BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အိန္ဒိယ လူငယ်ဗေဒင်ဆရာ မှန်းဆချက်ထဲက...
သတင်းအတု

အိန္ဒိယ လူငယ်ဗေဒင်ဆရာ မှန်းဆချက်ထဲက လွဲနေတဲ့အကြောင်းအရာတွေ

လူမှုကွန်ရက်တွေပေါ် ဧပြီလလောက်ကတည်းက ပျံ့နှံ့ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် အိန္ဒိယ လူငယ်ဗေဒင်ဆရာနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ပျံ့နှံ့နေပြီးနောက်ထပ် ‌ဟောကိန်းတစ်ခုမှာ COVID-19 ထက် ပိုပြီးဆိုးဝါး ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုထပ်ဖြစ်မယ် ဆိုတဲ့အကြောင်းအရာတွေပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2020 2:29 PM IST
  • အိန္ဒိယ လူငယ်ဗေဒင်ဆရာ မှန်းဆချက်ထဲက လွဲနေတဲ့အကြောင်းအရာတွေ

    ကိုဗစ်ရောဂါဖြစ်လိမ့်မယ်လို့ ‌ဟောခဲ့တယ်ဆိုတဲ့ ဒီအိန္ဒိယ လူငယ်ဗေဒင်ဆရာအကြောင်းကို BOOM က ဇွန်လကတည်းက တခါ သတင်းဆန်းစစ်မှု ပြုလုပ်ထားပါတယ်။ ဒီနေရာ မှာ ကြည်ရှု့နိုင်ပါတယ်။


    ခုတခါလည်း ဒီလူငယ် နက္ခဗေဒပညာရှင် ဟောကိန်းထပ်ထုတ်တယ်ဆိုပြီး "COVID-19 ထက် ပိုပြီးဆိုးဝါး ပိုပြီးကြောက်စရာ ကောင်းမည်။ လူတွေငတ်ပြတ်ကြလိမ့်မည်။ စားနပ်ရိက္ခာတွေ ပြတ်လပ်လိမ့်မည်။ ၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကမ္ဘာမှာ 2020 ပြည့်နှစ်အတွင်း ဇီဝပိုးလက်နက်တိုက်ပွဲဖြစ်လိမ့်မယ် ပိုးမွှားနှင့်လူတွေကြားတိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လိမ့်မယ်။ ကမ္ဘာ့ကပ်ကြီးဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုခဲ့သူလည်းဖြစ်ကြောင်း။ ဖောက်ပြန် ဖြစ်ပေါ်လာတဲ့ ဂျူပီတာ ၊ မားစ်၊ စေတန်ဂြိုဟ်သုံးလုံးရဲ့ အနေထားကိုကြည့်ပြီး ဟောကိန်းထုတ်ခဲ့တာလို့သိရပါတယ်" လို့ ရေးသားဖြန့်ဝေနေကြတာ။

    ဒါ့အပြင် သူ့ရဲ့ ယခင်ဟောကိန်းထုတ်ခဲ့တဲ့ မေ ၂၉ ကျရင် ဒီကပ်ရောဂါ (COVID-19) ချုပ်ငြိမ်းသွားမယ်ဆိုတဲ့ ဟောကိန်းအပေါ် သတင်းမီဒီယာတွေက လွဲမှားစွာ ယူဆပြီးရေးသားနေကြသာတာဖြစ်ကြောင်း၊ သူ့ရဲ့ဆိုလိုရင်းမှာ မေလ၂၉ ရက်နေ့ကနေစပြီး နောက်ပိုင်း ကမ္ဘာမှာ COVID-19 ရောဂါသည်အရေတွက်ဟာ တဖြည်းဖြည်းလျော့ကျသွားပြီး လူသားတွေကထိန်းချုပ်သွားမယ် နိုင်လိမ့်မယ်လို့ပြောခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီ မေလ ၂၉ ရက်နေ့မှာ လုံးဝချုပ်ငြိမ်းသွားမယ်လို့ ဆိုလိုခဲ့တာမဟုတ်ကြောင်း ဆိုပြီး ဖြေရှင်းထားတယ်လို့ ရေးသားထားပါတယ်။

    ရေသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာတွေဟာ Abhigya Anand ဆိုတဲ့ အသက် ၁၄ နှစ်အရွယ် အိန္ဒိယ လူငယ်တစ်ဦးက သူ့ရဲ့ Youtube အကောင့်မှာ မိနစ် ၂၀ ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ပြီး ၂၀၁၉ နိုင်ဝင်ဘာ မှ ဧပြီလ ၂၀၂၀ အထိ ကမ္ဘာကြီးမှာ အန္တရာယ် ရှိတယ်လို့ ပြောဆိုထားတာကနေ ပြန်လည်ဖြန့်ဝေသူတွေ များပြားလာရာကနေ စတင်လာတာဖြစ်ပါတယ်။ မူရင်း ဗွီဒီယိုဖိုင်ကို ဒီနေရာ မှာ ကြည့်ှရှု့နိုင်ပါတယ်။

    သူ့ရဲ့ ဖြန့်ဝေတဲ့ ဗွီဒီယိုထဲမှာ ပြောထားချက်များအရ ၂၀၁၉ နဲ့ ၂၀၂၀ ရဲ့ အစောပိုင်းလတွေမှာ ရောဂါဖြစ်နိုင်ချေရှိတယ်လို့ ပြောဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမယ်လို့ ပြောဆိုထားခြင်း မရှိသလို အခြားတတိယ ကမ္ဘာစစ်ဖြစ်ပွားမယ်လို့ ကြိုတင်ခန့်မှန်းချက်ဟာလည်း မှန်ကန်မှု မရှိပါဘူးလို့ စပိန်နိုင်ငံအခြေစိုက် Chequeado ဆိုတဲ့ သတင်းဌာနက သတင်းဆန်းစစ်ချက်ပြုလုပ်ပြီး ဇွန်လ ၁၀ ရက်နေ့က ဖော်ပြခဲ့ဖူးပါတယ်။ ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    သူပြန်လည်ဖြေရှင်းထားတဲ့ "မေလ၂၉ ရက်နေ့ကနေစပြီး နောက်ပိုင်း ကမ္ဘာမှာ COVID-19 ရောဂါသည်အရေတွက်ဟာ တဖြည်းဖြည်းလျော့ကျသွားပြီး လူသားတွေကထိန်းချုပ်သွားမယ် နိုင်လိမ့်မယ်လို့ပြောခဲ့တာပါ အဲ့ဒီ မေလ ၂၉ ရက်နေ့မှာ လုံးဝချုပ်ငြိမ်းသွားမယ်လို့ ဆိုလိုခဲ့တာမဟုတ်ပါဘူး" ဆိုတဲ့ အချက်ဟာလည်း မှားယွင်းနေတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။

    ခုလက်ရှိအချိန်ထိ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပဲ ကူးစက်မှုနှုန်းကလည်းပိုမိုမြန်ဆန်နေဆဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၀ မိနစ်မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ ကမ္ဘာပေါ်မှာ လက်ရှိရောဂါကူးစက်ခံရသူ ၃၆သန်း ရှိပြီး သေဆုံးသူ တစ်သန်းကျော်ရှိသွားပါပြီ။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ တရက်တည်း ကူးစက်ခံခဲ့ရသူ ဦးရေကို အောက်ဖော်ပြပါပုံမှာ ပြသထားပါတယ်။ MOHS ကထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    သူ့ရဲ့ ဖြန့်ဝေတဲ့ ဗွီဒီယိုထဲမှာ ပြောထားချက်များအရ ၂၀၁၉ နဲ့ ၂၀၂၀ ရဲ့ အစောပိုင်းလတွေမှာ ရောဂါဖြစ်နိုင်ချေရှိတယ်လို့ ပြောဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမယ်လို့ ပြောဆိုထားခြင်း မရှိသလို အခြားတတိယ ကမ္ဘာစစ်ဖြစ်ပွားမယ်လို့ ကြိုတင်ခန့်မှန်းချက်ဟာလည်း မှန်ကန်မှု မရှိပါဘူး။

    Tags

    astrologerThird World Warpredicts coronaviruswrong predictionsCoronavirusIndian Boya child astrologerလူငယ်နက္ခတ်ဗေဒင်ဆရာဇီဝပိုးလက်နက်တိုက်ပွဲ
    Read Full Article
    Claim :   လူမှုကွန်ရက်တွေပေါ် ဧပြီလလောက်ကတည်းက ပျံ့နှံ့နေတဲ့ အသက် ၁၄ နှစ်အရွယ် အိန္ဒိယ လူငယ်ဗေဒင်ဆရာ နောက်ထပ် ‌ဟောကိန်းတစ်ခုထပ်ထုတ် COVID-19 ထက် ပိုပြီးဆိုးဝါး ပိုပြီးကြောက်စရာကောင်းမည် ဆိုတဲ့အကြောင်းအရာအပေါ် BOOM က သတင်းဆန်းစစ်မှုပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!