BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပန်ဆယ်လိုနဲ့မျိုးရန်နောင်သိမ်း...
သတင်းအတု

ပန်ဆယ်လိုနဲ့မျိုးရန်နောင်သိမ်း အစ္စလာမ်ဘာသာဝင်အဖြစ်ခံယူတယ်ဆိုတဲ့သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အစ္စလာမ် ဘာသာရေးအဖွဲ့ရဲ့ နာမည် အသုံးပြုပြီး အွန်လိုင်းထင်ရှားသူတွေဖြစ်တဲ့ ပန်ဆယ်လိုနဲ့ မျိုးရန်နောင်သိန်းတို့အစ္စလာမ်ဘာသာဝင်အဖြစ်ခံယူတယ်ဆိုတဲထုတ်ပြန်ချက် အတုတစ်စောင် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  5 July 2021 5:54 PM IST
  • ပန်ဆယ်လိုနဲ့မျိုးရန်နောင်သိမ်း အစ္စလာမ်ဘာသာဝင်အဖြစ်ခံယူတယ်ဆိုတဲ့သတင်းအတု

    အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားရေးအမည်နဲ့လှုပ်ရှားနေတဲ့ စစ်တပ်ထောက်ခံသူတွေက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ ထုတ်ပြန်ချက်ရဲ့ ခေါင်းစဉ်မှာ "၂၀၂၁ ခုနှစ် အလ္လာရှင်မြတ်ထံ ယုံကြည်စွာ ခိုလှုံခြင်း အသိပေးကြေငြာချက်" လို့ ရေးထားပါတယ်။

    ထုတ်ပြန်ချက်အတုထဲမှာ "မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြသည့် (၁) ဦးမျိုးရန်နောင်သိန်း၊ (၂) စာရေးဆရာမ အိပန်ဆယ်လို တို့သည် ၂-၇-၂၀၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူယောက်မြို့ရှိ အစ္စလာမ်မစ် စင်တာတွင် အလ္လာရှင်မြတ်အား သက်ဝင်ယုံကြည်စွာ ခိုလှုံခဲ့သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး အနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်း တင်အပ်ပါသည်" လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် သတင်းစာ စက္ကူပုံစံ ဖန်တီးထားတဲ့ သတင်းအတု တစ်ပုဒ်နဲ့လည်း အဆိုပါ အကြောင်းအရာကို ထပ်မံဖြန့်ဝေထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့ရဲ့ နာမည်အသုံးပြုပြီး ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဘာသာရေးအသုံးချပြီး ဖြန့်ဝေထားတဲ့ စာအတုဖြစ်ကြောင်း တွေ့ရပါတယ်။

    အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့မှာ ပါဝင်တဲ့ ဘာသာရေးခေါင်းဆောင် တစ်ဦးကို Boom Myanmar က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်ကြောင်း အတည်ပြုပါတယ်။

    သတင်းစာစက္ကူပုံစံ ဖန်တီးထားတဲ့ သတင်းအတုတွေဟာလည်း ရွေးကောက်ပွဲ ကာလမှာ NLD ပါတီကိုတိုက်ခိုက်ဖို့ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားဖြန့်ဝေမှု ပုံစံတွေ ဖြစ်ပြီး ဒီရက်ပိုင်း ပြန်လည် ထွက်ပေါ်လာတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

    ဒီသတင်းအမှား ဖြန့်ဝေတဲ့ သူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို လိုက်လံစစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံတဲ့ အမျိုးသားရေးအမည်နဲ့ လှုပ်ရှားနေသူတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

    Tags

    False statementNationalistRacistIslamic religious groupCoupထုတ်ပြန်ချက်အတုအစ္စလာမ်ဘာသာရေးအဖွဲ့မဘသ
    Read Full Article
    Claim :   အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့ရဲ့ နာမည်အသုံးပြုပြီး ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!