BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စက်ရုပ်တွေကို ကိုယ်ဝန်ဆောင်စေမယ့်...
သတင်းအတု

စက်ရုပ်တွေကို ကိုယ်ဝန်ဆောင်စေမယ့် နည်းပညာ အီလွန်မတ်စ် တီထွင်နေတယ်ဆိုတဲ့ သတင်းအမှား

တက်စ်လာကားကုမ္ပဏီရဲ့ စီအီးအို၊ ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က အနာဂတ်မှာ လူသားတွေ ကိုယ်စား ကိုယ်ဝန်ဆောင်နိုင်တဲ့ စက်ရုပ်တွေ တီထွင်ဖို့ လုပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Jan 2025 9:02 PM IST
  • စက်ရုပ်တွေကို ကိုယ်ဝန်ဆောင်စေမယ့် နည်းပညာ အီလွန်မတ်စ် တီထွင်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads မှာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ 'Elon Musk Revolutionizes the Future: Pregnant Robots Set to Transform Motherhood and Say Goodbye to Human Pregnancies' လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ AI (သို့) ဖိုတိုရှော့ လိုမျိုး ဆော့ဝဲတွေ အသုံးပြု ဖန်တီးထားတဲ့ စက်ရုပ်က ကိုယ်ဝန်ဆောင် ကလေးမွေးတဲ့ ပုံစံ ဓါတ်ပုံတွေ အသုံးပြုပြီး ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စက်ရုပ်တွေကို ကိုယ်ဝန်ဆောင်စေမယ့် နည်းပညာ အီလွန်မတ်စ် တီထွင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက ကျင်းပခဲ့တဲ့ Tesla ရဲ့ “We, Robot” ပွဲမှာ အီလွန်မတ်စ်က robovan နဲ့ robotaxi အကြောင်းကို မိတ်ဆက်ခဲ့ပေမယ့် ကိုယ်ဝန်ဆောင်စက်ရုပ်အကြောင်း တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာတာမျိုး မရှီခဲ့ပါဘူး။

    “We, Robot” ပွဲ အကြောင်း ထုတ်ပြန်ထားတဲ့ Tesla ရဲ့ youtube ချန်နယ်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အီလွန်မတ်စ်ရဲ့ လုပ်ငန်းတွေဖြစ်တဲ့ SpaceX နဲ့ Tesla တို့ရဲ့ တရားဝင်ဝက်ဆိုက်တွေမှာလည်း ကိုယ်ဝန်ဆောင်စေမယ့် စက်ရုပ်နည်းပညာ အကြောင်း ထုတ်ဖော် ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဒီလို အကြောင်း အရာမျိုး ရေးသားဖော်ပြထားတာ မရှိပါဘူး။

    အီလွန်မတ်စ်ရဲ့ လက်ရှိလုပ်ကိုင်ပြောဆိုနေတဲ့ ပရောဂျက်တွေကတော့ Cybercab robotaxi (လူသားယာဉ်မောင်း မပါပဲ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ် တက်စီ) ဝန်ဆောင်မှုအကြောင်းနဲ့ Starship ပရောဂျက် အကြောင်းပဲ ဖြစ်ပါတယ်။

    အီလွန်မတ်စ်ရဲ့Tesla ဟာ 2021 ခုနှစ်ကတည်းက Tesla bot ဆိုတဲ့ လူသားစက်ရုပ်ကို ဖန်တီးနေတာ ဖြစ်ပေမယ့် အခုဖြန့်ဝေနေတဲ့ ကိုယ်ဝန်ဆောင်စေမယ့် စက်ရုပ်နည်းပညာ အကြောင်းကတော့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

    ဒီပရောဂျက်တွေအကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေပေါ်မှာ အကျယ်တဝင့်ဖော်ပြခံရပြီးချိန်မှာတော့ အီလွန်မတ်စ်နဲ့ ဆက်စပ်တဲ့ သတင်းမှားတွေ၊ ကောလဟလ တွေ တစ်ခုပြီး တစ်ခု ထွက်ပေါ်နေတာပါ။

    လတ်တလောမှာ ဆိုရှယ်မီဒီယာ Threads ပေါ်မှာ ဒီလို သရော်စာတွေကို လိုသလိုယူပြီး သတင်းပုံစံ ဖြန့်ဝေနေတဲ့ သတင်းတု၊ သတင်းမှားတွေ အများအပြား ထွက်ပေါ်နေပါတယ်။

    Tags

    စက်ရုပ်ဇနီးတီထွင်မှုဘီလျံနာသတင်းအတုသတင်းမှားFakenews
    Read Full Article
    Claim :   စက်ရုပ်တွေကို ကိုယ်ဝန်ဆောင်စေမယ့် နည်းပညာ အီလွန်မတ်စ် တီထွင်နေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!