BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အချိုမှုန့်စားသုံးခြင်းက...
သတင်းအတု

အချိုမှုန့်စားသုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလား

မြန်မာနိုင်ငံမှာ အစားအသောက်အများစု ချက်ပြုတ်ရာမှာ အချိုမှုန့်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်ဆိုပေမယ့် အချိုမှုန့် လျှော့စားဖို့၊ ရှောင်ကျဉ်ဖို့ကို တိုက်တွန်းနေတာတွေလည်း ရှိတဲ့အတွက် ဒီအရသာမှုန့်ဟာ သုံးစွဲသူတွေအတွက် တကယ်ရော အန္တရာယ်ဖြစ်စေသလားဆိုတာကို BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2022 10:05 AM IST
  • အချိုမှုန့်စားသုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလား

    အချိုမှုန့်ကို MSG လို့ အတိုကောက်ခေါ်ကြပြီး အမည်အပြည့်အစုံက Monosodium Glutamate ဖြစ်ပါတယ်။

    အချိုမှုန့်နဲ့ ပတ်သက်ပြီး ဆိုးကျိုးဖြစ်စေနိုင်ကြောင်းကို ကျန်းမာရေး ဗဟုသုတ မျှဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ၊ ဆရာဝန်တွေနဲ့ အချို့သတင်းဌာနကြီးတွေက တဆင့် ရေးသားပြောဆိုနေတာတွေလည်း ရှိပါတယ်။

    ဒီရေးသားချက်တွေထဲမှာ အချိုမှုန့်အသုံးပြုပါက ကလေးတွေမှာ ဉာဏ်ရည်ချို့တဲ့ ကျဆင်းတာအပြင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းခြင်း၊ အရွယ်ကျဆင်းလာခြင်း၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း မြင့်မားစေခြင်း၊ အသက်ကြီးသူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနှုန်း သိသိသာသာမြင့်တက်လာခြင်း၊ ဆီးချိုဖြစ်စေခြင်း၊ အဝလွန်ရောဂါဖြစ်စေခြင်းနဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် စားပြီးပြီးခြင်းမှာ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်တဲ့ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကျပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ခါးနာခြင်းများလည်း ဖြစ်ပွားနိုင်တယ်လို့ ရေးသားထားပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အချိုမှုန့်စားသုံးတာနဲ့ ပတ်သတ်ပြီး အထောက်အထားမရှိပဲ ပြောဆိုနေတာတွေနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့အကြောင်း ကျန်းမာရေး ဗဟုသုတတွေ မျှဝေနေတဲ့ ဒေါက်တာမြင့်သိန်းက သူ့ရဲ့ဖေစ့်ဘွတ်အကောင့်ကနေ မေလ ၁၅ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    သူရဲ့ ဖြန့်ဝေမှုထဲမှာ အမေရိကန် အစာနဲ့ဆေးဝါးကွပ်ကဲမှုဌာန (The U.S. Food and Drug Administration)၊ ဥရောပသမဂ္ဂ (The European Union)၊ United States Food and Drug Administration (FDA)နဲ့ သြစတေးလျ/နယူးဇီလန်အစားအစာဘုတ်အဖွဲ့ (the Australia/New Zealand food board) တို့ရဲ့ လေ့လာမှုအစီရင်ခံစာတွေကို အခြေခံပြီး အချိုမှုန့်စားသုံးတာဟာ ပြောဆိုနေကြသလို အန္တရာယ်မပေးတဲ့အကြောင်း ရေးသားခဲ့ပါတယ်။

    ဒေါက်တာမြင့်သိန်းရဲ့ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်မှုအရ FDA အနေနဲ့ အစားအစာတွေမှာ အချိုမှုန့်ပါဝင်တာ ဘေးကင်းပါတယ်လို့ ယေဘုယျ အသိအမှတ်ပြုကြောင်း၊ လူတွေက MSG ကို ထိရှလွယ်တယ်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်နေပေမယ့် MSG နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ လေ့လာတင်ပြချက်တွေဟာ တပုံစံတည်း ဖြစ်မနေပါဘူးလို့ ဖော်ပြထားပါတယ်။


    FDA အနေနဲ့ MSG ပါဝင်တဲ့ အစားအစာတွေ စားပြီး ခေါင်းကိုက်တာ၊ ပျို့အန်တာဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာတွေ ရရှိခဲ့ပေမယ့် ဒါဟာ MSG ကြောင့် ဖြစ်တယ်ဆိုတဲ့ အတည်ပြုချက် တခါမှမရရှိခဲ့ကြောင်း၊ ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး 1990 ခုနှစ်မှာ အမှီအခိုကင်းတဲ့ သိပ္ပံနည်းပညာအဖွဲ့ Federation of American Societies for Experimental Biology (FASEB) ရဲ့ အကူအညီယူပြီး လေ့လာဆန်းစစ်ခဲ့ရာမှာလည်း FASEB ရဲ့ အစီရင်ခံစာမှာ MSG ဟာ ဘေးကင်းတယ်လို့ ကောက်ချက်ချခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

    FDA က ထုတ်ပြန်ထားမှုကို ဒီနေရာ မှာ ကြည့်ပါ။

    MSG နဲ့ ပတ်သတ်ပြီး ASIAN GEOGRAPHIC MAGAZINE ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၁၇ အောက်တိုဘာ ၆ ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးမှာ အချိုမှုန့်စားသုံးတာ မကောင်းတဲ့အကြောင်း လေ့လာမှုများစွာက ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် သာမာန်စားသုံးတဲ့ အဆင့်မှာတော့ ဘေးကင်းကြောင်း သိပ္ပံနည်းကျလေ့လာမှုတွေက အကြိမ်ကြိမ်ဖော်ပြထားပြီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ASIAN GEOGRAPHIC MAGAZINE ဟာ အာရှရဲ့ မတူကွဲပြားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုတွေနဲ့ အနုပညာအမွေအနှစ် အကြောင်းအရာတွေကို ဖော်ပြနေတဲ့ စင်္ကာပူနိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပါတယ်။

    ASIAN GEOGRAPHIC MAGAZINE မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အစားအသောက် ဝေဖန်ရေးဆရာ Jeffrey Steingarten က အချိုမှုန့်မှာ ဆိုးကျိုးရှိနေတယ်ဆိုရင် တရုတ်ပြည်ကလူတွေ ဘာလို့ ခေါင်းမကိုက်တာလဲလို့ ၁၉၉၉ ခုနှစ်မှာ ပြောဆိုထောက်ပြခဲ့ဘူးပါတယ်။

    ဒီအကြောင်းကို The Guardian သတင်းဌာနကလည်း ၂၀၀၅ ခုနှစ်မှာကတည်းက ဆောင်းပါးအဖြစ်ဖော်ပြခဲ့ပါသေးတယ်။


    ဒီအကြောင်းကို The Guardian သတင်းဌာနက ဖော်ပြတဲ့ ဆောင်းပါးထဲမှာ သာမန် နေ့စဉ်စားစရာတွေမှာ ဂလူတာမိတ် ပါဝင်မှုကို မီလီဂရမ်နဲ့ ဖေါ်ပြထားပါသေးတယ်။ ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    FDA ရဲ့ ထုတ်ပြန်မှုထဲမှာ MSG ဟာ ခရမ်းချဉ်သီးတို့ ဒိန်ခဲတို့လို အစားအစာတွေမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတာဖြစ်ပြီး လူတွေဟာ ဂလူတာမိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို သမိုင်းတစ်လျှောက်စားသုံးနေတာဖြစ်ကြောင်း၊ ၁၉၀၈ ခုနှစ်မှာ Kikunae Ikeda လို့ခေါ်တဲ့ ဂျပန်ပါမောက္ခ တစ်ဦးက ပင်လယ်ရေညှိဟင်းရည်ကနေ ဟင်းချိုအတွက် အရသာရှိစေတဲ့ ဂလူတာမိတ် ကို ထုတ်ယူနိုင်ခဲ့ပြီး မူပိုင်ခွင့်ယူကာ စီးပွားဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း၊ ယနေ့ခေတ်မှာတော့ ပင်လယ်ရေညှိကနေ MSG ထုတ်လုပ်မယ့်အစား သကြားမုန်လာ၊ ကြံ နဲ့ တင်လဲရည်တွေကို အချဉ်ဖောက်ထုတ်လုပ်လာကြောင်း၊ ဒီလိုအချဉ်ဖောက်တာဟာ ဒိန်ချဉ်၊ ရှာလကာရည်နဲ့ ဝိုင်ပြုလုပ်ရာမှာ လုပ်တဲ့ အသုံးပြုနည်းနဲ့ ဆင်တူပဲ ဖြစ်ကြောင်းတွေ ရေးသားဖော်ပြထားပါတယ်။

    Tags

    အချိုမှုန့်အန္တရာယ်အချိုမှုန့်စားသုံးခြင်းMSG threat to public healthChinese Restaurant SyndromeFakenewsglutamate Monosodium glutamate (MSG)
    Read Full Article
    Claim :   အချိုမှုန့်စားသုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလား
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!