BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မျောက်ကျောက်ရောဂါ စစ်ဆေးဖို့...
      သတင်းအတု

      မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ စီတန်းနေတဲ့ လူတန်းကြီး မဟုတ်ပါ

      အမေရိကန်ပြည်ထောင်စု နီဘရားစကားပြည်နယ် အိုမဟာမြို့က မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ တန်းစီနေတဲ့ လူတန်းကြီးဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Aug 2024 7:28 AM IST
    • မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ စီတန်းနေတဲ့ လူတန်းကြီး မဟုတ်ပါ

      ဒီအကြောင်းအရာကို ဩဂုတ်လ ၁၈ ရက်နေ့က စတင်ပြီး Thread၊ ဖေစ့်ဘွတ် နဲ့ X ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေ ကြတာပါ။

      ဖြန့်ဝေရာမှာ နီဘရားစကားပြည်နယ် အိုမဟာမြို့က မျောက်ကျောက်ရောဂါစစ်ဆေးဖို့ တန်းစီနေတဲ့ လူတန်းကြီးလို့ အဓိပ္ပါယ်ရတဲ့ ‘Huge lines to get tested for monkeypox in Omaha, Nebraska’ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုကလစ်ဟာ John Jankovich ဆိုသူက သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ ဩဂုတ်လ ၁၈ ရက်နေ့က ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ စောင့်နေတဲ့ လူတန်းကြီးဆိုပြီး ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      မူရင်းဗီဒီယိုဖိုင်ဟာ ဒီမိုကရက်တစ်ပါတီ ဒုတိယသမ္မတလောင်း Tim Walz ပါဝင်တဲ့ မဲဆွယ်ပွဲတစ်ခုမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

      ဒီအကြောင်းကို မူရင်းဗီဒီယို ပိုစ့်ပိုင်ရှင်က နောက်ပိုင်းမှာ ပြန်လည်ဖြေရှင်းထားပါတယ်။

      အင်တာနက်ပေါ်မှာ ပြန့်နှံ့နေတဲ့ အိုမာဟာက မျောက်ကျော်ရောဂါ စီတန်းတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေဟာ သတင်းအမှားတွေ ဖြစ်ကြောင်း၊ ဒီဗီဒီယိုဖိုင်ကို ဩဂုတ်လ ၁၇ ရက်နေ့က La Vista City Centre မှာ Tim Walz ပွဲကို သွားဖို့ တန်းစီနေတုန်း သူကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

      အောက်ပါ ပုံမှာ သူ့ရဲ့ မူရင်းပိုစ့်နဲ့ ပြန်လည်ဖြေရှင်းထားတဲ့ ပိုစ့်တွေကို ကြည့်ရှု့နိုင်ပါတယ်။


      John Jankovich ရဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒီအကြောင်းအရာကို AFP သတင်းဌာနနဲ့ USA Today သတင်းဌာနတွေကလည်း သတင်းဆန်းစစ်ထားပါတယ်။

      ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      မျောက်ကျောက်ရောဂါmonkeypoxFakenewsMpoxကူးဆက်ရောဂါ
      Read Full Article
      Claim :   အမေရိကန် အိုမဟာမြို့က မျောက်ကျောက်ရောဂါ စစ်ဆေးဖို့ တန်းစီနေတဲ့ လူတန်းကြီးလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!