BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Mask တပ်ခိုင်းပြီး...
သတင်းအတု

Mask တပ်ခိုင်းပြီး ပစ္စည်းတွေလုသွားတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်း

ဒီလိုကပ်ရောဂါကြီးဖြစ်နေတဲ့ အချိန်မှာ အများပြည်သူကို ဖြစ်လာနိုင်ခြေရှိတဲ့အန္တရယ်တွေနဲ့ပတ်သက်လို့သတိပေးတာ၊ ပညာပေးတာတွေဟာ ကောင်းမွန်တယ်ဆိုပေမယ့် အချက်အလက်အချို့ကို ထိန်ချန်တာပဲဖြစ်ဖြစ်၊ အမှားတဝက် အမှန်တဝက်ရောနှောဖြန့်ဝေနေတာတေဟာ အကောင်းဘက်ထက် အဆိုးဖြစ်စေတဲ့ဘက်ကို ဦးတည်စေနိုင်ပါတယ်။ ဒီတစ်ခေါက် Boom ကပြန်လည်ဝေမျှပေးမယ့်အကြောင်းအရာကတော့ လက်ရှိဖြစ်နေတဲ့ စိုးရိမ်မှူတွေကို ခုတုံးလုပ်ပြီး အသုံးချသွားတဲ့ သတင်းအမှားတစ်ခုကို ဝေမျှချင်တာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 May 2020 9:06 PM IST
  • Mask တပ်ခိုင်းပြီး ပစ္စည်းတွေလုသွားတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်း

    ဒီတခါ ဆန်းစစ်ပေးသွားမှာကတော့ Tik Tok ပေါ်က ဗွီဒီယိုဖိုင်တစ်ခိုအခြေခံပြီး အဲ့ဒီအကြောင်းအရာကို အကြောင်းအရာကို စာနဲ့ ရေးသားကာ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေခဲ့တဲ့ ပိုစ့်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။

    Yechan Yechan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က မေလ ၆ ရက်နေ့ က အထက်ပါပုံမှာ တွေ့ရတဲ့ အတိုင်း "လူနှစ်ယောက် ကားမောင်းလာတာကို တားပြီး Mask ထုတ်ပေးပြီး တပ်ခိုင်းတယ် တပ်ပြီးတာနဲ့ သတိလစ်သွားတော့ ရွှေငွေ ဖုန်း တွေယူပြီးလစ်သွားတယ်" ဆိုပြီး ရေးသားဖြန့်ဝေခဲ့တဲ့ စတေးတပ်စ်တစ်ခုကိုပဲ လူပေါင်း ခုနှစ်ထောင့်ငါးရာကျော်က ထပ်ဆင့်ဖြန့်ဝေခဲ့ကြပါတယ်။

    ဒီလိုရေးသားထားတဲ့ပို့စ်မှာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာ၊ ဘယ်အချိန် စတဲ့အခြေခံသတင်းအချက်အလက်မျိူးတွေ မပါဝင်ခဲ့သည့်တိုင်အောင် ဒီပို့စ်ကို လူပေါင်းထောင်ချီပြီးပြန်လည်ဝေမျှနေကြတာဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှုဟာ အပျော်သဘော ဖြန့်ဝေတာ ဖြစ်နိုင်သလို အခြားရည်ရွယ်ချက်တစ်ခုခုနဲ့ဖြန့်ဝေတာလည်း ဖြစ်နိုင်တဲ့ အတွက် BOOM အနေနဲ့ ဒီသတင်းကို ဆန်းစစ်ချက်မပြုလုပ်ခင် သုံးရက်နီးပါးစောင့်ကြည့်ခဲ့ ပါတယ်။ ဒီလိုစောင့်ကြည့်နေစဉ်မှာပဲ အချို့သော ထပ်ဆင့်ဖြန့်ဝေသူများနဲ့ ပိုစ့်အောက်က မှတ်ချက်ရေးသူတွေကို လေ့လာခဲ့ရာမှာ တချို့က ဒါကိုတကယ်ယုံကြည်နေတဲ့ အပြင် သူတို့ပတ်ဝန်းကျင်က သူတွေကိုပါ လိုက်လံသတိပေးနေတာ တွေ့ရတဲ့ အတွက် သတင်းဆန်းစစ်မှု လုပ်ခဲ့ပါတယ်။ အောက်ကပုံကို ကြည့်ရင် အချို့က ဒီပိုစ့်အပေါ် အမှန်တကယ် အလေးအနက်ထား ဖြန့်ဝေနေတာ၊ မှတ်ချက်ရေးနေတာ တွေ့ရမှာပါ။


    မှတ်ချက်ပေးသူ အချို့ကိုလည်း အောက်ဖော်ပြပါ ပုံမှာ လေ့လာနိုင်ပါတယ်။


    အချို့ က အထက်မှာပြောခဲ့သလို ယုံကြည်နေပေမဲ့ အချို့ကလည်း ဒါနဲ့ပါတ်သတ်တဲ့ ပိုစ့်ပိုင်ရှင် ရယူသုံးစွဲခဲ့ဟန် ရှိတဲ့ မူရင်အချက်အလက်တချို့ကို ပို့စ်အောက်မှာ မှတ်ချက်အနေနဲ့ ရေးပေးတာတွေလည်း ရှိပါတယ်။ အောက်ဖော်ပြပါ ပုံမှာ ကြည့်ပါ။


    ဒီဗွီဒီယိုမှာ ဖော်ပြထားတာကလည်း ပိုစ့်မှာ ရေးသားထားသလို လူနှစ်ယောက် ကားမောင်းလာတာကို တားကာ Mask ထုတ်ပေးပြီး ဝတ်ဆင်ခိုင်းကာ သတိလစ်သွားချိန်မှာ ပစ္စည်းတွေယူဆောင် ထွက်ပြေးသွားတာပဲ ဖြစ်ပါတယ်။ မှတ်ချက်ပေးထားတဲ့ ဗွီဒီယိုဖိုင်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သတ်ပြီး BOOM က ရှာဖွေရာမှာလည်း အပျော်သဘော ဖြန့်ဝေမှုတွေရှိသလို အထိတ်တလန့် ဖြစ်စေဘို့ ရည်ရွယ်ဖြန့်ဝေတာတွေကို တွေ့ခဲ့ရပါတယ်။





    Tags

    fakemaskTiktokCoronavirus fake news
    Read Full Article
    Claim :   အပျော်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို အသုံးပြုကာ လုပ်ကြံဇာတ်လမ်းဆင်ရေးသားပြီး အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ပြုလုပ်မှုကို BOOM က သတင်းဆန်းစစ်တင်ပြထားပါတယ်
    Claimed By :  ၤFacebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!