BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆော်ဒီနိုင်ငံမှာ ပထမဆုံးအကြိမ်...
သတင်းအတု

ဆော်ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် နှင်းကျတယ်ဆိုတဲ့ သတင်းအမှား

ဆော်ဒီအာရေဗျနိုင်ငံက သဲကန္တာရမှာ ပထမဆုံးအကြိမ် နှင်းကျပြီး ဂျပန်နိုင်ငံက ဖူဂျီတောင်မှာတော့ နှင်းတွေ မရှိတော့ဘူး ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 Nov 2024 8:24 AM IST
  • ဆော်ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် နှင်းကျတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို နိုဝင်ဘာလ ပထမအပတ်အတွင်းကစပြီး သတင်းဌာန အမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ လူအချို့ရဲ့ အကောင့်တွေက တဆင့် ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဆော်ဒီနိုင်ငံက နှင်းကျနေတဲ့ သဲကန္တာရ ပုံအချို့နဲ့ ဂျပန်နိုင်ငံက နှင်းတွေ ရှိမနေသေးတဲ့ ဖူဂျီတောင်ရဲ့ ပုံတွေနဲ့အတူ 'ဆော်ဒီအာရေဗျ သဲကန္တာရမှာ ပထမဆုံးအကြိမ် နှင်းကျ။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ဂျပန်က ဖူဂျီတောင်မှာ နှင်းတွေ ကင်းစင်သွားသလို ဆော်ဒီက သဲကန္တာရမှာလည်း ပထမဆုံး အကြိမ်နှင်းတွေကျဆင်းခဲ့ပါတယ်' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက် မှားယွင်းနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    ပထမ အချက်အနေနဲ့ ဖြန့်ဝေထားတဲ့ ပုံအချို့ဟာ ယခင်နှစ်တွေမှာ ရိုက်ကူးထားတဲ့ ပုံဟောင်းတွေကို အသုံးပြုပြီး အခုချိန် ဖြစ်နေသလိုမျိုး ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်ရှု့ပါ။


    အထက်ပါပုံမှာ ဘယ်ဘက်က ပုံမှာ ၂၀၁၃ ခုနှစ်က ရိုက်ကူးထားတာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ Tabuk မြို့ နားက Aleghan ဆိုတဲ့ ဒေသမှာ နှင်းတွေ ကျနေတဲ့အချိန် Mohammed Albuhaisi ဆိုတဲ့ ဓာတ်ပုံဆရာ ရဲ့ လက်ရာဖြစ်ပါတယ်။

    ညာဘက်က ပုံကတော့ Riyadh xpress ဆိုတဲ့ ဝက်ဆိုက်မှာ 2020 ခုနှစ်က ဖော်ပြထားတဲ့ ဆောင်းရာသီမှာ ဆော်ဒီအာရေးဗီးယားရဲ့ အအေးဆုံး ၇ မြို့အကြောင်း ဆောင်းပါးမှာ ပါတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

    မူရင်းပုံတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီဓာတ်ပုံတွေနဲ့ စာတွေအရ ဆော်ဒီအာရေးဗီးယားမှာ ပထမဆုံးအကြိမ် နှင်းကျတယ်ဆိုတဲ့ အချက်ဟာ မှားယွင်းတယ် ဆိုတာ သိနိုင်ပါတယ်။

    ဒါ့အပြင် AP သတင်းဌာနရဲ့ ပြီးခဲ့တဲ့ နှစ်အတွင်းက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ပါ အချက်အလက်ရ ဆော်ဒီနိုင်ငံမှာ နှစ်စဉ် နှစ်တိုင်း နှင်းတွေ ကျလေ့ရှိတယ်လို့ မိုးလေဝသပညာရှင် တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။

    AP သတင်းဌာရဲ့ ဖော်ပြထားတဲ့ သတင်းကလည်း ပြီးခဲ့တဲ့ နှစ်အတွင်းက အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေတဲ့ ဆော်ဒီနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံး အကြိမ် နှင်းကျတယ်ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဆန်းစစ်ထားတဲ့ သတင်းပါ။


    သတင်းထဲမှာ ဆော်ဒီနိုင်ငံ AccuWeather က အကြီးတန်း မိုးလေဝသပညာရှင် Alan Reppert က ဆော်ဒီအာရေဗျမှာ နှင်းကျတာ အထူးအဆန်း မဟုတ်ကြောင်းနဲ့ အထူးသဖြင့် နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေမှာ နှင်းထူထပ်စွာ ကျတတ်တယ်လို့ ပြောထားတာပါ။

    သူက “ဆော်ဒီအာရေဗျမှာ နှင်းကျပါတယ်။ မကြာခဏ မဟုတ်တောင် တနှစ်မှာ တစ်ကြိမ်၊ တစ်နှစ်ခြားတစ်ခါ တော့ ကျတတ်ပါတယ်’ လို့ ပြောထားပါတယ်။

    AP သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်မှာ နိုဝင်ဘာလ ၆ ရက်နေ့က စတင်ပြီး နှင်းတွေကျနေတာကို ပြန်လည် တွေ့ရှိရပြီ လို့

    ဂျပန်နိုင်ငံ အခြေစိုက် NHK WORLD-JAPAN သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်တွေမှာ အောက်တိုဘာလ အစောပိုင်းကစပြီး နှင်းတွေ ကျလေ့ရှိကြောင်း၊ ယခုနှစ် ဆီးနှင်း ကျဆင်းမှု နောက်ကျတာဟာ ၁၉၅၅ နဲ့ ၂၀၁၆ ခုနှစ် တို့ရဲ့ စံချိန်ကို ကျော်လွန်ပြီး ပိုမိုနောက်ကျခဲ့ခြင်းသာ ဖြစ်တယ်လို့ Aljazeera သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဖူဂျီတောင်ရဲ့ အောက်တိုဘာလ ပျမ်းမျှအပူချိန်ဟာ ပုံမှန်အားဖြင့် အနုတ် ၂ ဒီဂရီစင်တီဂရိတ် ခန့်ရှိပေမယ့် ဒီနှစ်မှာ ၁.၆ ဒီဂရီစင်တီဂရိတ် အထိ ရှိနေပြီး ဒါဟာ ၁၉၃၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး အပူချိန်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။


    ဒီလို ဆီးနှင်းကျဆင်းမှု နောက်ကျတာဟာ အံ့ဩဖွယ်ရာဖြစ်ပေမယ့် ဒါကို ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်လို့ ခေါင်းစဉ် တပ်ဖို့တော့ စောသေးကြောင်း၊ အချက်အလက်တွေကို သေချာ စစ်ဆေးဖို့ လိုအုံးမှာ ဖြစ်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ရဲ့ တာဝန်ရှိသူက ပြောဆိုထားတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

    Aljazeera သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဆော်ဒီအာရေဗျ မှာ ပထမဆုံး နှင်းကျတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဂျပန်ဖူဂျီတောင် နှင်းကျနောက်ကျတယ်ဆိုတဲ့ အကြောင်းအရာတွေကို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီး လူတွေစိတ်ဝင်စားအောင် ရေးသားနေကြာတာသာ ဖြစ်ပါတယ်။

    ဒီလို ရာသီအလိုက် ရေးပြီးဖြန့်ဝေနေတဲ့ သတင်းအမှားတွေဟာ နှစ်စဉ် အချိန်မှန်မှန် ပြန်လည်ပေါ်လာ တာပဲ ဖြစ်ပါတယ်။

    Tags

    Saudi ArabiaFakenewsသဲကန္တာရFake Weather newsfake photo
    Read Full Article
    Claim :   ဆော်ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် နှင်းကျတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!