BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကင်းမရွာဖြစ်စဉ်မှာ နဲ့ပတ်သက်တဲ့...
သတင်းအတု

ကင်းမရွာဖြစ်စဉ်မှာ နဲ့ပတ်သက်တဲ့ ဓါတ်ပုံ ဗီဒီယိုအမှားတွေဖြန့်ဝေ

ကင်းမရွာမီးလောင်မှုဖြစ်စဉ်နဲ့အတူ အဖြစ်မှန်နဲ့သွေဖည်နေတဲ့ဓါတ်ပုံဟောင်းတွေလူမှုကွန်ရက်မှာပျံ့နှံ့နေပြီး ရဲတပ်သားတွေက ရွာသားတွေကို ကယ်တင်ခဲ့သယောင် ဓါတ်ပုံအဟောင်းတွေနဲ့ ဝါဒဖြန့်တဲ့သတင်းတွေလည်းလူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  22 Jun 2021 7:31 AM IST
  • ကင်းမရွာဖြစ်စဉ်မှာ နဲ့ပတ်သက်တဲ့ ဓါတ်ပုံ ဗီဒီယိုအမှားတွေဖြန့်ဝေ

    ဇွန်လ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်မြို့နယ်ရှိ ကင်းမရွာမီးလောင်မှုကြောင့် ရွာရဲ့ သုံးပုံနှစ်ပုံလောက် မီးလောင်ပြာကျခဲ့ရပြီးထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို တချို့မီးလောင်သေဆုံးခဲ့ပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ဇွန်လ ၁၆ ရက်နေ့က ဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာကင်းမရွာမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်အကြမ်းဖက်သူတွေက ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဖော်ပြခဲ့ပါတယ်။

    ဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် စစ်တပ်ထောက်ခံသူတွေက ဖြစ်စဉ်နဲ့မသက်ဆိုင်တဲ့ ဓါတ်ပုံအဟောင်းတွေ၊ ဗွီဒီယိုဖိုင်အတုကို အသုံးပြုပြီး မီးရှို့ခဲ့သူတွေဟာ ရွာသားတွေသာဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်အချို့က သက်ကြီးရွယ်အိုတွေကို မီးဘေးက ကယ်တင်ခဲ့သယောင် လုပ်ကြံရေးသားဖြန့်ဝေနေတာပါ။

    ရေးသားမှုတွေထဲမှာ "ကင်းမရွာက စကားပြောသော ဓာတ်ပုံ။ ရဲတပ်သား တစ်ဦး အမေအိုတစ်ယောက်ကို မီးဘေးနဲ့ အကြမ်းဖက်သမားတွေဘေးကနေချီပြီး သယ်ထုတ်လာနေတဲ့ပုံ။ ဘယ်သူတွေက မီးရှို့ဖျက်ဆီးပြီး ဘယ်သူတွေက ကာကွယ်၊ကယ်တင်ခဲ့ရတယ်ဆိုတာ ထမင်းစားပြီးကြီးလာရင် တွေးတတ်ပါတယ်။" ဆိုပြီး ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။အချို့က "ကင်းမရွာ ဖြစ်စဉ်" ဆိုပြီး ဗွီဒီယိုဖိုင်တွေအသုံးပြု ဖြန့်ဝေနေတာတွေလည်း ရှိပါတယ်။


    သတင်းဆန်းစစ်ချက်

    ကင်းမရွာ မီးရှို့တိုက်ခိုက်ခဲ့သူတွေဟာ စစ်တပ်သာဖြစ်ပြီး စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်နေတဲ့သတင်းတွေဟာ အလိမ်အညာတွေသာဖြစ်တဲ့အကြောင်း ကင်းမရွာသားတွေက ပြန်လည်ပြောကြားထားတယ်လို့ DVB၊ RFA၊ ခေတ်သစ်မီဒီယာ စတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် လက်ရှိဖြန့်ဝေနေတဲ့ ပုံတွေနဲ့ ရုပ်သံဖိုင်တွေဟာလည်း စစ်တပ်ထောက်ခံသူများရဲ့ လိမ်လည်ဝါဒဖြန့်ဝေနေမှုသာဖြစ်ပြီး ကင်းမရွာက ဖြစ်စဉ်တွေမဟုတ်ကြောင်း ဖော်ပြထားပါတယ်။


    သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကင်းမရွာ မီးရှို့တိုက်ခိုက်ခဲ့တဲ့အပေါ် အပြင်းအထန် ရှုတ်ချကြောင်း ဇွန်လ ၇ ရက်နေ့က ကြေညာရာမှာ နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုများ မလုပ်ဆောင်ရန် ထပ်ခါတလဲလဲ တိုက်တွန်းနေသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏တပ်များသည် ယင်းတိုက်တွန်းချက်များအား လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက်မှုများ ဆက်တိုက် ကျူးလွန်ခြင်းနေကြောင်း နဲ့ စစ်တပ်ကို အရေးယူနိုင်ဖို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပက်သတ်တဲ့ သက်သေတွေကို ဒေသအဆင့်၊ နိုင်ငံတော်အဆင့်နဲ့ နိုင်ငံတကာအဆင့် သက်ဆိုင်သူတွေအနေနဲ့ ဆက်လက်မှတ်တမ်းတင်ထားဖို့ကိုလည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ဗြိတိသျှသံရုံးတွေကလည်း ကင်းမရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘာသာတရားတွေ အားလုံးအပေါ် စစ်တပ်က ယခင်ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ တသမတ်တည်းဖြစ်နေပြီး စစ်တပ်ဟာ လူ့အသက်ကို လုံးဝဂရုမစိုက်ဘူးဆိုတာကို ဆက်လက်ပြသနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။


    ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် စစ်တပ်ထောက်ခံသူအများစု ဖြန့်‌ဝေနေတဲ့ ကင်းမရွာဖြစ်စဉ် ဆိုတဲ့ ပုံတွေနဲ့ ရုပ်သံဖိုင်တွေဟာ လုပ်ကြံဖြန့်ဝေနေတာသာ ဖြစ်ပြီး အလားတူဖြစ်စဉ်သတင်းတွေကို တွေရှိပါက ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရန် အကြံပြုပါသည်။

    Tags

    ကင်းမရွာမီးရှို့မှုKinma village caseOld imagesFalse imagesFake videoMilitary Coupစစ်ကောင်စီစစ်တပ်ထောက်ခံသူ
    Read Full Article
    Claim :   ကင်းမရွာမီးရှို့ခံရမှု ဖြစ်စဉ်မှာ ရဲတပ်သားတွေက ရွာသားတွေကို ကယ်တင်ခဲ့သယောင် ဓါတ်ပုံအဟောင်းတွေသုံးပြီး လူမှုမီဒီယာတွေပေါ်မှာ လိမ်ညာဝါဒဖြန့်နေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!