BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည်...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တော့မယ်လို့ ဖြန့်ဝေနေတဲ့ သတင်းမှား

      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာတော့မှာဖြစ်ကြောင်း ရှေ့နေကြီးကိုယ်တိုင် ပြောတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  20 July 2021 4:00 PM IST
    • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တော့မယ်လို့ ဖြန့်ဝေနေတဲ့ သတင်းမှား

      ဇူလိုင်လ ၁၄ ရက်နေ့က စတင်ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာကို ပြန်လည်ဖြန့်ဝေသူ သောင်းကျော်ရှိနေပါတယ်။ OK Media၊ Messi 10 စတဲ့ ဘလော့ဂ်ဆိုက်တွေက တင်ထားတဲ့ ဆယ်မိနစ်ကျော်ရှိတဲ့ ရုပ်သံဖိုင်မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ တကသ ကျောင်းသားဟောင်းများ အင်အားစု ခေါင်းဆောင် ကိုနန်းလင်းနဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုခင်မော် တို့ ပြောထားတဲ့ အသံဖိုင်တွေကို စာပုံနဲ့ ပြန်လည်ပြင်ဆင်ပြီး သတင်းလုပ်ထားတာဖြစ်ပါတယ်။

      သတင်းခေါင်းစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည် မကြာခင် လွတ်မြောက်တော့မည်ဖြစ်ကြောင်း ရှေ့နေကြီးကိုယ်တိုင်ပြောပြီ"လို့ ရေးသားဖြန့်ဝေနေတာပါ။

      ရုပ်သံဖိုင်မှာ အထက်က ပုဂ္ဂိုလ်သုံးဦးပြောဆိုထားတဲ့ အသံဖိုင်တွေကို စာတမ်းထိုးပြသထားပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောဆိုထားတာက "အခု ဒေါ်စုကို စွဲထားတဲ့အမှုတွေက သေသေချာချာသာ ခုခံရမယ်ဆိုရင် အားလုံးလွတ်သွားမှာ။ ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ နိုင်ငံသားများဆိုင်ရာ လွတ်လပ်ခွင့်ဥပဒေ အဲဒါတွေနဲ့ ကြည့်ရင် ဒေါ်စုကို တရားစွဲလို့မရဘူး။ စွဲရမှာ သူတို့ကို ပြန်စွဲရမှာ။ သက်သေ ၂ ယောက်မပါဘဲ ဝင်စစ်တယ်၊ လိုက်လံထောက်လှမ်းတယ် နိုင်ငံသားတွေကို အခွင့်မရှိဘဲနဲ့၊ ၂၄ နာရီထက်ပိုချုပ်တယ် တရားရုံး မတင်ဘူး၊ ရှာဖွေဝရမ်းတွေ၊ ဖမ်းဝရမ်းတွေ ၊ ရှာဖွေပုံစံတွေ- နိုင်ငံသားများအခွင့်အရေး ဥပဒေနဲ့အရ အဲဒါတွေနဲ့ အညီ လုပ်ရမယ်လို့ ပြဌာန်းထားတာ။ ဒေါ်စု တို့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းတဲ့အချိန်က အဲဒီဥပဒေက တည်ဆဲဖြစ်သေးတယ်။ အဲဒီ တည်ဆဲဥပဒေအရ ဆိုရင် သူတို့က တရားခံတွေဖြစ်ပြီးတော့ ဒေါ်စုတို့က ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးခံရတာ တရားစွဲခံရတာ။ သူတို့သည် တရားဥပဒေအရ လွှတ်ပေးရမယ်။" လို့ ပြောကြားချက်တွေအပြင် ကိုနန်းလင်းနဲ့ ကိုခင်မော်တို့ ရဲ့ ပြောကြားချက်တွေလည်း ပါဝင်ပါတယ်။

      ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီပြောကြားချက်တွေနဲ့ ပါတ်သတ်ပြီး သတင်းဆန်းစစ်ကြည့်ရာမှာတော့ ဒီထဲကအသံဖိုင်တွေဟာ RFA Burmese ရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ "ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုက တရားခံဖြစ်နေဟု ရှေ့နေ ဦးကြီးမြင့် ပြော" ဆိုတဲ့ သတင်းက အသံဖိုင်တွေကို ပြန်လည်ပြုပြင်ပြီး ရုပ်သံဖိုင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။

      ခေါင်းစဉ်မှာ လူတွေစိတ်ဝင်စားဖို့ "ဒေါ်အောင်ဆန်းစုကြည် မကြာခင် လွတ်မြောက်တော့မည်ဖြစ်ကြောင်း ရှေ့နေကြီး ကိုယ်တိုင်ပြောပြီ" ဆိုပြီး ရေးသားဖြန့်ဝေနေတာ ဖြစ်ပေမယ့် သတင်းတစ်ပုဒ်လုံးကို သေသေချာချာ နားထောင်ကြည့်ရင် လွဲမှားနေတယ်ဆိုတာ သိရမှာပါ။


      တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ပြောဆိုထားတဲ့ အပေါ်မှာ ပြသထားတဲ့ စာပိုဒ်ကိုကြည့်ရင် တရားဥပဒေအရသာ ပြောဆိုထားတာဖြစ်ပြီး လွှတ်ပေးရမယ်လို့ တောင်းဆိုထားချက်သာဖြစ်ပါတယ်။ လွတ်မယ်လို့ ပြောကြားထားတာ မတွေ့ရပါဘူး။

      သတင်းရဲ့ အောက်ဆုံးမှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ဆက်လက်ပြောထားတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယခင်စစ်အစိုးရလက်ထက်မှာလည်း အကြိမ်ကြိမ် မတရားအဖမ်းခံခဲ့ရပြီး အခုအကြိမ်လည်း ထပ်မံထောင်ကျဦးမယ်လို့ ပြောဆိုထားပါတယ်။


      မြန်မာပြည်ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဟာ စစ်ကောင်စီလက်အောက်မှာ လုံးဝပျက်သုန်းနေပြီဖြစ်ကြောင်းနဲ့ စစ်တပ်သြဇာခံတရားရုံးတွေက ဥပဒေမဲ့ အပြစ်ပေးတာပဲဖြစ်တယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစု ခေါင်းဆောင် ကိုနန်းလင်းနဲ့ ၁၉၇၅ ရွှေတိဂုံကျောင်းသား လှုပ်ရှားမှုနဲ့ ဖမ်းဆီးအပြစ်ပေးခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုခင်မော်တို့က ပြောထားပါတယ်။


      RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေအရ ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာတော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီလက်အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဥပဒေနဲ့အညီ လို့ဆိုတာထက် စစ်ကောင်စီရဲ့ အမိန့်အောက်မှာသာ ရှိနေတဲ့အတွက် လွတ်လပ်မှု မရှိပဲ ကျဆုံးနေပြီဖြစ်တယ်လို့ သတင်းမှာလည်း ဖော်ပြထားပါတယ်။

      Tags

      Fake videoMilitary CoupDaw Aung San Suu Kyiအဂတိလိုက်စားမှုတရားစီရင်ရေး
      Read Full Article
      Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာတော့မှာဖြစ်ကြောင်း ရှေ့နေကြီးကိုယ်တိုင် ပြောတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!