BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ်နီလင်းအောင်...
သတင်းအတု

ဗိုလ်ချုပ်နီလင်းအောင် ရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိမှာ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူး တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်နီလင်းအောင် အသတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 May 2023 10:09 AM IST
  • ဗိုလ်ချုပ်နီလင်းအောင် ရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၁ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မအလရဲ့ အကြီးစား လူမိုက် ဗိုလ်ချုပ် နီလင်းအောင် ရှင်းလင်းခံရ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ ခေတ်သစ်မီဒီယာမှာ မေလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ ‘မင်းအောင်လှိုင် လက်ကိုင်တုတ် စစ်ရာဇဝတ်မှုများ၏ တရားခံ လူမိုက် ဗိုလ်ချုပ်နီလင်းအောင်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မူရင်းသတင်းထဲမှာ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်ရဲ့ တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအကြောင်းတွေကို ရေးသားဖော်ပြထားတာပါ။ဗိုလ်ချုပ်နီလင်းအောင်က ကရင်နီပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူလူထု အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေမှာ အဓိက တာဝန်ရှိသူဖြစ်တဲ့အကြောင်းတွေ ရေးသားဖော်ပြထားပါတယ်။

    ဒါပေမယ့် ခုဖြန့်ဝေထားမှုတွေထဲမှာ ဗိုလ်ချုပ်နီလင်းအောင် ရှင်းလင်းခံရတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးMassacreAssassinatedလုပ်ကြံFakenewsစစ်ရာဇဝတ်မှုတိုင်းရင်းသားဒေသEthnic regionClickbaits
    Read Full Article
    Claim :   တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူး တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်နီလင်းအောင် အသတ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!