BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်နိုင်ငံကဆည်ကြီး...
သတင်းအတု

တရုတ်နိုင်ငံကဆည်ကြီး တကယ်ပြိုတော့မှာလား

လူမှူကွန်ရက်ပေါ်က အကောင့်တွေနဲ့ Page ပေါင်းများစွာမှာ ဒီဓါတ်ပုံတွေနဲ့ ကမ္ဘာ့အကြီးဆုံးဆည်ကြီးပြိုကျတော့မယ်ဆိုတဲ့အကြောင်းအရာတွေတွေ့ပြီးဖြစ်မှာပါ။ ဒါပေမယ့် မေးစရာရှိတာက ဒီသတင်းတွေက တကယ်အမှန်ပဲလား၊ ဘာတွေမှားယွင်းနေသလဲဆိုတာ တွေကို ဒီဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

By - Boom Live Myanmar |
Published -  29 July 2020 8:48 AM IST
  • တရုတ်နိုင်ငံကဆည်ကြီး တကယ်ပြိုတော့မှာလား

    သတင်းအမှားအမှန်အကြောင်းမပြောခင်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Boom က အချက်အလက်ဘာကြောင့် စစ်ဆေးထားသလဲဆိုတာကိုဆွေးနွေးပါရစေ။ Boom Myanmar ဟာ လွပ်လပ်တဲ့ သတင်းအချက်အလက်စစ်ဆေးတဲ့အဖွဲ့တစ်ခုဖြစ်သလို၊ ပြည်တွင်းမှာ ပျံ့နှံ့တဲ့ သတင်းအချက်အလက်အမှားတွေလူထုကြားထဲ၊ မရောက်ရှိစေဖို့ အမြဲတစေစောင့်ကြည့်စိစစ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။လက်ရှိပျံ့နှံ့နေတဲ့ ဒီသတင်းမှာလည်း လူထုအပေါ်အမှတ်မှား၊ အယူမှာနိုင်တဲ့အချက်အလက်တွေကို စိစစ်ထားခြင်းသာဖြစ်ကြောင်းဦးစွာအသိပေးလိုပါတယ်။ ဒီတော့ ဆောင်းပါးအကြောင်းဆက်ရအောင်ပါ။

    ဒီမြစ်ကျဉ်းသုံးသွယ်ဆည်ကြီးဟာ တည်ဆောက်လို့ မပြီးခင်ကတည်းက အငြင်းပွားစရာကိစ္စတွေဖြစ်နေတာဖြစ်ပြီး အခုအချိန်အထိလည်း ဆည်နဲ့ပတ်သက်တဲ့ ကောင်းကျိူးဆိုးကျိူးတွေကို ထောက်ပြနေတဲ့အဖွဲ့အစည်းတွေများစွာရှိပါတယ်။ တစ်ဖက်မှာလည်းဒီအခြေအနေေတွေကိုအခြေခံပြီး လူတွေစိုးရိမ်ထိတ်လန့်စေနိုင်တဲ့သတင်းးအမှားတွေလည်းဖြစ်ပေါ်နေပါတယ်။

    ပြည်တွင်းမှာတော့ ဒီရက်ပိုင်းထဲမှာပဲ နိုင်ငံတကာက သတင်းတချို့ကိုအခြေခခံပြီး သအချက်အလက်အလွဲအမှားတွေ၊ ဆန်းစစ်လေ့လာတာတွေမရှိပဲေရေးသားထားတဲ့အကြောင်းအရာတွေပျံ့နှံခဲ့ပပါတယ်။

    လူပေါင်းထေငာင်ခချဝေမျှထားတဲ့ ပို့စ်တေစ်ခုမှာတော့ အခုလိုရေးသားထားတာဖြစ်ပါတယ်။ မူရင်းရေးသားချက်ကို အောက်မှာဖတ်ပါ။

    "တရုတ်ကပ်ဆိုက်ပြီ။ ယန်ဇီမြစ်ပေါ်က ကမ္ဘာ့အကြီးဆုံး ရေကာတာကြီး ပြိုကျတော့မယ်။ ဗမာလူမျိုးတွေ ရှိရင် ပြန်လာကြပါ။ သူပြိုရင် တရုတ်ပြည် လူဦးရေ ၁/၃ ပုံ ရေအောက်ရောက်သွားနိုင်ပါတယ်။ အဲ့ဆည်ကြီး ဆောက်ပြီး ဟန်ချက်ပျက်တာမှ လည်နေတဲ့ ကမ္ဘာကြီးတောင် ဝ.၀၆ မိုက်ခရိုစက္ကန့် နှေးသွားခဲ့တာဗျ။ လျှော့မတွက်ကြပါနဲ့။ တရုတ်အစိုးရက ယင်းရေကာတာကို ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် အောင်မြင်သည့် သမိုင်းဝင် စီမံကိန်းတစ်ရပ်ဟု ဂုဏ်ယူခဲ့ကြပါတယ်။ သို့သော်လည်း ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ယန်ဇီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူနေရပ်ကွက်များ ရေအောက်နစ်မြုပ်သွားခဲ့သလို လူဦးရေ ၁.၃ သန်းခန့် ဌာနေကို စွန့်ခွာကာ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည့်အပြင် မြေပြိုခြင်းစသည့် ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမိုကြီးမား လာစေပါတယ်။" ဆိုပြီး ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ကြည့်ရှု့နိုင်ပါတယ်။

    ပုံမှန်အားဖြင့်တော့ ပြည်တွင်းမှာလို ရေကြီးနစ်မြုပ်တဲ့အတွေ့အကြုံတွေရှိထားတဲ့နိုင်ငံတစ်ဝှမ်းက လူတွေအတွက်ဒီလိုအကြေင်းအရာဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ၊ အာရုံစိုက်စရာ အကြောင်းအရာဖြစ်နေပါတယ်။ မူရင်းရေးသားမှုမှာပါဝင်တဲ့ အသုံးအနှုန်းအရေးအသားတွေဟာလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာအသုံးအနှုန်းတွေပါဝင်ပါတယ်။

    ဒီတော့ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဆက်ကြည့်ရအောင်ပါ။

    သတင်းဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေမှုတွေမှာ ပေးထားတဲ့ သတင်းလင့်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ The Wall Street ဂျာနယ်ရဲ့ ဇူလိုင် ၂၁ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို ရည်ညွှန်းထားတာဖြစ်ပြီး သတင်းပါအကြောင်းအရာက တရုတ်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် မြစ်ကျဉ်းသုံးသွယ် ရေကာတာအပေါ် စိုးရိမ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီသတင်းမှာ စိုးရိမ်တယ်ဆိုတဲ့အသုံးအနှုန်းကိုသာထည့်သွင်းထားတာဖြစ်ပြီး ဒီသဘောက ပြိုကျပျက်စီးတော့မယ်ဆိုတာကို ဆောင်းပါးမှာထည့်သွင်းထားရေးသားထာတာမဟုတ်ပါဘူး။ သတင်းကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

    အလားတူပဲ Asia times ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်မှာ ဒီအကြောင်းအရာကိုပဲရေးသားခဲ့ပါသေးတယ်။ ဇူလိုင်၂၁ ရက် နေ့က ဖော်ပြထားတဲ့ အဲ့ဒီသတင်းမှာတော့ မြစ်ကျဉ်းသုံးသွယ်ဆည်ဟာ ရေကြီးမှုကြောင့် ဟန်ချက်ပျက်သွားတယ်ဆိုပေမယ့် ပြိုမကျနိုင်ဘူးလို့ ပြောထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဂျူလိုင်လအတွင်းဖော်ပြထားတဲ့အထက်ဖေါ်ပြပါသတင်းနှစ်ပုဒ်လုံးဟာ တရုတ်နိုင်ငံမှာမိုးရာသီကာလကြောင့် ၊ဆည်ရေမြင့်တက်နေတဲ့အခြေအနေကိုအခြေခံပြီး ဒီဆည်နဲ့ပတ်သက်လို့စောင့်ကြည့်နေကြတဲ့အအခြေအနေကိုရေးသားဖေါ်ပြကြတာဖြစ်ပါတယ်။


    Asia Times ရဲ့ ရေးသားဖော်ပြမှုမှာ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ Zhang Shuguang က နောက်နှစ်ပေါင်း ၅၀၀ လောက်အထိ ဒီဆည်ကြီးက မပြိုနိုင်ဘူးလို့ ပြောဆိုထားပါတယ်။ ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီရေကာတာကြီးဟာ မာကျောတဲ့ သတ္တုတွေအဖြစ် ဘိလပ်မြေတွေနဲ့ အခိုင်အခန့် တည်ဆောက်ထားတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

    ရေကာတာကြီး ဟန်ချက်ပျက်သွားတဲ့ ဆိုပြီး ဖေစ့်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ဂြိုလ်တုပေါ်က ရိုက်ယူထားတဲ့ ပုံကိုတွေနဲ့ပတ်သက်လို့လည်း ဒီပုံတွေဟာပြန်လည်ပြင်ဆင်ထားတဲ့ ပုံသာဖြစ်တယ်လို့ Asia Times ရဲ့ သတင်းမှာ ဖော်ပြထားပါသေးတယ်။ အောက်ကပုံ ကိုကြည့်ပါ။


    ပုံမှာ ပြောထားတာကတော့ ရေကာတာပြိုကျနိုင်တယ်ဆိုပြီး ဂြိုလ်တုပေါ်က ရိုက်ယူထားတယ်ဆိုတဲ့ ပုံနဲ့ ဖြန့်ဝေနေတာတွေဟာ ကာလဟလ သာဖြစ်ပြီး ပုံဟာ ပြန်လည်ပြင်ဆင်ထားတဲ့ ပုံသာဖြစ်ကြောင်း ရေးသားထားတာပါ။

    ဒီရေကာတာနဲ့ ပါတ်သတ်တဲ့ ကောလဟလ အကြောင်းကို Reuters သတင်းဌာနမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေမှာလည်း ဖော်ပြခဲ့ပါသေးတယ်။


    ပုံပါ အစိမ်းရောင်ဖော်ပြထားရာမှာ ရေးသားထားတာက တရုတ်အစိုးရပိုင် မြစ်သုံးသွယ် ကော်ပိုရေးရှင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ လုံခြုံရေးကျွမ်းကျင်သူများရဲ့ ပြောကြားချက်အရ ယန်ဇီမြစ် ရေကာတာဟာ အပူချိန်နဲ့ ရေပမာဏပြောင်းလဲမှုကြောင့် မီလီမီတာ အနည်းငယ် ရွေ့ခဲ့ပေမယ့် လုံခြုံအညွှန်းကိန်းတွေက ပုံမှန်အခြေအနေမှာပဲ ရှိနေပါတယ် လို့ ရေးသားထားတာပါ။ မီလီမီတာအနည်းငယ် ရွေ့လျားတယ်ဆိုတဲ့ ပမာဏဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ဂြိုလ်တုပေါ်က ရိုက်ယူထားတယ်ဆိုတဲ့ ပုံလို ရွဲ့စောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    တရုတ်အစိုးရပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ ဆင်ဟွာ သတင်းဌာနကလည်း ဒီရေကာတာကြီးအကြောင်းပြောပြထားတဲ့ အချိန် ၃မိနစ်ခွဲခန့် ကြာတဲ့ဗွီဒီယိုဖိုင်တစ်ခုကို ဇူလိုင် ၇ ရက်နေ့က သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။ ပါဝင်တဲ့ အကြောင်းအရာက တရုတ်နိုင်ငံရဲ့ ရေကြီးမှုဖြစ်ပွားတတ်တဲ့ မိုးရာသီမှာ မြစ်ကျဉ်းသုံးသွယ် ရေကာတာ အနေနဲ့ ရေကြီးရေလျှံမှု မဖြစ်ပွားစေဘို့ ဘယ်လိုထိန်းချုပ်တယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် တရုတ်အစိုးရဟာ ဒီရေကာတာကြီးအပေါ် ယုံကြည်စိတ်ချမှု အပြည်ထားတာဖြစ်ပြီး ရေကာတာကြီး မကြာမီပြိုတော့မယ်ဆိုတဲ့ ကောလဟလ တွေကိုလည်း တခါတည်း ငြင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ပြန်ပြီးချုပ်ရရင်၊ ဒီဆည်ကြီးပြိုကျတော့မယ်ဆိုပြီးဖြန့်ဝေရေးသားကြတဲ့ အကြောင်းအရာတွေမှာပါဝင်သလို ချက်ချင်းပြိုကျတော့မယ်၊ လူတွေအရေးပေါ်ရွှေ့ပြောင်းရမယ်ဆိုတဲ့သဘောမဟုတ်သလို ရေကာတာအပေါ် စောင့်ကြည့်လေ့လာနေတယ်ဆိုတဲ့သဘောသာဖြစ်ပါတယ်။။

    Tags

    Three Gorges DamChinafake newsDamhydropower projectChina Three Gorges CorporationYangtze Rivercontroversial engineering projectsdisplacingenvironmental damagedam projects
    Read Full Article
    Claim :   တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံးဆည်ကြီးပြိုကျတော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှု အပေါ် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!