BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နာဆာကြောင့်...
သတင်းအတု

နာဆာကြောင့် ရာသီခွင်တွေမှားယွင်းခဲ့သလား

NASA က ၁၃ ခုမြောက် Zodiac sign (ရာသီခွင်) ကို ရှာတွေ့ခဲ့ပြီး ပြင်ဆင်ဖြည့်စွက်လိုက်တဲ့အတွက် ကမ္ဘာ ပေါ်ရှိလူသားအားလုံးရဲ့ (၈၆) ရာခိုင်နှုန်းမှာ ရာသီခွင် မှားယွင်းနေကြောင်ထားတဲ့အကြောင်းအရာတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  23 July 2020 7:00 AM IST
  • နာဆာကြောင့် ရာသီခွင်တွေမှားယွင်းခဲ့သလား

    တကယ်တော့ ဒီသတင်းက 2016 ခုနှစ်ကတည်းက ရေးသားဖြန့်ဝေနေတဲ့ သတင်းဖြစ်ပြီး အခုမှထပ်ပြီး အွန်လိုင်းပေါ် ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ " NASA ရဲ့ကြေညာချက်အသစ်အရ Ophiuchus လို့ အမည်ရတဲ့ (၁၃) ခုမြောက် ရာသီခွင်အသစ်တစ်ခု ထပ်မံ တွေ့ရှိခဲ့တဲ့အတွက်ကမ္ဘာ ပေါ်ရှိလူသားအားလုံးရဲ့ (၈၆) ရာခိုင်နှုန်း မှာ ရာသီခွင် မှားယွင်းနေကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀ – ၃၀၀၀) ခန့်ကတည်းက နေ နဲ့ လရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာကြီးရဲ့ကောင်းကင် ပေါ်မှာမြင်ရတဲ့ ကြယ်အစုအဝေးတွေရဲ့ မတူညီတဲ့ သင်္ကေတ တွေကို သတိထားမိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အရင်နဲ့ မတူကွဲပြား တဲ့ သင်္ကေတ အသစ်တွေကို NASA က တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ကွဲလွဲချက်တွေက လ တစ်လ နီးပါး စာလောက် ကြာမြင့်တဲ့အတွက် ရာသီခွင် (၁၂) ခုအပြင် Ophiuchus လို့ အမည်ရတဲ့ နောက်ထပ် ရာသီခွင်အသစ်တစ်ခု ထပ်မံပေါင်းထည့် လိုက်ရတာဖြစ်ကြောင်း" ရေးသားထားတာပါ။

    ဒီသတင်းကို ဖုန်း၊ ကွန်ပျူတာ စတဲ့ နည်းပညာသတင်းတွေ ရေးသားဖော်ပြတဲ့ Digital Times သတင်းမီဒီယာမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ရေးသားဖြန့်ဝေခဲ့ပြီး ယင်းမီဒီယာရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ လည်း ထပ်မံဖြန့်ဝေခဲ့တာပါ။

    ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်ရှု့နိုင်ပါတယ်။ ယခုနှစ် ဇူလိုင်လထဲမှာ ထပ်မံဖြန့်ဝေနေမှုတွေကိုလည်း တွေ့လာရပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ခုတခါ တကြော့ပြန်ဖြန့်ဝေလာတဲ့အတွက် နိုင်ငံတကာက မီဒီယာတွေကလည်း သတင်းမှားသာ ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းနေကြပါတယ်။ ဒီသတင်းမှားနဲ့ပတ်သတ်ပြီး INDEPENDENT သတင်းဌာနကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖော်ပြခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    ဒီသတင်းကို ဘီဘီစီ မီဒီယာမှာတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်ပါ။ ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    ဒီဇွန်လအတွင်းမှာ ထပ်မံဖြန့်ဝေနေတာတွေနဲ့ ပါတ်သတ်ပြီး MASES - Myanmar Astronomy & Science Enthusiasts Society ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း သတင်းဌာနကြီးများရဲ့ သတင်းတွေကိုကိုးကားပြီး ပြန်လည် ဖြေရှင်းထားပါသေးတယ်။


    MASES ရဲ့ ပြန်လည်ဖြေရှင်းထားမှုအနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ အပြည့်အစုံ ဖတ်ရှု့နိုင်ရန် ဒီနေရာ ကိုဝင်ရောက်ပါ။

    "ရာသီခွင် (Zodiac sign) ဆိုတာ အာကာသ သိပ္ပံပညာ (astronomy) နဲ့ လားလားမှ သက်ဆိုင်ခြင်း မရှိပါဘူး။ သိပ္ပံပညာ (science) ထဲမှာ အကျုံးမဝင်တဲ့ တခြား ဘာသာရပ် တစ်ခုက အသုံးအနှုန်းပါ။ Zodiac sign ဆိုတာ သတ်မှတ်တဲ့ ရက်မှာ နေက ဘယ် constellation (တာရာ) မှာ ရှိသလဲဆိုတာကို မူတည် သတ်မှတ်ထားတဲ့ဟာပါ။ ကမ္ဘာက နေကို ဘဲဥပုံ လမ်းကြောင်းအတိုင်း လှည့်ပတ်နေတယ်။ ဒီတော့ တနေ့နဲ့ တနေ့ ကမ္ဘာက နေရဲ့ ဘယ်နေရာ မှာရှိလဲ ဆိုတာတွေကလည်း မတူဘူး။ ဒါကိုအသုံးပြုပြီး zodiac sign တွေကို ပြုလုပ်ထားတာပါ။ လုပ်ပုံက ကမ္ဘာကနေ နေဆီကို မျဉ်းဖြောင့်ဆွဲ၊ အဲ့ဒီ ဆွဲလိုက်တဲ့ မျဉ်းဖြောင့်က ကောင်းကင်ရဲ့ ဘယ် constellation ကို ညွှန်ပြနေလဲဆိုတာကို ကြည့်ပြီး အဲ့ဒီနေ့မှာ အဲ့ဒီ zodiac sign ဆိုပြီး သတ်မှတ်တာပါ။ ဒီလို တကယ့်ရာသီခွင်တွေက အမြဲတမ်း ပြောင်းနေတတ်တာမို့ ဂျာနယ်တွေထဲမှာ ပါတတ်တဲ့ ဘယ်ရက်ကနေ ဘယ်ရက်က ဘာရာသီခွင်တွေဆိုတာတွေကတော့ စိတ်ကူးယဉ် သတ်မှတ်ထားတဲ့ ပုံစံဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် လက်ရှိ သုံးနေတဲ့ ရာသီခွင်တွေက အပြောင်းအလဲ ရှိမှာ မဟုတ်သလို NASA ဆိုတာကလည်း Astronomy ဆိုတဲ့ သိပ္ပံဘာသာရပ်ကိုဘဲ လေ့လာတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် အဲ့ဒီ ရာသီခွင်တွေကို ပြင်တာတွေ၊ ဖြည့်စွက်တာတွေ လုပ်မှာ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်လဲ မရှိပါဘူး။" လို့ ရေးသားထားပါတယ်။

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး NASA အနေနဲ့ ရာသီခွင်တွေကို ပြောင်းလဲဖြည့်စွက်ခြင်း မရှိကြောင်းကို သိပ္ပံသတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ NewScientist ဝက်ဘ်ဆိုက်စာမျက်နှာမှာလည်း ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    star signsastrologyancient Babyloniansthe zodiacOphiuchusHeliophysicsastrological forecast
    Read Full Article
    Claim :   NASA က ၁၃ ခုမြောက် Zodiac sign (ရာသီခွင်) ကို ရှာတွေ့ခဲ့ရာ ပြင်ဆင်ဖြည့်စွက် ချက်ပြုလုပ်တဲ့အတွက် ရာသီခွင် အပြောင်းအလဲ ဖြစ်ပေါ်ကြောင်း ရေးသားဖော်ပြနေတဲ့အတွက် သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!