BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Wave Money...
သတင်းအတု

Wave Money အကောင့်တွေမလုံခြုံတော့ဘူးဆိုတဲ့ သတင်းအမှား

တယ်လီနောမြန်မာအား စစ်ကောင်စီနဲ့ နီးစပ်တဲ့ M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွါသွားတဲ့အတွက် အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ Wave Money မှာ ဖွင့်ထားတဲ့ အကောင့်တွေ လုံခြုံမှုမရှိနိုင်တော့ကြောင်း လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေနေကြပါတယ်။

By - Boom Live Myanmar |
Published -  10 July 2021 9:55 AM IST
  • Wave Money အကောင့်တွေမလုံခြုံတော့ဘူးဆိုတဲ့ သတင်းအမှား

    နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေး လုပ်ငန်းစုအနေနဲ့ တယ်လီနော် မြန်မာကုမ္ပဏီကို လက်ဘနွန်အခြေစိုက် M1 ဆက်သွယ်ရေးကုမ္ပဏီကြီးထံ ရောင်းချလိုက်တယ်လို့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သူနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ Wave Money နဲ့ ပါတ်သတ်တဲ့ စိုးရိမ်စရာသတင်းတွေ ထွက်ပေါ်လာတာပါ။

    ဒီလိုသတင်းတွေထဲမှာသတင်းမှားတွေလည်းပါဝင်နေပြီး တယ်လီနောမြန်မာကိုရောင်းချလိုက်တာကြောင့် Wave Money အကောင့်တွေမလုံခြုံတော့ဘူးဆိုတဲ့ရေးသားမှုတွေလည်းရှိခဲ့ပါတယ်။

    ဖြန့်ဝေမှုများတဲ့ပို့စ်တစ်ခုမှာတော့ အခုလိုရေးသားထားပါတယ်။

    "တယ်လီနော် ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားရခြင်းမှာ စစ်ကောင်စီက spyware တွေ တပ်ခိုင်းတာ ဖြစ်နိုင်ကြောင်း၊ spyware ကိစ္စ သေချာနေပါက မကြာခင် privacy ဆိုတာရှိမှာ မဟုတ်တော့ကြောင်း၊ facebook အကောင့် hack ချင်ရင်တောင် sms ကြားဖြတ်ယူပြီး hack နိုင်ကြောင်း၊ Otp တောင်းပြီး ဝင်ကြည့်နေရုံသာဖြစ်ကြောင်းနဲ့ Otp ဆိုရာမှာ wave money လို mobile banking အကောင့်တွေပါ အန္တရာယ် ရှိကုန်မှာဖြစ်တဲ့အတွက် လူတွေကို security/privacy နဲ့ ပတ်သက်ပြီး သေချာပညာပေးရမဲ့တာဝန်တခုတော့ ရှိနေပြီ။" လို့ ရေးသားဖြန့်ဝေနေတာပါ။ ဖြန့်ဝေရေးသားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    M1 လုပ်ငန်းဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် မီကာတီနဲ့ ညီအကိုတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်ပြီး မြန်မာ့စစ်တပ်နဲ့ လည်း နီးစပ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ခုလို စိုးရိမ်တဲ့ ရေးသားဖြန့်ဝေမှုတွေ ထွက်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

    Burma Campaign UK ၏ The Dirty List စာရင်းအရ M1 လုပ်ငန်းစုဟာ မြန်မာစစ်တပ် ရှယ်ယာဝင် Mytel အတွက် မိုဘိုင်းလ်ဖုန်းတာဝါတိုင်တွေ တည်ဆောက်ပေးနေတဲ့ Irrawaddy Green Towers ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်လည်း ဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    wave money ရဲ့ mobile banking အကောင့်တွေ လုံခြုံရေးအန္တရယ်ရှိနေပြီဆိုတာနဲ့ ပါတ်သတ်ပြီး Wave Money က ဇူလိုင်လ ၈ ရက်နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။


    ထုတ်ပြန်ချက်ထဲမှာ Wave Money ဟာ တယ်လီနောမြန်မာနဲ့ သီးခြားရပ်တည်လျက်ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Telenor Group မှာ အစုရှယ်ယာဝင်လုပ်ငန်းစု တစ်ခုဖြစ်ပေမယ့် လုပ်ငန်းတွေသည် သီးခြား ရပ်တည် လည်ပတ်လျက်ရှိကြောင်း၊ တယ်လီနောမြန်မာကို လုပ်ငန်းပိုင်ရှင်အသစ်ထံ လွှဲပြောင်း ရောင်းချခြင်းဟာ Wave Money နဲ့ တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း၊ Wave Money အနေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေမှာလည်း ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ခိုင်မြဲသွားမှာ ဖြစ်ကြောင်း ရေးသားဖော်ပြထာပါတယ်။

    ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Wave Money သည် မြန်မာနိုင်ငံအနှံ့မှာ အေးဂျင့်ပေါင်း ၆၈၀၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး Telenor၊ Yoma Bank နဲ့ Yoma Strategic Holding တို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည်။

    Tags

    TelecomMilitary CoupForeign Investmentforeign investors in MyanmarMyanmar military governmentspywareWave Money Account
    Read Full Article
    Claim :   တယ်လီနော လုပ်ငန်းစုမှ တယ်လီနောမြန်မာအား စစ်ကောင်စီနဲ့ နီးစပ်တဲ့ M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွါသွားတဲ့အတွက် အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ Wave Money မှာ ဖွင့်ထားတဲ့ အကောင့်တွေ လုံခြုံမှုမရှိနိုင်တော့ကြောင်း လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!