BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တွေ အကျဉ်းထောင်မှာ...
သတင်းအတု

စစ်တွေ အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ပြီဆိုတဲ့ သတင်းအမှား

By - Boom Live Myanmar |
Published -  25 March 2020 2:28 PM IST
  • စစ်တွေ အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ပြီဆိုတဲ့ သတင်းအမှား

    ဒီသတင်းကိုဘယ်သူဘယ်ဝါမှန်းမသိပဲ အကောင့်ပိုင်ရှင်ရဲ့ ဓါတ်ပုံတောင် ဖေါ်ပြမထားတဲ့ တိုက်တိုင်းအောင် ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်ကနေ မတ်လ ၂၄ ရက်နေ့မှာ စတင်ရေးသားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်ဆင့်ဝေမျှမှူ ( Share ) ပြုလုပ်သူ ၃၀၀ ကျော် ရှိနေပါတယ်။

    အဆိုပါ သတင်းအမှားကို လက်ရှိအချိန်မှာ တဆင့်ပြန်လည် မျှဝေသူ ၃၀၀ ကျော်ရှိနေပြီး ဆက်လက် ဖြန့်ဝေလျှက်ရှိနေပါတယ်။
    ဒီသတင်းဘာကြောင့်မှားသလဲ
    ယခုပို့စ်ရေးသားတဲ့ လက်ရှိအချိန် မတ်လ ၂၅ ရက်နေ့လည် အထိ မြန်မာတစ်နိုင်ငံလုံးမှာ Covid-19 ရောဂါတွေ့ရှိထားတာ စူစူပေါင်းသုံးယောက်သာရှိနေသေးပြီးအဲ့ဒီထဲမှာ ရခိုင်ဒေသကတစ်ဦးတစ်ယောက်မှ မပါဝင်သေးပါဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကို ဒီလင့်တွေမှာဝင်ကြည့်ပါ။


    အဲ့ဒီ Facebook ပို့စ်မှာ အကျဉ်းသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးတာကိုတွေ့ရှိကြောင်း အခြားအကျဉ်းသားများစစ်ဆေးကြည့်ရာ ဝူဟန်(ကိုရိုနာ) သံသယ လူနာများ

    ထပ်မံတွေ့ရှိခဲ့ကြောင်းတွေထည့်သွင်းရေးသားထားပေမယ့်ဒီသတင်းကိုအတည်ပြုမယ့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်ရဲ့နာမည်ကိုတော့ထည့်သွင်းရေးသားထားတာမရှိပါဘူး။


    အလားတူပဲ အကျဉ်းထောင်ကို နိုင်ငံတကာအဖွဲ့အစည်းတွေလာရောက်ပြီး ရောဂါဖြစ်ပွားသူကို ရန်ကုန်ကို သယ်ဆောင်သွားမှာဖြစ်ကြောင်း စစ်တွေအကျဉ်းထောင်ကို ဆေးလာဖြန်းမှာ
    ဖြစ်ကြောင်းစတာတွေရေးထားပေမယ့်လည်း ဘယ်သတင်းဌာန ဘယ်တာဝန်ရှိအဖွဲ့အစည်းကိုမှကိုးကားရေးသားထားတာမဟုတ်ပါဘူး ။

    အဲ့ဒီအပြင်အခုရေးသားဝေမျှထားတဲ့စစ်တွေအကျဉ်းထောင်မှာကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်ဆိုတဲ့အ ကြောင်းအရာကို ဘယ်ဌာနကမှတရားဝင်ထုတ်ပြန်ထားတာမျိူးမရှိသေးပါဘူး။
    ဒါကြောင့်အကြောင်းအရာဟာ သတင်းအမှားသက်သက်သာဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့သတင်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊စတဲ့ဌာနတွေက ဆက်တိုက်ထုတ်ပြန်နေပြီး
    အဲ့ဒီကထုတ်ပြန်တဲ့အချက်အလက်တွေကိုသာ သတင်းမှန်အဖြစ်နဲ့လက်ခံယုံကြည်ရမှာဖြစ်ပါတယ်။







    Tags

    fake newscovid19coronavirus
    Read Full Article
    Claim :   အဲ့ဒီ Facebook ပို့စ်မှာ အကျဉ်းသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးတာကိုတွေ့ရှိကြောင်း အခြားအကျဉ်းသားများစစ်ဆေးကြည့်ရာ ဝူဟန်(ကိုရိုနာ) သံသယ လူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်းတွေထည့်သွင်းရေးသားထားပေမယ့်ဒီသတင်းကိုအတည်ပြုမယ့် တာဝန်ရှိသူ တစ်ဦးတစ်ယောက်ရဲ့နာမည်ကိုတော့ထည့်သွင်းရေးသားထားတာမရှိပါဘူး။
    Claimed By :  တိုက်တိုင်းအောင် Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!