BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစိုးရနှင့် မီဒီယာအသိုင်းအဝိုင်း...
သတင်းအတု

အစိုးရနှင့် မီဒီယာအသိုင်းအဝိုင်း Email အကောင့်တုများဖြင့် သတင်းအတုများဖြန့်နေ

အစိုးရဌာနတွေ၊ မီဒီယာအဖွဲ့အစည်း၊ သတင်းသမားတွေရဲ့ အီးမေးလ်လိပ်စာအတုပြုလုပ်ပြီး သတင်းဌာနတွေဆီ သတင်းအမှားဖြန့်ဝေမှုတွေဒီရက်ထဲဖြစ်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  6 Nov 2020 3:27 PM IST
  • အစိုးရနှင့် မီဒီယာအသိုင်းအဝိုင်း Email အကောင့်တုများဖြင့် သတင်းအတုများဖြန့်နေ

    ဒီသတင်းအမှားဖြန့်ဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အပေါင်းပါ ထိပ်တန်းအစိုးရဝန်ကြီးများ ၊ အရာရှိကြီးများနှင့်နိုင်ငံခြားသားများ၏ မြန်မာပြည်ကို ဖျက်စီးမည့် လျှိဝှက်အစီအစဉ်များကို ဖော်ထုတ်တင်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ Youtube ဗီဒီယိုဖိုင်ကို အစိုးရဌာနတွေနဲ့ သတင်းသမားတွေရဲ့ အီးမေးလ်လိပ်စာမျိုးပုံစံပြုလုပ်ကာ သတင်းဌာနတွေဆီ ပေးပို့နေတာဖြစ်ပါတယ်။

    ၂၂ မိနစ်နီးပါး ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ကို မြန်မာသတင်းမီဒီယာကောင်စီနဲ့ သမ္မတရုံး အီးမေးလ်လိပ်စာအတုကို အသုံးပြုပြီး သတင်းမီဒီယာတွေဆီ အီးမေးလ်ပို့ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်ကို နိုင်ဝင်ဘာလ ၂ ရက်နေ့ကမှ စတင်ပြုလုပ်ထားတဲ့ MMLeakTeam ဆိုတဲ့ Youtube ချန်နယ်လ်မှာ နိုင်ဝင်ဘာလ ၃ ရက်နေ့က တင်ထားတာဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဗွီဒီယိုမှာ UN အဖွဲ့အစည်းတွေအပါအဝင် NGO အဖွဲ့အတော်များများသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ပသြဇာခံ လူပုဂ္ဂိုလ်များနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း လုပ်ကြံပြောဆိုထားတဲ့ အချက်အလက် အတုများအကြောင်း ဖော်ပြထားပါတယ်။

    ဒီလိုအီးမေးလ်အတုသုံးပြီး သတင်းမှားတွေ ဖြန့်ဝေနေတာနဲ့ ပါတ်သတ်ပြီး မြန်မာသတင်းမီဒီယာကောင်စီက နိုင်ဝင်ဘာလ ၅ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။


    အထက်ပါ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Youtube ဗွီဒီယိုဖိုင်လင့်ကို ဖြန့်ဝေထားတဲ့ မြန်မာသတင်းမီဒီယာကောင်စီနဲ့ သမ္မတရုံး အီးမေးလ်လိပ်စာ အယောင်ဆောင်ထားတဲ့ office@myanmarpresscouncil.org နဲ့ office@presidentoffice.gov.mm အီးမေးလ်အတုတွေကိုလည်း ဖော်ပြထားပါတယ်။

    အသိပေးထုတ်ပြန်ချက်မှာ သတင်းဌာနတွေကို လိုက်လံပို့ဆောင်နေတဲ့ အဆိုပါ အီးမေးလ်လိပ်စာများဟာ အတုများသာဖြစ်ပြီး သတင်းမီဒီယာကောင်စီ၏ ဝက်ဘ်ဆိုက်လုံခြုံရေးကိုလည်း အိုင်တီ နည်းပညာရှင်များဖြင့် စစ်ဆေးနေကြောင်း ရေးသားထားပါတယ်။

    အလားတူ မြန်မာနောင်းသတင်းဌာနမှာ ကိုဆွေဝင်းနာမည်နဲ့ လုပ်ကြံထားတဲ့ အီးမေးလိပ်စာတုနဲ့လည်း နိုင်ငံတကာသို့ ပြည်တွင်းလျှို.ဝှက်ချက်များပေးပို့ပါသည်ဆိုတဲ့ စာသားတွေကိုလည်း လိုက်လံဖြန့်ဝေနေတယ်လို့ မြန်မာနောင်း သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ နိုင်ဝင်ဘာလ ၆ ရက်က အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။


    မြန်မာနောင်းက ပုံတူအီးမေးလ်များဖန်တီးထားတဲ့ မသမာသူတွေရဲ့ လုပ်ကြံထားတဲ့ မဟုတ်မမှန်သတင်းများသာဖြစ်တယ်လို့ အသိပေးထားပါတယ်။ အသိပေးထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ရွေးကောက်ပွဲကာလအတွက်း သတင်းအမှားဖြန့်ချိမှုများ ပုံစံအမျိုးမျိုးဖြင့်ထွက်ပေါ်နေခဲ့ပြီးယခင်ဖြန့်ဝေမှုများတွင် ဖေ့စ်ဘွတ်အကောင့် နှင့် Page များမှဖြန့်ဝေလေ့ရှိသော်လည်းယခုဖြန့်ဝေသည့်သတင်းတုမှာအီးမေးလ်အကောင့်တုများဖြင့်ဖြန့်ဝေနေခြင်းဖြစ်သည်။ ယင်းသို့ Email အတုများဖြင့် သတင်းတု၊ သတင်းမှားနှင့် ဝါဒဖြန့်ချိသည့်ပုံစံများမှာ ၂၀၁၀ ခုနှစ် ဝန်းကျင်နှင့် ဘာသာရေးလူမျိုးရေးဆိုင်ရာ သတင်းအမှားဖြန့်ဝေမှုများတွင်လည်း ယင်းသို့သောနည်းလမ်းများအသုံးပြုခဲ့ကြဖူးသည်။

    Tags

    fake EmailFakenewsNGOUN Organizations
    Read Full Article
    Claim :   အစိုးရဌာနတွေ၊ မီဒီယာအဖွဲ့အစည်း၊ သတင်းသမားတွေရဲ့ အီးမေးလ်လိပ်စာအတုပြုလုပ်ပြီး သတင်းဌာနတွေဆီ သတင်းအမှားဖြန့်ဝေမှုတွေအပေါ် BOOM က သတင်းတင်ဆက်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!