BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကြက်ဟင်းခါးရွက်က...
သတင်းအတု

ကြက်ဟင်းခါးရွက်က ခွေးရူးပြန်ရောဂါကို ကုသနိုင်သလား

ကြက်ဟင်းခါးရွက်ကို အရည်ညှစ်ပြီး ခွေးကိုက်ဒဏ်ရာကိုထည့်ပေးပါက ခွေးရူးရောဂါ ကုသနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အချက်အလက်မှားတွေကို လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေမှုအမြောက်အများရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Jan 2025 9:05 AM IST
  • ကြက်ဟင်းခါးရွက်က ခွေးရူးပြန်ရောဂါကို ကုသနိုင်သလား

    ဒီအကြောင်းအရာဟာ ၂၀၁၆ ခုနှစ်ကလည်း ပျံ့နှံ့ခဲ့ဖူးပြီး အခုတစ်ခါဖေစ့်ဘွတ်ပေါ်မှာနောက်တစ်ကြိမ်ဆက်လက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ခွေးပုံအချို့နဲ့ ကြက်ဟင်းခါးသီးပုံတွေ အသုံးပြုပြီး ‘ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်။ ရှယ်ထား ကြနော် တနေ့အသုံးဝင်ဒါပေါ့။ အသက်မရူံးဆုံရတော့ဘူး။ ခွေးရူးကိုက်ခြင်းဟာ အလွန်အန္တရာယ်ကြီး ပါတယ်။ ဒီအတွက် ငွေးကြေးအကုန်အကျ သက်သာစေရုံသာ မကဘဲ အစွမ်းလည်း ထက်တဲ့ ကြက်ဟင်းခါးရွက်နှင့် ကုသတဲ့ နည်းလမ်းလေး တွေကို မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထား ရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။ ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။ နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။ မသိသူများ အတွက် စေတနာဖြစ် မျှဝေခြင်း’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကြက်ဟင်းခါးရွက်က ခွေးရူးပြန်ရောဂါကို ပျောက်ကင်းစေတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လွဲမှားနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး‌ ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ လူကိုကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ခွေးရူးရောဂါနဲ့ ပက်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်ထားတဲ့ တယ်လီကျန်းမာ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ‘ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း’ ဆိုပြီး ရေးသားဖော်ပြထားတာ ရှိပါတယ်။

    ဒီထဲမှာ ခွေးကိုက်ခံရချိန်မှာ ‌အကိုက်ခံရ‌တဲ့ အနာကို အရွက်တွေအုံတာ၊ ထောင်းထုပြီး ထည့်တာ၊ ဆေးမှုန့်တွေ ထည့်တာ၊ မန်းမှုတ်တာ၊ အနာကို တင်းကျပ်စွာ ဖုံးအုပ်တာ၊ ပတ်တီးစီးတာ၊ ပလာစတာကပ်တာတွေ မလုပ်ရဘူးလို့ ဖော်ပြထား ပါတယ်။


    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ကြက်ဟင်းခါးရွက် ကြိတ်ပြီး အရည်ညှစ်ထည့်တာ၊ ထောင်းပြီး အနာပေါ်က အုံတာတွေ မလုပ်ရပါဘူး။

    အရေးကြီးတာက တိရိစ္ဆာန် တစ်ကောင်ကောင် အကိုက်ခံရပြီဆိုတာနဲ့ အနာကို ရေ၊ ဆပ်ပြာတွေနဲ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ အချိန်ကြာကြာ သေချာဆေးရမှာပါ။

    ဒီအကြောင်းအရာတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှာ ဖော်ပြထာတးတဲ့ ခွေးရူးရောဂါနဲ့ ပက်သတ်ပြီး မကြာခန မေးမြန်းခံရတဲ့ မေးခွန်းတွေကို ဘာသာပြန်ဖော်ပြထားတာပါ။


    တယ်လီကျန်းမာ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ ခွေးရူးရောဂါအကြောင်း အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှာ ဖော်ပြထာတးတဲ့ ခွေးရူးရောဂါနဲ့ ပက်သတ်ပြီး မကြာခန မေးမြန်းခံရတဲ့ မေးခွန်းတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အပွင့် ဝါဝါလေးတွေ ပွင့်တတ်ပြီး အရိုးတံ ပျော့ပျော့ စိမ်းစိမ်းလေးတွေရှိတဲ့ ကြက်ဟင်းခါးရွက်ဟာ ဗီတာမင်ကြွယ်ဝပြီး ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ် နဲ့ ဖော့စဖရိတ် တို့နဲ့ အဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ကြက်ဟင်းခါးရွက်ကို စားသုံးပေးခြင်းက ဆီးချို၊ လိပ်ခေါင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ပန်းနာရင်ကျပ်ရောဂါ၊ လည်ချောင်းနာတာ၊ အဆစ်ရောင်နာ၊ အသည်းရောင်အသားဝါ၊ အရေပြားပြဿနာနဲ့ လက်ဖျားခြေဖျားတွေပူတဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်းစေတယ်လို့ လူထုကျန်းမာရေးဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Hello Sayarwon မှာ ရေးသားဖော်ပြထားပါတယ်။


    ဒါပေမယ့် ကြက်ဟင်းခါးရွက်ကို မစားသင့်တဲ့ သူတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နှလုံးရောဂါ ရှိသူတွေ၊ အစာအိမ် ပြဿနာ ရှိသူတွေနဲ့ ဝမ်းပျက်လွယ်တဲ့ သူတွေကတော့ မစားသင့်ဘူးလို့ ရေးသားထား ပါတယ်။

    Hello Sayarwon မှာ ရေးသားဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ကြက်ဟင်းခါးရွက်ဟာ ခွေးရူးပြန်ရောဂါကို ကုသပျောက်ကင်းနိုင်တယ်ဆိုတာ အချက်အလက် မှား ဖြစ်ပါတယ်။

    Tags

    Fakenewsအချက်အလက်အမှားသတင်းမှား
    Read Full Article
    Claim :   ကြက်ဟင်းခါးရွက်က ခွေးရူးပြန်ရောဂါကို ကုသနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!