BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တညင်းသီး စားသင့်၊ မစားသင့်...
သတင်းအတု

တညင်းသီး စားသင့်၊ မစားသင့် အယူအဆအလွဲ

လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတည်းက လူမှူကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ တညင်းသီးစားသုံးခြင်းနဲ့ပတ်သက်ပြီးရေးသားမှုတွေဟာ ယနေ့ထိတိုင် ဆင့်ကဲဝေမျှမှုတွေရှိနေဆဲဖြစ်ပါတယ်။ တညင်းသီးဟာ စားစရာမဟုတ်ပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့ ပို့စ်တွေကိုဖတ်ပြီးရင် အခုဆွေးနွေးမယ့်အကြောင်းအရာကို လေ့လာနိုင်ပါတယ်။

By - Boom Live Myanmar |
Published -  10 Aug 2020 4:55 PM IST
  • တညင်းသီး စားသင့်၊ မစားသင့် အယူအဆအလွဲ

    တညင်းသီးစားသုံးခြင်းကြောင့် ကျောက်ကပ်ကို အနည်းနဲ့အများ ထိခိုက်နိုင်တယ်ဆိုပေမယ့် လုံးဝမစားသင့်တဲ့ အစားအစာ စာရင်းထဲ ထည့်ဖို့ဆိုရာမှာ လုံလောက်တဲ့ စမ်းသပ်မှုမျိုးမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

    ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၄ ခုနှစ်ကတည်းက လူမှုကွန်ရက်မှာပျံ့နှံ့နေတာဖြစ်ပေမယ့် ယနေ့အချိန်ထိဖြန့်ဝေနေကြဆဲဖြစ်တာကြောင့် Boom Myanmar က အချက်အလက်ဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

    သတင်းဘုရင် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဒီအကြောင်းအရာကို ၂၀၁၄ ခုနှစ် မေ ၂၇ ရက်နေ့က ဖော်ပြခဲ့ရာမှာ ယနေ့အထိ ထပ်ဆင့်ဖြန့်ဝေမှုပေါင်း ခြောက်ထောင်ကျော်ရှိခဲ့ပါတယ်။ ဒီအေကြာင်းအရာကိုပဲ တခြား ပေချ့်တွေမှာလည်း ကူးယူဖော်ပြပြီး ဖြန့်ဝေမှုတွေလည်း ရှိနေပါသေးတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေထဲမှာ " တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိကြောင်း၊ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့ အဆိပ်ဓာတ်ဖြစ်ကြောင်း၊ နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေရှိကြောင်း၊ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာပါပဲဖြစ်ကြောင်း" ရေးသားထားတာပါ။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး ကျန်းမာရေးဆောင်းပါးတွေရေးလေ့ရှိတဲ့ ဒေါက်တာတင့်ဆွေက သူရဲ့ ဖေစ့်ဘွတ်အကောင့်မှာ သြဂုတ်လ ၅ ရက်နေ့က ထောက်ပြပြောဆိုထားတဲ့ ပိုစ်တစ်ခုတင်ခဲ့ပါတယ်။

    ထောက်ပြပြောဆိုမှုထဲမှာ တညင်းသီးကို အရှေ့တောင် အာရှမှာသာ စားကြတာဖြစ်သော်လည်း တညင်းသီးမရှိတဲ့ မစားတဲ့ တခြားတိုင်းပြည်တွေမှာလည်း ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုတွေရှိနေတဲ့အကြောင်း ရေးသားထားတာပါ။

    ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းဟာ ကျောက်ကပ်ရောဂါခံစားနေရပြီး မည်သည့် အစားအစာ၊ ဘယ်ဆေးဝါးနဲ့ အားဆေးမဆို သတိထားစရာတွေ ရှိတာဖြစ်တဲ့အတွက် တညင်းသီးနဲ့ ဆီးလမ်း သတိထားစရာရှိတာ မှန်သော်လည်း အလွန်အကျွံမရေးသင့်ဘူး လို့ ရေးသားထားတာပါ။ ဒေါက်တာတင့်ဆွေရဲ့ ရေးသားချက်ကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။


    နောက်ထပ် ဇီဝဆေးပညာနှင့်မျိုးရိုးဗီဇဆိုင်ရာသတင်းအချက်အလက်များထားရှိတဲ့ အမေရိကန်နိုင်ငံ အမျိုးသားဇီဝနည်းပညာ သတင်းအချက်အလက်စင်တာ NCBI (National Center for Biotechnology Information) ကလည်း တညင်းသီးနဲ့ ပါတ်သတ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့သွားရောက် သုတေသန ပြုလုပ်ထားတဲ့ အစီခံစာတစ်စောင်ထုတ်ပြန်ထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    သုတေသနမှာ ဖော်ပြထားတဲ့ အချက်ကို ကြည့်ရင် တညင်းသီးထွက်ရှိတဲ့ ဒေသတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာသာ ဖြစ်တဲ့အတွက် ဒေါက်တာတင့်ဆွေ ထောက်ပြပြောဆိုသလို ကျောက်ကပ်ရောဂါက တခြားတိုင်းပြည်တွေမှာလည်း ဖြစ်ပွားတဲ့အတွက် တညင်းသီးစားခြင်း တစ်ခုတည်းကြောင့် မဟုတ်ကြောင်း သိနိုင်ပါတယ်။

    NCBI က သုတေသနပြုလုပ်ရာမှာ တူညီတဲ့ ဖြစ်စဉ်တွေကို ပါယ်ပြီး နောက်ဆုံး ဖြစ်စဉ် ၁၇၇ ခုအကြောင်း ရေးသားခဲ့ကြပါတယ်။ သုတေသနအစီရင်ခံစာ နိဂုံးမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တညင်းသီးကြောင့် ကျောက်ကပ်ထိခိုက်မှုဖြစ်ပွားမှုတွေ တွေ့ရှိရတဲ့အတွက် ဒီရောဂါအကြောင်း မှန်ကန်တဲ့ ကုသမှုမျိုး လမ်းညွှန်ချက်တွေ လိုအပ်တယ်လို့ ရေးသားထားပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    NCBI ရဲ့ သုတေသနပြုချက်အရ တညင်းသီးကြောင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုတွေတွေ့ရတယ်လို့ ဆိုလိုထားတာပါ။ ဒါပေမယ့် ဒါက လုံးဝမစားသင့်ဘူးလို့ တော့ ရေးမထားပါဘူး။ အစီရင်ခံစာထဲက စာသားအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။


    တညင်းသီးနဲ့ပါတ်သတ်ပြီး ကာကွယ်တားဆီးရေး ပြုလုပ်ရာမှာတော့ ပြဿနရှိတာက သူ့ကြောင့် ရောဂါဖြစ်ပွားတာ နည်းပါးကြောင်း၊ ဘယ်လောက်စားသလဲဆိုတာနဲ့ ဘယ်လိုစားသုံးသလဲ (ပြုတ်၊ ဖုတ်၊ ကြော်) ဆိုတဲ့အပေါ်မှာ မူတည်ပြီး အခန့်မသင့်ချိန် ဖြစ်တတ်ကြောင်း ရေးသားထားတာပါ။ အတူတူစားပေမဲ့ ဖြစ်တဲ့သူပဲ ဖြစ်တာမျိုး။

    အထက်ပါ အချက်တွေကို ကြည့်ရင် တညင်းသီးက ကျောက်ကပ်နဲ့ ဆီးကို သက်ရောက်မှုရှိပေမယ့် အလွန်အကျွံ့စားသုံးခြင်းနဲ့ စားသုံးတဲ့ နည်းပေါ်မူတည်ပြီး ရောဂါသက်ရောက်တာတွေ ရှိနိုင်တာဖြစ်ပါတယ်။

    Tags

    Djenkolismkidney injurySoutheast Asiaurinary obstructionbicarbonate therapycase reportdjenkol beanIndex Medicus for Southeast Asia Region (IMSEAR)Ovid Embase
    Read Full Article
    Claim :   “တညင်းသီးဟာ စားစရာ မဟုတ်ပါ” ဆိုပြီး တညင်းသီးကို လုံးဝမစားသင့်တဲ့ အစားအစာ စာရင်းထဲထည့်ရမယ်ဆိုပြီး အလွန်အကျွံပြောဆိုမှုတွေရှိတဲ့အတွက် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!