BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • COVID-19 အလွန်ကာလ ဂျပန်ခရီးသွားတွေ...
သတင်းအတု

COVID-19 အလွန်ကာလ ဂျပန်ခရီးသွားတွေ စရိတ်တဝက် သက်သာမှာလား

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကာလကြီး ပြီးဆုံးသွားပါက ဂျပန်နိုင်ငံမှာ ခရီးသွားတဲ့စရိတ်ကို ဂျပန်အစိုးရက တဝက်အထိ အကုန်အကျခံပေးမယ်ဆိုပြီး ရှင်းလင်းတိကျမှုမရှိတဲ့၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ ရေးသားဖြန့်ဝေမှုတွေကို နိုင်ငံတကာက အချို့သော သတင်းမီဒီယာများနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တွေ့လာရတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  5 Jun 2020 4:56 PM IST
  • COVID-19 အလွန်ကာလ ဂျပန်ခရီးသွားတွေ စရိတ်တဝက် သက်သာမှာလား

    ဒီသတင်းရဲ့အမှန်က ဂျပန်အစိုးရအနေနဲ့ သူ့နိုင်ငံရဲ့ ပြည်တွင်းခရီးသွား ကဏ္ဍပြန်လည်ဦးမော့လာစေဘို့ Go to Travel ကမ်ပိန်းအစီအစဉ်တစ်ခုအနေနဲ့ ပြုလုပ်တာသာဖြစ်ပြီး ဒါက နိုင်ငံခြားသားခရီးသွားတွေအတွက် အကျုံးဝင်မှုမရှိပါဘူး။ ရှင်းလင်းစွာပြောရလျှင် နိုင်ငံခြားသားခရီးသွားတွေကို စရိတ်ကျခံပေးမှာ မဟုတ်ပါဘူး။

    ဒါကို ပြည်တွင်းက follower ငါးသိန်းနီးပါးရှိတဲ့ Nu Myat around the World ဆိုတဲ့ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့ Page ကလည်း ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အရေးအသားမျိုးနဲ့ မေလ ၂၇ ရက်နေ့ ညနေ ငါးနာရီခွဲ ဝန်းကျင်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီလိုရေးသားဖြန့်ဝေရာမှာ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အရေးအသားမျိုးသုံးကာ ရေးသားဖြန့်ဝေခဲ့ပြီး Like အရေအတွက်များပြားကာ ထပ်ဆင့်ဖြန့်ဝေသူတွေ သောင်းကျော်ချိန်ရောက်မှ သူ့ရဲ့ ပိုစ့်ကို ပြန်လည်ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

    အောက်ဖော်ပြပါပုံကိုကြည့်ရင် ပြင်ဆင်ခြင်းမပြုမီ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အရေးအသားမျိုးအသုံးပြု ဖြန့်ဝေခဲ့တာကို တွေ့ရမှာပါ။


    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ပိုစ့်တင်ပြီး တစ်ရက်အကြာမှ ပြန်လည်ပြင်ဆင်ကြောင်းကို ပို့စ်အောက်မှာ မှတ်ချက်အနေနဲ့ ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။ အောက်ဖေါ်ပြပါ ပုံကို ကြည့်နိုင်ပါတယ်။


    သူ့ရဲ့ ပိုစ့်ကို စတင်ရေးသားရာမှာ ပထမဆုံး "ကိုဗစ်ပြီးရင် ဂျပန်မှာ ခရီးသွားတဲ့စရိတ်ကို ဂျပန်အစိုးရက စရိတ်တဝက်အထိ အကုန်အကျခံပေးမတဲ့ 😲၊ တစ်နေ့ကို တည်းခိုစရိတ် အများဆုံး ယမ်း ၂၀၀၀၀ (မြန်မာငွေ ၂သိန်း ၇သောင်း) အထိ အကုန်အကျခံပေးမယ်…🥰 စားသောက်ဆိုင်တွေမှာစားဖို့ လက်ဆောင်ပစ္စည်းဝယ်ဖို့ ကူပွန်တွေပေးမယ်လို့ ဒီနေ့ပဲကြေငြာသွားတယ် 🥰" တယ်ဆိုပြီးရေးသားထားကိုကြည့်ရင် ကပ်ရောဂါပြီးကာလမှာ ဂျပန်ကို သွားလည်တဲ့ မည်သူမဆို စရိတ်တဝက်သက်သာမယ် ဆိုတဲ့ အထင်မျိုးရောက်အောင် ရေးသားခဲ့တာပါ။

    ပိုစ့်အောက်က မှတ်ချက်ရေးသားသူတွေနဲ့ အပြန်အလှန်ပြောစကားတွေအရ ဒီပိုစ့်ကို ရေးသားရာမှာ Sakura Diary by NannSu ဆိုတဲ့ ဂျပန်နိုင်ငံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရေးသားတဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ မေလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီ ခန့်က တင်ခဲ့တဲ့ ရေးသားမှုကို ကူးယူပြီး လိုသလိုပြင်ဆင်ကာ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ကြောင်း တွေ့ရမှာပါ။ မူရင်းပို့စ်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အောက်ဖော်ပြပါ ပုံကတော့ သူ့ရဲ့ပိုစ့်အောက်မှာ သတင်းအမှားကိုထောက်ပြပြီး အပြန်အလှန်ပြေားထားတဲ့ မှတ်ချက်တွေ ဖြစ်ပြီး ဒါကိုကြည့်ရင် ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ်ရေးသားထားတယ်ဆိုတာ တွေ့ရမှာပါ။


    Sakura Diary by NannSu ဆိုတဲ့ ဖေစ့်ဘွတ်စာမျက်နှာက ရေးသားဖြန့်ဝေမှုကို ကြည့်ရင် စာဖတ်သူတွေကို ရှင်းလင်းတိကျတဲ့ သတင်းစကားပေးထားတာဖြစ်ပြီး မည်သူမဆို နာလည်နိုင်တဲ့ ရေးသားမှုမျိုးနဲ့ ဖြန့်ဝေထားတာကို တွေ့ရမှာပါ။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    ဒီသတင်းကို သတင်းအမှား၊ သတင်းတုတွေ မကြာခန ဖော်ပြလေ့ရှိတဲ့ အိန္ဒိယအခြေစိုက် News 18 ဆိုတဲ့ သတင်းဌာနကလည်း ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရေးအသားတွေနဲ့ မေလ ၂၄ ရက်နေ့က ဖော်ပြခဲ့ပါသေးတယ်။ ဒီလိုဖော်ပြရာမှာ "ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပြီး သင့်ရဲ့ခရီးစဉ်အတွက် ဂျပန်အစိုးရက စရိတ်တဝက်ကျခံပေးလိမ့်မယ်" လို့ရေးသားထားပြီး "ဂျပန်အစိုးရအနေနဲ့ ငွကြေးပြန်လည်ပေးဆပ်မှု အစီအစဉ်သစ်အတွက်ဒေါ်လာ ၁၂.၅ ဘီလီယံခွဲဝေချထားပေးရန် စီစဉ်ထားကြောင်း ဂျန်ပန်ခရီးသွားအေဂျင်စီအကြီးအကဲ Hiroshi Tabata က ပြောကြား" ဆိုပြီး ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ မူရင်းဖော်ပြချက်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို BOOM အနေနဲ့ သတင်းဆန်းစစ်မှု ပြုရာမှာ ဂျပန်နိုင်ငံအခြေစိုက် Kyodo သတင်းဌာနက မေလ ၂၆ ရက်နေ့က ဖော်ပြထားကြောင်းတွေ့ရပါတယ်။ သတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။ ဒါပေမဲ့ Kyodo သတင်းဌာနရဲ့ ရေးသားမှုထဲမှာ ဒီအစီအစဉ်က ပြည်ပခရီးသွားတွေ၊ နိုင်ငံခြားသားခရီးသွားတွေအတွက် အကျုံးဝင်တယ် မဝင်ဘူးဆိုတာ တိတိကျကျ မသိရှိရတဲ့ အတွက် ထပ်မံဆန်းစစ်ချက် လုပ်ခဲ့ပါတယ်။

    ဒီလိုပြုလုပ်ရာမှာ ဂျပန်ခရီးသွား အေဂျင်စီ Japan Tourism Agency က မေလ ၂၇ ရက်နေ့က တွစ်တာပေါ်မှာ ကြောငြာခဲ့တာက ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကာလကြီး ပြီးဆုံးချိန် ဂျပန်အစိုးရကပေးမဲ့ အစီအစဉ်က ပြည်တွင်း ဂျပန်နိုင်ငံမှာ ခရီးသွားတဲ့စရိတ်ကို ဂျပန်အစိုးရက ပြည်တွင်းခရီးသွားလာသူများကိုသာ ပေးသွားမယ်လို့ ရေးသား ထားပါတယ်။ မူရင်းကြေငြာချက်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။



    Tags

    coronavirusJapanese GovernmentTourismpromoteGo to Travelfake news
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!