BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လောင်စာဆီစျေးကြောင့် ဥရောပမှာ...
သတင်းအတု

လောင်စာဆီစျေးကြောင့် ဥရောပမှာ စက်ဘီးစီး ဆန္ဒပြတယ်ဆိုတာ မဟုတ်ပါ

လောင်စာဆီစျေးကြီးတဲ့အတွက် ဥရောပမှာ စက်ဘီးစီး ဆန္ဒပြနေတယ်လို့ ရေးသားပြီး အဝတ်ဗလာနဲ့ စက်ဘီးစီးနေတဲ့ လူတွေရဲ့ ဗွီဒီယိုဖိုင်တစ်ခုကိုဝေမျှထားတဲ့အကြောင်းအရာဟာ အချက်အလက်အမှားတွေကို‌ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2022 5:17 PM IST
  • လောင်စာဆီစျေးကြောင့် ဥရောပမှာ စက်ဘီးစီး ဆန္ဒပြတယ်ဆိုတာ မဟုတ်ပါ

    ဒီဗွီဒီယိုဖိုင်ကို မတ်လအတွင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုရက်ပိုင်း စက်သုံးဆီစျေးတွေ တက်နေချိန်မှာ ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။ ဒီပိုစ့်ကို ထပ်ဆင့်ဖြန့်ဝေမှုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိပြီး ကူးယူဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

    ဒီအကြောင်းအရာကို 'လောင်စာဆီစျေးကြီးလို့ ဥရောပမှာ စက်ဘီးစီး ဆန္ဒပြနေကြတာတဲ့။ ဒီမှာလည်း လိုက်ပြကြရအောင်' လို့ ရေးသားကာ အဝတ်ဗလာတွေနဲ့ စက်ဘီးစီးနေတဲ့ စက္ကန့်သုံးဆယ်ခန့်ကြာ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဗီဒီယိုဖိုင်ထဲက အဝတ်ဗလာနဲ့ စက်ဘီးစီးနေသူတွေဟာ လောင်စာဆီဈေးကြီးလို့ ဆန္ဒပြနေကြတာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံအချို့မှာ နှစ်စဉ်ပြုလုပ်တဲ့ အဝတ်ဗလာနဲ့စက်ဘီးစီးနေ့ World Naked Bike Ride (WMBR) ပွဲမှာ လောင်စာဆီပေါ် မှီခိုနေရမှုနဲ့ စက်ဘီးစီး ယဉ်ကျေးမှု ပိုမိုထွန်းကားဖို့အတွက် စက်ဘီးစီးပြီး ပညာပေးစီးနင်းတဲ့ သဘောာသာ ဖြစ်ပါတယ်။

    ၂၀၀၄ ခုနှစ် မတိုင်မီက လောင်စာဆီပေါ် မှီခိုအားထားနေရမှုကို ဆန္ဒပြတဲ့အနေနဲ့ ဝတ်လစ်စားလစ် စက်ဘီးစီးအဖွဲ့နှစ်ဖွဲ့ ကနေဒါနဲ့ စပိန်နိုင်ငံတွေမှာ ရှိခဲ့ပေမယ့် ပထမဆုံး WMBR ကိုတော့ ၂၀၀၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

    WNBR အစမှာ လောင်စာဆီပေါ် မှီခိုအားထားနေရမှုအပေါ် ဆန့်ကျင်တာ ဖြစ်ပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ပွဲရဲ့ ရည်ရွယ်ချက်က စက်ဘီးစီးယဉ်ကျေးမှု ပိုမိုအားကောင်းလာအောင် လှုံဆော်တဲ့ဘက်ကို တဖြည်းဖြည်း ပြောင်းသွားပါတယ်။ ဒီစီးနင်းမှုမှာ မီဒီယာတွေ အာရုံစိုက်မှုရအောင် အဝတ်ဗလာနဲ့ စီးတာတွေ ပါဝင်ပေမယ့် အဝတ်အစားနဲ့ ပတ်သတ်ပြီး မဖြစ်မနေ အဝတ်ဗလာနဲ့ စီးရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးတော့ မရှိဘူးလို့ သိရပါတယ်။

    ပွဲမှာ အဝတ်အစားအတွက် ဆောင်ပုဒ်အနေနဲ့ 'Be as bare as you dare' (ဖော်ရဲ သလောက်ဖော်) လို့ ပြောထားတဲ့အတွက် အဝတ်အစားတွေ အားလုံးချွတ်ပြီး ပါဝင်ဖို့ ကန့်သတ်မထားပါဘူး။


    အထက်ပါပုံကတော့ Forbes သတင်းဌာနမှာ ဖော်ပြထားတဲ့၂၀၂၂ ခုနှစ်ရဲ World Naked Bike Ride ပွဲက ပုံဖြစ်ပါတယ်။

    WMBR အကြောင်း မီဒီယာတွေမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပြီး WMBR ဖြစ်ပေါ်လာပုံနဲ့ အခြားအချက်အလက် တွေကိုတော့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    against oil dependencycycling advocacyWorld Naked Bike RideThe Biggest Nude Eventလောင်စာဆီဆန့်ကျင်ရေးBe as bare as you dareဝတ်လစ်စလစ်စက်ဘီးစီးစက်ဘီးစီး ဆန္ဒပြbicycle protests
    Read Full Article
    Claim :   အဝတ်ဗလာနဲ့ စက်ဘီးစီးနေတဲ့ လူတွေရဲ့ ဗွီဒီယိုဖိုင်တစ်ခုကို လောင်စာဆီစျေးကြီးတဲ့အတွက် ဥရောပမှာ စက်ဘီးစီး ဆန္ဒပြ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!