BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Facebook ပေါ်မှာနောက်ပြောင်ထားတဲ့...
သတင်းအတု

Facebook ပေါ်မှာနောက်ပြောင်ထားတဲ့ အပန်းဖြေစခန်းကြော်ငြာ

မိတ္ထီလာ ရှန်တဲ လေတပ်စခန်းနာမှာ အပန်းဖြေစခန်း ဖွင့်ထားတယ် ဆိုတဲ့ကြော်ငြာဟာ နောက်ပြောင်ဝေမျှထားတဲ့ ကြော်ငြာအတုသာဖြစ်ပြီး ဒီကြော်ငြာအတုကို အမှန်ထင်မှတ်ပြီး ဝေဖန်မှု တွေထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  7 May 2020 8:38 PM IST
  • Facebook ပေါ်မှာနောက်ပြောင်ထားတဲ့ အပန်းဖြေစခန်းကြော်ငြာ

    ဒီ အကြောင်းအရာကို Kyaw Htet Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၅ ရက်နေ့ ည ၉ နာရီ ၅၀ မှာ ရေးတင်ခဲ့တာပြီးသူ့ရဲ့ ဖေ့စ်ဘွတ်ပိုစ်မှာ မိတ္ထီလာရှန်တဲ လေတပ်စခန်း ဘေးမှ သရက်ခြံသည် ၎င်း၏ ခြံဖြစ်ပြီး ခြံထဲလာပါက ထန်းရေနဲ့ ဆိတ်သားခြောက်ဖုတ် အလကား ကြွေးကြောင်း၊ ခွေသားလည်း ရရှိကြောင်း၊ အတွဲများလာရောက်ပါက အဆင်ပြေကြောင်း၊ ပြည့်တန်ဆာများလည်း ရရှိကြောင်း နဲ့ AIDS ရောဂါ ကူးစက်ခံရမှာ စိတ်ပူစရာ မလိုကြောင်းစတာတွေရေးသားပြီးဝေမျှခဲ့တာဖြစ်ပါတယ်။

    အဲ့ဒီအပြင်၎င်းရဲ့ ခြံဟာ ၁၂ ဧက ကျယ်ဝန်ပြီး မိတ္ထီလာမြို့ရှိ မေဂျာပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ လာရောက်ကာ ၁ လ ခန့် နေထိုင်လေ့ ရှိကြောင်းလည်းရေးသားထားပါတယ်။ မူရင်းအရေးအသားမှာ ညစ်ညမ်းတဲ့ အသုံးအနှုန်းမျာ ပါဝင်နေပြီး စာလုံးပေါင်းသတ်ပုံအမှားအယွင်းများစွာနဲ့ရေးသားထားတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Kyaw Htet Naing ဖေ့စ်ဘွတ် အကောင့်မှာ ရေးထားတဲ့ မိတ္ထီလာ ရှန်တဲ လေတပ်စခန်း အနီးက အပန်းဖြေစခန်း ဆိုတဲ့ပို့ဟာ တကယ်တော့ ပြည်ပနိုင်ငံတစ်ခုက ဓါတ်ပုံတွေကို အသုံးပြုထားတဲ့ကြော်ငြာပို့စ်အတုသာဖြစ်ပါတယ်။

    ၎င်း ဖေ့စ်ဘွတ်အကောင့်က ရေးထားတဲ့ မိတ္ထီလာ ရှန်တဲ လေတပ်စခန်း အနီးက အပန်းဖြေ စခန်းဆိုပြီး အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ထိုင်းနိုင်ငံ Chaiang Rai ခရိုင်၊ Ban Pong Srinagar ကျေးရွာက ကောက်ရိုးဟိုတယ်ရဲ့ ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ ၎င်းဟာ အဆိုပါ ဓါတ်ပုံတွေကို အသုံးပြုပြီးရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံ Chaiang Rai ခရိုင်က ဓါတ်ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

    ဒီလေိုရေသားထားတဲ့အကြောင်းအရာကို ထပ်ဆင့်ဝေမျှခဲ့သူ ၁၆၀၀ ကျော်ရှိနေပြီး ဝေမျှသူတွေထဲမှာတချိူ့က အမှန်တကယ်ယုံကြည်ပြီး ဝေမျှသူတွေရှိသလို၊ နောက်ပြောင်တဲ့သဘောနဲ့ဝေမျှသူတွေလည်းရှိပါတယ်။ ဒီအကြောင်းအရာအောက်မှာ မှတ်ချက်ပြုသူတွေရှိနေသလို ပို့စ်ပိုင်ရှင်က Comment တွေကို Reply ပြန်ရာမှာ လှောင်ပြောင်တဲ့အရေးအသားတွေနဲ့တုန့်ပြန်နေတာတွေလည်းရှိခဲ့ပါတယ်။

    Boom Myanmar အနေနဲ့ ပို့စ်ပိုင်ရှင်ရဲ့အကောင့်ကို လေ့လာခဲ့ရာမှာတော့ သူဟာ ဒီလိုကြော်ငြာအမှားတွေပဲရေးသားခဲ့တာမဟုတ်သလို ရှေ့မှာလည်း လူတွေထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားတွေ များစွာ ဝေမျှထားတာကိုလည်း တွေ့ရပါတယ်။ ဥပမာအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြဲတမ်းအပါးတော် ဗိုလ်ထွန်းလှ ခေါ် စာရေးဆရာ တက္ကသိုလ်နေဝင်းရဲ့ ဓါတ်ပုံကို အသုံးပြုပြီး ဗိုလ်ထွန်းလှက သူ့ရဲ့ပင်စင်လစာတွေ လှူဒါန်းမယ် ဆိုတဲ့ သတင်းအမှား ကိုလည်းဖန်တီးဖြန့်ဝေထားပါတယ်။


    အဲ့ဒီအပြင်ဒီ ဖေ့စ်ဘွတ် အကောင့်ဟာ နေ့စဉ်နဲ့ လိုလို သိန်းချီပြီး လှူဒါန်းနေပြီလို့ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေမှာ ရေးသားနေပြီး ၎င်းပိုစ့်ကို လူများတဲ့ Group တွေထဲ Share ပေးဖို့ ရေးသားနေပါတယ်။ Kyaw Htet Naing ဖေ့စ်ဘွတ်ဟာ ကိုရိုနာ ကပ်ဘေးကာလမှာ လူအများ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး follower များအောင် သတင်းအတုတွေ ရေးသားနေတယ်လို့ ယူဆရပါတယ်။

    Tags

    fake newsResort near MeikhtilaFake AccountFake give away
    Read Full Article
    Claim :   Kyaw Htet Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ မိတ္ထီလာ ရှန်တဲ လေတပ်စခန်းနာမှာ အပန်းဖြေစခန်း ဖွင့်ထားတယ် ဆိုတဲ့အကြောင်းအရာ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြဲတမ်းတမ်း အပါးတော် ဗိုလ်ထွန်းလှ ရဲ့ ဓါတ်ပုံကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေမှု တွေကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!