BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Liberty ရုပ်ထုရဲ့...
သတင်းအတု

Liberty ရုပ်ထုရဲ့ မျက်နှာပိုင်ရှင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အမျိုးသမီးတစ်ဦးရဲ့ မျက်နှာကိုဖော်ပြထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က အထင်အရဖြစ်တဲ့ Statue of Liberty ရုပ်ထုကြီးရဲ့ မျက်နှာပိုင်ရှင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 April 2024 10:38 AM IST
  • Liberty ရုပ်ထုရဲ့ မျက်နှာပိုင်ရှင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို JulieSoemyat Wright ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ Statue of Liberty ရုပ်ထုပုံနဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်နှာပုံပါတဲ့ ဓာတ်ပုံ ၂ ပုံကို ယှဉ်တွဲဖော်ပြပြီး ‘Liberty ရုပ်ထုကို နတ်ဘုရားမလို့ သိထားကြပေမယ့် တကယ် မျက်နှာပိုင်ရှင်က Isabella Boyer ဆိုတဲ့ အမျိုးသမီးသာ ဖြစ်ကြောင်း၊ Isabelle ကို အာဖရိကနွယ်ဖွား မုန့်ဖုတ်ဆရာ နဲ့ အင်္ဂလိပ် အမျိုးသမီးတို့က ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ကြောင်း၊ Isabelle အသက် ၂၀ မှာ အသက် ၅၀ အရွယ် အပ်ချုပ်စက် ထုတ်လုပ်သူနဲ့ လက်ထပ်ခဲ့ပြီး ခင်ပွန်းကွယ်လွန်ချိန်မှာ ကြွယ်ဝချမ်းသာလာကြောင်း၊ မုဆိုးမ ဖြစ်လာပြီးနောက် Isabella ဟာ ကမ္ဘာပတ်ခရီးထွက်ခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာကျော် တယောထိုးဆရာ Dutch လူမျိုး Victor Robstett နဲ့ ထပ်မံ လက်ထပ်ခဲ့ကြောင်း၊ Isabella ရဲ့ မျက်နှာ အသွင်အပြင်နဲ့ အသားအရည်ကြောင့် လူသိများ နာမည်ကြီးလာခဲ့ပြီး အမေရိကနဲ့ ဥရောပရှိ အရောင်းပြခန်းတွေက ပွဲတွေ ဖိတ်ကြားခဲ့ကြကြောင်း၊ နာမည်ကျော်တွေထဲက တစ်ဦးမှာ ပြင်သစ်ပန်းပုဆရာ Frederick Bartoldi ဖြစ်ပြီး Bartoldi က အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးအထိမ်းအမှတ် ရုပ်တုကို ဖန်တီးဖို့ အဆိုပြုချက်ကို လက်ခံထားတာဖြစ်ကြောင်းနဲ့ Bartoldi က Isabella မျက်နှာအသွင်အပြင် ရှင်းလင်းမှုကို အလွန်သဘောကျ တဲ့အတွက် Isabella ဆီက ခွင့်တောင်းပြီး Liberty ရုပ်ထုအတွက် သူမရဲ့ မျက်နှာ အသွင်အပြင်ကို ရွေးချယ်ခဲ့ကြောင်း’ တွေ ရေးသား ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဓာတ်ပုံနဲ့ ပက်သတ်တဲ့ သတင်းမှားတွေကို နိုင်ငံတကာက သတင်းဌာနတွေမှာလည်း သတင်းမှားဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်းမှာ ကတည်းက ဖော်ပြထားကြပြီး ဖြစ်ပါတယ်။


    အခုဖြန့်ဝေမှုထဲက အမျိုးသမီးပုံကို အမ်စတာဒမ်က အနုပညာရှင် Bas Uterwijk ဆိုသူက AI နည်းပညာ အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

    ဒီပုံတွေဟာ Singer အပ်ချုပ်စက် ထုတ်လုပ်ခဲ့သူ Isaac Singer ရဲ့ မိန်းမ Isabelle Boyer-Singer ရဲ့ ပုံကို အသုံးပြုခဲ့တာ မဟုတ်ပါဘူးလို့ Bas Uterwijk က ပြန်လည်ဖြေကြားထားကြောင်းလည်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    Uterwijk အနေနဲ့ ကမ္ဘာကျော်ပန်းချီဆရာ Van Gogh နဲ့ နပိုလီယံ တို့ရဲ့ ပုံတွေကိုလည်း AI အသုံးပြု ဖန်တီးထားခဲ့တာဖြစ်ပြီး ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က အထင်အရဖြစ်တဲ့ Statue of Liberty ရုပ်ထုဒီဇိုင်းကို ပြင်သစ်ပန်းပုဆရာ Frédéric Auguste Bartholdi က ၁၈၈၆ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ လက်ဆောင်ပေးခဲ့တဲ့ ဒီရုပ်ထုဟာ နိုင်ငံခြား ကနေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်း လာရောက် အခြေချသူတွေအတွက် မျှော်လင့်ချက် သင်္ကေတကိုဖော်ဆောင်တဲ့ ရုပ်ထုကြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။

    ဒီရုပ်ထုရဲ့ မျက်နှာဟာ ဒီဇိုင်နာရဲ့ မိခင်မျက်နှာပေါ်မှာ အခြေခံတယ်ဆိုပြီး အများစုက ယူဆမှုတွေ ရှိပါတယ်။ ရုပ်ထုရဲ့ ခန္ဓာကိုယ် အချိုးအစားကိုတော့ Boyer-Singer ကို နမူနာယူထားတယ်လို့ ဆိုသူတွေလည်း ရှိပေမယ့် တိကျတဲ့ အထောက်အထားတော့ မရှိသေးဘူးလို့ သိရပါတယ်။

    Statue of Liberty ရုပ်ထုနဲ့ ပက်သတ်တဲ့ သတင်းဆန်းစစ်ချက်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ရောမနတ်ဘုရားမStatue of Libertyလေဘာတီရုပ်ထုဓာတ်ပုံအမှားFalse ImageFakenewsStatueရုပ်ထု
    Read Full Article
    Claim :   Liberty ရုပ်ထုရဲ့ မျက်နှာပိုင်ရှင် အမျိုးသမီးဟာ အာဖရိကန်နွယ်ဖွား ပြင်သစ်နိုင်ငံသူလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!