BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေအပေါ်...
သတင်းအတု

ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေအပေါ် လုပ်ကြံရေးသားနေတဲ့ သတင်းအမှားတွေ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သတ်ပြီး အချက်အလက်အမှားတွေ လုပ်ကြံဖန်တီးကာ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  15 Feb 2022 4:02 PM IST
  • ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေအပေါ် လုပ်ကြံရေးသားနေတဲ့ သတင်းအမှားတွေ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဖေဖော်ဝါရီလ အစောပိုင်းက KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီးမှာ သတင်းမှားတွေကို တန်ပြန်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒီသတင်းအမှားတွေကို Manaw Myay ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Oo Sitt ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ သတင်းပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ရေးသားဖြန့်ဝေနေတာပါ။

    ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဖြန့်ဝေခဲ့တဲ့ သတင်းမှာ "ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် KIA PDF ပူးပေါင်းအဖွဲ့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA PDF ပူးပေါင်းအဖွဲ့မှ တပ်ရင်းမှူးအဆင့်အပါအဝင် အင်အား ၃၀ ဦး သေဆုံး၊ ၅၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ KIA PDF ပူးပေါင်းအဖွဲ့မှ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်တဲ့ ဂျရာယန်စခန်းအား သာလွန်အင်အားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက် အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ မှ တပ်ရင်းမှူးဖြစ်သူ အပါအဝင် အင်အား ၃၀ ဦး သေဆုံးခဲ့ပြီး ၅၀ ဦးခန့်မှာ ပြင်းထန်စွာ ဒဏ်ရာများ ရရှိသွားကြောင်း" တွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဖေဖေါ်ဝါရီ ၆ ရက်နေ့ ဖြန့်ဝေတဲ့ သတင်းမှာလည်း "ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်းရှိ မနော့မှော်တွင် KIAနှင့် PDF ပူးပေါင်းအဖွဲ့မှ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျလို့ အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ KIA PDF ပူးပေါင်းအဖွဲ့မှ စစ်ကောင်စီတပ်အား လက်နက်ကြီးနဲ့ ပစ်ခတ်စဉ်အတွင်း လက်နက်ကြီး ကျည်တစ်လုံးက ကပ်မှော်ဇွပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း" ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြစ်စဉ်အမှန်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က စစ်ကောင်စီရဲ့ ဂျာရာယန် တပ်စခန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က KIA၊ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များတဲ့အတွက် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာမှာ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းမှာ ရဟတ်ယာဉ် နှစ်စီးနဲ့ တပ်သားတွေအတင်အချလုပ်ပြီး အင်အား ဖြည့်တင်းနေတဲ့ ဗွီဒီယိုဖိုင်နဲ့ သတင်းကို မဇ္ဈိမသတင်းဌာနမှာ ဖော်ပြထားတာလည်း ရှိပါတယ်။

    ဒီသတင်းထဲမှာပဲ နန့်ယားကျေးရွာအနီး မနော့မှော် တစ်ဝိုက်မှာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၁၂ နာရီက စစ်တပ်က ဂျက်လေယာဉ် နှစ်စီးနဲ့ တစ်ကြိမ်၊ ညနေ ၃ နာရီခန့်မှာ လေယာဉ်တစ်စီးနဲ့ တကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military Coupmilitary councilKIA PDF Collaboration TeamKIA၊PDF ပူးပေါင်းအဖွဲ့ကချင်ပြည်နယ်Kachin State
    Read Full Article
    Claim :   ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် KIA PDF ပူးပေါင်းအဖွဲ့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA PDF ပူးပေါင်းအဖွဲ့မှ တပ်ရင်းမှူးအဆင့်အပါအဝင် အင်အား ၃၀ ဦး သေဆုံး၊ ၅၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!