BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဟတ်ယာဉ်...
      သတင်းအတု

      စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုပြီး ဖြန့်နေတဲ့ ဗွီဒီယိုဖိုင်အမှား

      စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုပြီး ဖြန့်နေတဲ့ တချို့ဗွီဒီယိုဖိုင်တွေက မှားယွင်းနေပြီး အခြားအဖြစ်အပျက်တစ်ခုရဲ့ ဗွီဒီယိုပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  6 May 2021 12:29 PM IST
    • စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုပြီး ဖြန့်နေတဲ့ ဗွီဒီယိုဖိုင်အမှား

      စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျတယ်ဆိုပြီး မိနစ်ဝက်ခန့် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ မေလ ၃ ရက်နေ့မှာ စတင်ပျံ့နေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။

      အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် The Telegraph ဆိုတဲ့ သတင်းဌာနက ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က သူတို့ရဲ့ Youtube ချန်နယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဆီးရီးယားလေတပ် ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတဲ့ အကြောင်းကို ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။


      မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒီဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်တွေက မှားနေတယ်ဆိုပေမယ့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းကတော့ အမှန်ပဲ ဖြစ်ပါတယ်။

      ကချင်ပြည်နယ် မိုးမောက်မြို့ ကုန်းလောကျေးရွာအနီးမှာ မေလ ၃ ရက်နေ့က စစ်ကောင်စီရဟတ်ယာဉ် တစ်စီး KIA ၏ပစ်ခတ်မှုကြောင့် ပျက်ကျသွားတယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဖုန်းနဲ့ အတည်ပြုပြောကြားတယ်ဆိုပြီး ဧရာဝတီသတင်းဌာန မှာ ဖော်ပြထားပါတယ်။


      သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      "မနက် ၈ နာရီကျော် ၉ နာရီလောက်ကတည်းက သူတို့ (စစ်ကောင်စီ) က လေယာဉ်ပျံ့နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတာ။ ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ အဲ့ဒါခုခံပြီးတော့ ပစ်လိုက်လို့ အခုလို ထိမှန်သွားတာဖြစ်ပါတယ်လို့" ဗိုလ်မှူးကြီး နောဘူက ပြောထားပါတယ်။

      Tags

      စစ်ကောင်စီရဟတ်ယာဉ်ရဟတ်ယာဉ်ပျက်ကျFake videohelicopter crashmilitary aircraft
      Read Full Article
      Claim :   စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုပြီး ဖြန့်နေတဲ့ တချို့ဗွီဒီယိုဖိုင်တွေက မှားယွင်းနေတဲ့အကြောင်း BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!