BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်မြို့အတွင်း Mask...
သတင်းအတု

ရန်ကုန်မြို့အတွင်း Mask မတပ်ဖို့တကယ်ကြေငြာသလား

ရန်ကုန်မြို့အတွင်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ဝတ်ဆင်တဲ့ နှာခေါင်းစည်းတပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီကရပ်ကွက်တချို့မှာလိုက်လံကြေငြာတယ်ဆိုတဲ့အကြောင်းအရာတွေအများအပြား ယခုရက်ပိုင်းအတွင်းလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2021 10:01 PM IST
  • ရန်ကုန်မြို့အတွင်း  Mask မတပ်ဖို့တကယ်ကြေငြာသလား

    ဒီဖြန့်ဝေမှုတွေကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကတည်းကလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လာခဲ့ပြီး သတင်းဌာနတချို့ကလည်းရေးသားတင်ဆက်ခဲ့ကြပါတယ်။ ဖြန့်ဝေမှုတချို့မှာတော့ ရန်ကုန်မြို့တွင်းမှာ Mask မတပ်ဖို့၊ လျှာထိုးဦးထုပ်မဆောင်းဖို့နဲ့ပြုလုပ်ပါက အရေးယူဖို့စစ်ကောင်စီကကြေငြာတယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။ဒီအကြောင်းအရာတွေဟာလူမှုကွန်ရက်အကောင့်တွေနဲ့ Page တချို့ကနေတဆင့်အမြောက်အများပျံ့နှံ့ခဲ့သလို မြို့တွင်းရပ်ကွက်တွေမှာလည်း တဆင့်စကားနဲ့ပျံ့နှံ့ခဲ့ပါတယ်။

    ပို့စ်တချို့ကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာအထက်ပါပုံစံအတိုင်းစစ်ကောင်စီလက်အောက်ခံတပ်သားတွေပြုမူနေတယ်ဆိုတဲ့အကြောင်းအရာတွေဟာ ပြည်သူတွေကြားထဲ ဒေါသပွားစရာဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ သတင်းရေးသားမှုတချို့မှာလည်း ဒေသခံတွေထံကသိရတယ်ဆိုတဲ့ အသုံးအနှုန်းတွေကလွဲလို့ တိကျရေရာတဲ့ သတင်းအရင်းအမြစ်တွေနဲ့ မျက်မြင်သက်သေ သို့မဟုတ် အမှန်တကယ်စစ်ခံရသူတွေကို မေးမြန်းရေးသားထားတာမျိုးတော့ မတွေ့ရှိရပါဘူး။

    အလားတူပဲတချိဲု့မြို့နယ်တွေမှာမော်တော်ယာဉ်နဲ့လှည့်ပတ်ကြေငြာတယ်ဆိုပေမယ့်ဖြန့်ဝေမှုတွေကို လေ့လာတဲ့အခါ အထက်ပါအတိုင်းကြေငြာတယ်ဆိုတဲ့အကြောင်းအရာတွေကို အမှန်တကယ်ကြားသိ ကြုံတွေ့သူတွေထံကရေးသားတာမျိုးရှားပါးခဲ့ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ရပ်ကွက်တွေထဲမှာ မော်တော်ယာဉ်တွေနဲ့လှည့်ပတ်ကြေငြာတယ်ဆိုတဲ့ရုပ်သံမျိုးတွေလည်းပေါ်ထွက်ခဲ့ခြင်းမရှိပါဘူး။ ပုံမှန်အားဖြင့် အထက်ပါဖြစ်စဉ်မျိုးကြေငြာတားဆီးတဲ့ ထုတ်ပြန်စာ ဒါမှမဟုတ်၊ လှည့်လည်ကြေငြာတဲ့ဖြစ်စဉ်မျိုးတွေရှိခဲ့ပါက ပြည်သူတွေကြားထဲကနေပဲ ရုပ်သံအထောက်အထားတွေထွက်ပေါ်လာလေ့ရှိပေမယ့် ယခုဖြစ်စဉ်မှာတော့ရုပ်သံအထောက်အထားတွေကို လူမှုကွန်ရက်မှာမတွေ့ရှိရပါဘူး။

    ဒီအကြောင်းအရာတွေပျံ့နှံ့ခဲ့ပြီးတဲ့နောက်စစ်ကောင်စီလက်အောက်ခံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ဒီလိုထုတ်ပြန်စေခိုင်းနေတာမျိုးမရှိ ကြောင်းနိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လည်ဖြေရှင်းထားပါတယ်။ ဒီအကြောင်းအရာကို တခြားမီဒီယာကြီးတွေမှာလည်း ဖော်ပြထားပါတယ်။


    BBC Burmese သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ ဒီလိုတုံ့ပြန်ဖြေရှင်းမှုတွေရှိပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ဒေသတချို့မှာ စစ်ဆေးမှုတွေပြုလုပ်တဲ့အခါ မသမာမှုတွေ၊ စည်းကမ်းအပြောင်းအလဲတွေနဲ့ ငွေညှစ်တောင်းခံမှုတွေရှိနေတာကြောင့် အခုပျံ့နှံ့လာတဲ့ကိစ္စအပေါ်မှာ လူထုကြားစိုးရိမ်မှုတွေရှိခဲ့ပါတယ်

    ဒီလအစောပိုင်းတုန်းကလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှာ Mask တပ်ထားသူတွေနဲ့ ဖုန်းမယူလာသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒဏ်ငွေရိုက်တယ်လို့ Mizzima သတင်းဌာနမှာ ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီသတင်းတစ်ပုဒ်လုံးမှာလည်း ဒေသခံတွေဆိုတဲ့ထံက သိရတယ်ဆိုတဲ့ သတင်းအရင်းအမြစ်တွေသာသုံးထားပေမယ့် အမှန်တကယ်စစ်ဆေးခံရပြီး အရေးယူခံရတယ်ဆိုတဲ့သူတွေကိုတော့ သတင်းအရင်းအမြစ်အနေနဲ့ထည့်သွင်းအသုံးပြုထားခြင်းမရှိခဲ့ပါဘူး။


    Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    military councilwearing masksMask မတပ်ရရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့Military Coupmilitary councils
    Read Full Article
    Claim :   ရန်ကုန်မြို့အတွင်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ဝတ်ဆင်တဲ့ နှာခေါင်းစည်းတပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားတယ်ဆိုတဲ့အကြောင်းအရာတွေအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!