BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူကယ်ပြန် ဝန်ကြီးဌာနရဲ့အစည်းအဝေးကို...
သတင်းအတု

လူကယ်ပြန် ဝန်ကြီးဌာနရဲ့အစည်းအဝေးကို INGO တွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ နေပြည်တော်အစည်းအဝေးကို INGO ၅ ခု တက်ရောက်ကာ MOU ထိုးခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  10 March 2021 8:53 PM IST
  • လူကယ်ပြန် ဝန်ကြီးဌာနရဲ့အစည်းအဝေးကို INGO တွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

    ဒီရေးသားဖြန့်ဝေမှုတွေဟာ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၉ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့် နားလည်မှုလွဲမှားရာကနေ စတင်ပျံ့နှံ့ခဲ့တာပါ။ တကယ်တော့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ စာအရေးအသားရှင်းလင်းမှုမရှိတာကနေ နားလည်မှုလွဲမှားပြီး သတင်းထဲမှာဖော်ပြထားတဲ့ INGO အဖွဲ့အစည်း ၅ ခုအပေါ် ပြစ်တင်ရေးသား ဖြန့်ဝေနေတာပါ။

    လူကယ်ပြန်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လူကယ်ပြန်ဝန်ကြီးဌာနရဲ့ သတင်းထဲမှာပါဝင်ခဲ့တဲ့ People In Need ၊ Trocaire ၊ ChildFund Myanmar ၊ Christian Aid နဲ့ Mercy Corps (Myanmar) အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေကတဆင့် ပြန်လည်ဖြေရှင်းထားတဲ့အချက်တွေထဲမှာ "လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ နေပြည်တော်အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာလွှာ (MOU) ကလည်း သက်တမ်းကုန်ဆုံးပြီး ဖြစ်ကြောင်းနဲ့ MOU အသစ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း" ရေးသားထားတာ တွေ့ရတယ်။


    INGO အဖွဲ့အစည်းတွေရဲ့ ပြန်လည်ဖြေရှင်းထားမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    INGOMOUနားလည်မှုစာလွှာ (MOU)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနMyanmar military coup
    Read Full Article
    Claim :   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ နေပြည်တော်အစည်းအဝေးကို INGO ၅ ခု တက်ရောက်ကာ MOU ထိုးခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်စစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!