BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံမှာ...
သတင်းအတု

မြန်မာနိုင်ငံမှာ နောက်ဆုံးဗီဇပြောင်းပိုးနဲ့ ကိုဗစ်စတုတ္ထလှိုင်းတကယ်ကြုံနေသလား

မြန်မာနိုင်ငံမှာ နောက်ဆုံးတွေ့ရှိတဲ့ ကိုဗစ်ရောဂါ ဗီဇပြောင်းပိုး ရောက်ရှိနေပြီး ကိုဗစ်စတုထ္ထလှိုင်း စတင်ကူးစက်နေပြီဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  7 Sept 2021 6:58 PM IST
  • မြန်မာနိုင်ငံမှာ နောက်ဆုံးဗီဇပြောင်းပိုးနဲ့ ကိုဗစ်စတုတ္ထလှိုင်းတကယ်ကြုံနေသလား

    ဒီအကြောင်းအရာကို သြဂုတ်လ အစောပိုင်းမှာ စတင်ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

    ဒီလိုဖြန့်ဝေရာမှာ "မည်သည့်လက္ခဏာမှ မပြသော နောက်ဆုံးဗီဇပြောင်း ကိုဗစ်စတုထ္ထလှိုင်း စတင်ကူးစက်နေပါပြီ" ဆိုပြီး ရေးသားဖြန့်ဝေနေသလို အချို့က ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားခြင်း မရှိတဲ့ ကိုဗစ်ရောဂါဖြစ်ပွားစဉ် ကုသနည်းတွေနဲ့ တွဲပြီး ဖြန့်ဝေနေတာပါ။

    ဒီအကြောင်းအရာကို ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နောက်ပိုင်းမှာ ပိုမိုဖြန့်ဝေလာကြတာ တွေ့ရပါတယ်။

    ဒါ့အပြင် "မြူ" လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို စောင့်ကြည့် လေ့လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ဒီဗိုင်းရပ်စ်မျိုးကွဲအသစ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ ပိုမိုယုံကြည်နေကြတာလည်း ဖြစ်ပါတယ်။

    ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Variant of concern (VOC) ဆိုတဲ့ အထူးဂရုစိုက် ကာကွယ်ရမယ့် ဗီဇပြောင်းပိုး လေးမျိုးရှိတဲ့အထဲက မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ ဗီဇပြောင်းပိုးတွေက အယ်လ်ဖာ၊ ဘီတာ နဲ့ ဒယ်လ်တာ ဖြစ်ကြောင်း၊ နောက်ဆုံးတွေ့ရှိထားတဲ့ ဗီဇပြောင်းပိုး "မြူ" ဟာ (VOC) အဆင့် မရောက်သေးတဲ့ Variant of Interest ဆိုတဲ့ ဂရုပြုစောင့်ကြည့်ရမယ့် ဗီဇပြောင်းပိုး ငါးမျိုးထဲက နောက်ဆုံးတွေ့ရှိထားတာသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို မရောက်ရှိကြောင်းနဲ့ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးရဲ့ ဖြေရှင်းထားမှုကို MRTV သတင်းဌာနမှာ စက်တင်ဘာလ ၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ မှာ ကြေညာခဲ့တဲ့ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦး ရှိတယ်လို့ ဆိုရာမှာ မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဒယ်လ်တာ သာဖြစ်တယ်လို့ ပြောထားပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဂရုပြုစောင့်ကြည့်ရမယ့် Variant of Interest ဗီဇပြောင်းပိုး ငါးမျိုးထဲက နောက်ဆုံးဖြစ်လာတဲ့ "မြူ" ကို ကိုလံဘီယာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မှာ ပထမဆုံးတွေ့ရှိတာ ဖြစ်ပါတယ်။သြဂုတ်လ ၂၉ ရက်နေ့အထိ ကမ္ဘာတစ်ဝန်းက ပေးပို့ထားတဲ့ အချက်အလက်တွေအရ ဗီဇပြောင်းပိုး "မြူ" နဲ့ ပါတ်သတ်တဲ့ ဖြစ်ပွားမှု ၄၅၀၀ ခုရှိပြီး ထက်ဝက်ကျော်မှာ အမေရိကန်တွင်ဖြစ်ပွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Mu vatiVariant of Interest (VOI)Muthe Mu variantဗီဇပြောင်းပိုးကိုဗစ်စတုထ္ထလှိုင်းcovid19Fakenews
    Read Full Article
    Claim :   မြန်မာနိုင်ငံမှာ နောက်ဆုံးတွေ့ရှိတဲ့ ကိုဗစ်ရောဂါ ဗီဇပြောင်းပိုး ရောက်ရှိနေပြီး ကိုဗစ်စတုထ္ထလှိုင်း စတင်ကူးစက်နေပြီဆိုတဲ့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!