BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စွန်တစ်ကောင်ရဲ့...
သတင်းအတု

စွန်တစ်ကောင်ရဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် သွားလာခဲ့တဲ့ ခရီးရဲ့ မြေပုံဆိုတာ မဟုတ်ပါ

စွန်တစ်ကောင်က အမ္ဘာတဝှမ်းနေရာမြောက်များစွာကို သွားလာခဲ့တဲ့ GPS မှတ်တမ်းအနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ အချက်အလက်အမှားတွေပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Aug 2022 6:10 PM IST
  • စွန်တစ်ကောင်ရဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် သွားလာခဲ့တဲ့ ခရီးရဲ့ မြေပုံဆိုတာ မဟုတ်ပါ

    ကျောကုန်းပေါ်မှာ ဂြိုလ်တုတပ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် မှတ်တမ်းတင်ထားတဲ့ မြေပုံဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေပါဝင်နေတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဩဂုတ်လ ၁၀ ရက် ဝန်းကျင်မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'စွန်တကောင်ရဲ့ခရီး။ စွန်တစ်ကောင်ရဲ့ ကျော်ကုန်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က နောက်ယောင်ခံ မှတ်တမ်း တင်နိုင်တဲ့ ဂြိုလ်တုတစ်ခုကို ရုရှားနိုင်ငံမှာ တပ်ဆင်ခဲ့ရာ အခုအခါ အဆိုပါစွန်က ဆော်ဒီအာရေဗျ သူငယ်တောင်ကြားမှာ သေဆုံး သွားပြီ ဖြစ်ကြောင်း၊ ဒီစွန်ဟာ ရုရှားကနေ အာဖရိကမှာရှိတဲ့ ဆူဒန်လောက်အထိ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်ပြီး အကြိမ်ကြိမ် ပျံသန်းခဲ့ကြောင်း၊ ဒါပေမဲ့သူဟာ ဘယ်တော့မှ ပင်လယ်ကိုတော့ ဖြတ်ပြီးမပျံသန်းကြောင်း၊ သူ့ရဲ့တောင်ပံ အင်အား ပျံသန်းနိုင်စွမ်းအားကို ချင့်ချိန်ပြီး အန္တရာယ်ရှောင်ရှားကာ ပျံသန်းတဲ့သဘောဖြစ်ကြောင်း' တွေ ရေးသားကာ စွန်သေတစ်ကောင်ရဲ့ ပုံနဲ့ စွန်ပျံသန်းခဲ့တယ်ဆိုတဲ့ ခရီးမှတ်တမ်း မြေပုံတစ်ခုရဲ့ ပုံကို တွဲပြီး ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမှန်တကယ်တော့ ဒီအကြောင်းအရာဟာ ဘာသာပြန်အလွဲကနေ စတင်ကာ အချက်အလက်အမှားတွေ ဖြန့်ဝေနေကြတာပါ။ တကယ်က လင်းယုန်အကောင်နှစ်ဆယ်ရဲ့ တစ်နှစ်အတွင်းသွားလာတဲ့ ခရီးတွေကိုမှတ်တမ်းလုပ်ထားတဲ့ မြေပုံကို နှစ်ပေါင်းနှစ်ဆယ်အတွင်း သွားခဲ့တဲ့ လင်းယုန်တစ်ကောင်ရဲ့ ခရီးမှတ်တမ်းဆိုပြီး မှားယွင်း ဘာသာပြန်ရာကနေ စတင်ခဲ့တာပါ။

    ဒီအကြောင်းကို AFP သတင်းဌာနက သတင်းဆန်းစစ်ကာ ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာ ဖော်ပြထားပါတယ်။


    ဒီအချက်အလက်ဟာ မှားယွင်းနေကြောင်းကို ရုရှားက ငှက်အကြောင်းလေ့လာသူ Elena Schneider က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ သူ့ရဲ့ ဖေစ့်ဘွတ်ပြန်လည်ဖြေရှင်းထားပါတယ်။

    သူ့ရဲ့ ဖြေရှင်းချက်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ဒီလိုနည်းပညာတွေ သူတို့မှာ မရှိသေးကြောင်းနဲ့ တကယ်တော့ မြေပုံဟာ Dr.Katzner နဲ့ Dr. Bragin တို့ ဦးဆောင်တဲ့အဖွဲ့က အနောက်ကာဇက်စတန်မှာ လင်းယုန် အကောင် ၂၀ ကို လေ့လာဖို့ 2018 ခုနှစ်မှာ လွှတ်ခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။


    Schneider ရဲ့ ပြန်လည်ဖြေရှင်းထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။သတင်းဆန်းစစ်ချက်ထဲမှာ AFP က Schneider ရဲ့ ပိုစ့်ထဲမှာ ရည်ညွှန်းထားတဲ့ တောရိုင်းတိရိစ္ဆာန် ဇီဝဗေဒပညာရှင် Dr.Katzner ဆက်သွယ်ကာ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းထားတာကို ဖော်ပြထားပါတယ်။

    Dr.Katzner နဲ့ အဖွဲ့ဟာ အာရှအလယ်ပိုင်းမှ လင်းယုန်ငှက်တွေရဲ့ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းနှင့် အပြုအမူတွေကို GPS တွေ တပ်ဆင်ကာ လေ့လာခဲ့ကြကြောင်းနဲ့ ဒီမြေပုံဟာ ကာဇက်စတန်က လင်းယုန်အကောင် ၂၀ ရဲ့ ဆယ်လတာ လှုပ်ရှားသွားလာမှု လမ်းကြောင်းဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

    Dr.Katzner ဟာ သူ့ရဲ့ သူငယ်ချင်းအချို့ကို ဒီငှက်တွေရဲ့ ဓါတ်ပုံတွေနဲ့ မြေပုံတွေ ပို့ပြီး လင်းယုန်အကောင်နှစ်ဆယ်ရဲ့ တစ်နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်ပုံလမ်းကြောင်းလို့ ပြောဆိုခဲ့တာကို ဘာသာပြန်လွဲမှားကာ 'လင်းယုန်တစ်ကောင်ရဲ့ နှစ် ၂၀ ခရီးမှတ်တမ်း' လို့ ရေးသားဖြန့်ဝေလာတာ ဖြစ်တယ်လို့ သူက ရှင်းပြထားပါတယ်။

    AFP သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက် မူရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    လင်းယုန်တစ်ကောင်ရဲ့ နှစ် ၂၀လင်းယုန်အကောင်နှစ်ဆယ်စွန်တကောင်ရဲ့ခရီးဆော်ဒီအာရေဗျ သူငယ်တောင်ကြားmisleadingan eagle with a GPS tracker20 juvenile Steppe Eagles
    Read Full Article
    Claim :   စွန်တစ်ကောင်ရဲ့ ကျော်ကုန်းပေါ်မှာ ဂြိုလ်တုတပ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် မှတ်တမ်းတင်ထားတဲ့ မြေပုံဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!