BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရေးမြို့မှာ PDF က ခရီးသွားတွေကို...
သတင်းအတု

ရေးမြို့မှာ PDF က ခရီးသွားတွေကို ခြိမ်းခြောက်ပြီး လက်သုံးချောင်းထောင်ခိုင်းတယ် ဆိုတဲ့သတင်းအမှား

မွန်ပြည်နယ်၊ ရေးမြိုနယ်မှာ PDF အဖွဲ့ဝင်တွေက ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကို တားကာ လက်နက်ပြခြိမ်းခြောက်ပြီး အဓမ္မလက်သုံးချောင်းထောင်ခိုင်းနေတယ်လို့ လိမ်ညာရေးသားထားတဲ့သတင်းအမှားတချို့းီရက်ပိုင်းထဲ ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  15 Feb 2022 3:56 PM IST
  • ရေးမြို့မှာ PDF က ခရီးသွားတွေကို ခြိမ်းခြောက်ပြီး လက်သုံးချောင်းထောင်ခိုင်းတယ် ဆိုတဲ့သတင်းအမှား

    ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေနေတဲ့ ၁ မိနစ်ကျော်ကြာ ရုပ်သံဖိုင်ထဲမှာ PDF အဖွဲ့ဝင်တွေက ခရီးသွားကားတွေနဲ့စကားပြောဆိုနေတာတွေ ပါဝင်ပါတယ်။ ယင်းရုပ်သံကို ဖြန့်ဝေရာမှာ "ရေးမြိုနယ်မှာ PDF အမည်ခံအကြမ်းဖက်အုပ်စုက ခရီးသွားယာဥ်များကို တားဆီးကာ လက်နက်ပြခြိမ်းခြောက်၍ လက်သုံးချောင်းထောင်ခိုင်းသည့်ရုပ်သံ လူမှုကွန်ရက်ပေါ်၌ ထွက်ပေါ်ကြောင်း၊ အကြမ်းဖက်သမားများသည် ခရီးသည်များ လက်သုံးချောင်းထောင်နေသည်ကို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ယူကာ ခရီးသွားပြည်သူများမှ ၎င်းတိုနှင့်ပူးပေါင်းပါဝင်တယ်လို့ လိမ်ညာဝါဒဖြန့်လိုသဖြင့် ယခုကဲ့သို ပြုလုပ်ခြင်းဖြစ်ကြောင်း" တွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် အာရှလမ်းမပေါ်မှာ (MSRU /ရေးဘီလူး /YSTF) မဟာမိတ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ကပြည်သူတွေနဲ့ မိတ်ဆက်စဉ်ရိုက်ကူးဖြန့်ဝေထားတဲ့ Video ဖြစ်ပါတယ်။မူရင်းဗီဒီယိုနဲ့ ဖြစ်စဉ်မှာ ခြိမ်းခြောက်ထားတာမျိုးမပါဝင်သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းဖို့ပြောဆိုချက်တွေသာပါဝင်ခဲ့ပါတယ်။

    မူရင်းဖြန့်ဝေခဲ့တဲ့ Video ထဲမှာ ခရီးသွားတွေကို PDF အဖွဲ့ဝင်တွေက ဗွီဒီယိုမှတ်တမ်းလိုချင်ကြောင်း ရှင်းပြပြောဆိုနေတာ တွေ့ရပြီး "မကြောက်ပါနဲ့ မကြောက်ပါနဲ့" လို့ ပြောဆိုနေသလို အမျိုးသမီး PDF အဖွဲ့ဝင်တစ်ဦးရဲ့ "တချက်ပူးပေါင်းပေးပါနော်" ဆိုတဲ့ အသံလည်း ကြားရပါတယ်။ နောက်ထပ် PDF အဖွဲ့ဝင်တစ်ဦးရဲ့ "အားလုံး ကိုယ့်ကားပေါ် ကိုတက်လို့ရပါပြီ။ ကားပေါ်ပြန်တက်တဲ့ အချိန်မှာ ကျွန်တော်တို့ကို လက်ခံရင် လက်သုံးချောင်းထောင်ပြီးတက်ပေးပါ။ ဒီလောက်ပါပဲ နော်။ အဲ့ဒီမှတ်တမ်းလေးတွေတော့ ယူခွင့်ပေးပါ။ လက်သုံးချောင်းမထောင်လည်း ဘာမှမဖြစ်ပါဘူး။ ဒီလောက်ပါပဲ။" လို့ ပြောဆိုထားတာ တွေ့ရပါတယ်။

    သတင်းမီဒီယာတွေမှာ ဖော်ပြထားချက်အရ အဆိုပါဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် အာရှလမ်းမပေါ်မှာ (MSRU /ရေးဘီလူး /YSTF) မဟာမိတ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပေါင်းကာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရာ ပြည်သူကို မိတ်ဆက်တာ ဖြစ်တယ်လို့ သိရပါတယ်။


    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    လက်နက်ပြ ခြိမ်းခြောက်stopped passenger carsYay TownshipMilitary Coupmilitary councilလက်သုံးချောင်းထောင်ခိုင်FakenewsMyanmar militaryPDF members
    Read Full Article
    Claim :   မွန်ပြည်နယ်၊ ရေးမြိုနယ်မှာ PDF အဖွဲ့ဝင်တွေက ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကို တားကာ လက်နက်ပြခြိမ်းခြောက်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!