဖော်ပြခဲ့ရာမှာ အင်ဒို-မြန်မာ နယ်စပ်လို့သာ ရေးသားထားတာဖြစ်ပြီး သတင်းထဲမှာ အကောက်ခွန်ဦးစီးဌာန (DRI) က မြန်မာနိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတယ်လို့ ပြောဆိုတဲ့အကြောင်း ရေးသားထားခြင်း မရှိပါဘူး။

    အလားတူ အခြားသတင်းဌာနတွေရဲ့ ဖော်ပြမှုမှာလည်း DRI က မြန်မာနိုင်ငံကတဆင့် မှောင်ခိုတင်သွင်းတယ်ဆိုတဲ့ အချက်ကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

    သတင်းတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အိန္ဒိယနိုင်ငံ သွယ်ဝိုက်အခွန်နှင့်အကောက်ခွန်ဗဟိုဘုတ်အဖွဲ့(CBIC) ကလည်း ဒီအကြောင်းနဲ့ပါတ်သတ်ပြီး CBIC ရဲ့ တရားဝင်တွစ်တာအကောင့်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ရေးသားထားခဲ့ပါတယ်။


    CBIC ရဲ့ ရေးသားထားမှုမှာလည်း မြန်မာနိုင်ငံဘက်မှ မှောင်ခိုတင်သွင်းတယ်လို့ ပြောဆိုမထားပဲ ဖမ်းဆီးထိမ်းသိမ်းခံရသူမှာ ၅ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    CBIC ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Gold Bar66.4 kilograms of goldIndo-Myanmar borderfuel tankillegally transportမှောင်ခိုရွှေချောင်းရူပီးကုဋေ ၃၀
    Read Full Article
    Claim :   မြန်မာဘက်က မှောင်ခို တင်ပို့တဲ့ ရူပီးကုဋေ ၃၀ ကျော် တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ သတင်းမှာ နားလည်မှုလွဲစေနိုင်တဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!