BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗီဒီယိုဖိုင်အဟောင်းနဲ့...
သတင်းအတု

ဗီဒီယိုဖိုင်အဟောင်းနဲ့ ဒေါ်စုပြောသယောင် ဖြန့်ဝေတဲ့ သတင်းတု

ဗီဒီယိုဟောင်းတစ်ခုမှာ ဒေါ်စုနဲ့ပတ်သက်ပြီးပြောဆိုဖြန့်ဝေထားတဲ့ အကြောင်းအရာကိုအသုံးချပြီး ခေါင်းစဉ်အလွဲတွေတပ်ကာဖြန့်ဝေနေတဲ့ သတင်းတုတချို့ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2023 7:24 AM IST
  • ဗီဒီယိုဖိုင်အဟောင်းနဲ့ ဒေါ်စုပြောသယောင် ဖြန့်ဝေတဲ့ သတင်းတု

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MAYA HH ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၂ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေစုဆီက ပါးလိုက်တဲ့ အားတက်စရာ သတင်းစကား။ (နွေဦးဆရာတော်)' လို့ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီ တော်လှန်ရေးနဲ့ ပက်သက်ပြီး ဖေစ့်ဘွတ်မှာ live လွှင့် ပြောလေ့ရှိတဲ့ နွေဦးဆရာတော် ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ဗွီဒီယိုကို ပြန်လည်ကူးယူ ဖြန့်ဝေထားတာဖြစ်ပြီး သူ့ရဲ့ ပြောကြားမှုထဲမှာ ‘အားရှိစရာ သတင်းတွေချည်းပဲ ရွေးချယ်ပြီးတော့ ပြည်သူလူထုကို ပြောပြပေးသွားမှာဖြစ်ကြောင်း၊ ဒီကနေ့အမေစုက ပြည်သူလူထုကို ပြောကြားလိုက်တဲ့ စကားလေး နှစ်ခွန်းရှိကြောင်း၊ ပထမဦးဆုံး တစ်ခွန်းမှာ NLD က တစ်ဦးချင်းရဲ့ သဘောထား အမြင်တွေကို သူနားမထောင်ချင်ကြောင်းနဲ့ ဒီပြောဆို ချက်တွေကို သူမဆီ သယ်မလာပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း၊ သူမရဲ့ သား ကိုထိန်လင်းကို နိုင်ငံရေးထဲ ဆွဲမထည့် ကြဘို့ ပြောကြောင်းနဲ့ ဘုန်းကြီးရဲ့ အမြင်တချို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

    အမှန်တော့ ဒီအကြောင်းအရာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာဖြစ်ပြီး NLD ဗဟိုကော်မတီဝင်တစ်ဦးက သူ့ရဲ့ ကိုယ်ပိုင်သဘောထားတွေနဲ့ ရန်ကုန်ရုံးချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာတွေကို လူတစ်ဦးကတဆင့် ပေးပို့ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က နောက်ကို အဲဒီလိုပေးပို့တာတွေကို ယူဆောင်မလာဖို့ တားမြစ်ခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးဆိုင်ရာသဘောထားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်နိုင်တဲ့ကာလတစ်ခုမှာ အဖွဲ့ဝင်အားလုံးရဲ့ သဘောထားတွေကို သိရှိပြီးမှသာ ထုတ်ဖော်ပြောဆိုမယ်လို့ သူနဲ့ တွေ့ခဲ့သူတချို့ကို ပြောခဲ့ပါတယ်။

    ဒါ့အပြင် သူ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်စေ ဗဟိုကော်မတီဝင်ဖြစ်စေ တစ်ဦးချင်းရဲ့ သဘောထားအမြင် ပြောဆိုချက်တွေကို လက်ခံနားထောင်လိုခြင်းမရှိဘဲ စကားသယ်ဆောင်လာသူတွေကိုလည်း နောက်ကို အဲဒီလို စကားတွေ သယ်မလာဖို့နဲ့ ပေးတဲ့စာတွေကိုလည်း လက်မခံဖို့ တားမြစ်လိုက်တယ်လို့ RFA သတင်းဌာနမှာ ဖော်ပြထားခဲ့ပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှူ့နိုင်ပါတယ်။


    ဒီအကြောင်းအရာကို နွေဦးဆရာတော် ဆိုသူ ဘုန်းတော်ကြီးအနေနဲ့ ဘယ်အချိန်က live လွှင့်ပြောဆိုခဲ့တယ်ဆိုတာ မသိရှိရပေမယ့် MAYA HH ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ပြန်လည်ကူးယူဖြန့်ဝေ ထားသလို ဒီအဖြစ်အပျက်ဟာ လတ်တလော ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။

    ဒါ့အပြင် အခုဖြန့်ဝေတဲ့ MAYA HH ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နေ့စဉ် သတင်းအတု၊ သတင်းအမှား များစွာဖြန့်ဝေနေတာဖြစ်ပြီး ယုံမှားသံသယဖြစ်ဖွယ်ခေါင်းစဉ်အလွဲတွေနဲ့ သတင်းတုတွေဖြန့်ဝေနေတဲ့အဖွဲ့တစ်ခုဖြစ်တာတွေ့ရပါတယ်။

    Tags

    encouraging messagesအမှာစကားNway Oo SayadawFakenewsOld messagesClickbaits
    Read Full Article
    Claim :   အမေစုပါးလိုက်တဲ့ အားတက်စရာ သတင်းစကားဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ယခင်က ပြောခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!