BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီကို အမေရိကန်က...
သတင်းအတု

စစ်ကောင်စီကို အမေရိကန်က ဝင်တိုက်မယ်ဆိုတဲ့ သတင်းအမှား

အမေရိကားမှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို FBI ကခေါ်ယူစစ်ဆေးနေတဲ့အပြင် မြန်မာကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေယခုရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2022 7:33 AM IST
  • စစ်ကောင်စီကို အမေရိကန်က ဝင်တိုက်မယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "အမေရိကားမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်သူတွေကို FBI ကခေါ်ပြီးစစ်ဆေးကာ ဘဏ်ငွေစာရင်းတွေကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း၊ အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုတွေ အပါအဝင် ပြင်သစ်ရေငုတ်သင်္ဘောနဲ့ ဗြိတိသျှလေယာဉ်တင် သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်မှာ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ ရှိနေကြောင်း၊ တရုတ်ကို စစ်ဆိုင်ထားပြီး အမေရိကန်အမျိုးသားအကျိုးစီးပွါးခြိမ်းခြောက်သူ အဖြစ် မြန်မာပြည်စစ်ကောင်စီကို စစ်ရေးအရဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း" တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေိကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို စစ်တပ် အာဏာသိမ်းကာစ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းကဝေမျှဖူးခဲ့ပြီး Melvin Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ ၇ ထောင်နီးပါးလည်း ရှိခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ထိုစဉ်က သူပြောဆိုခဲ့သလို အမေရိကန်စစ်တပ်က မြန်မာပြည် စစ်ကောင်စီကို စစ်ရေးအရဝင် ရောက်တိုက်ခိုက်တာ၊ တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ တစ်ခုမှ မရှိခဲ့ပါဘူး။ ယခင်ဖြန့်ဝေဖူးတဲ့ စာသားတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

    Tags

    မေရိကန်FBI ကခေါ်ယူစစ်ဆေးအမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုUS Navyပြင်သစ်ရေငုတ်သင်္ဘောဗြိတိသျှလေယာဉ်တင် သင်္ဘောတောင်တရုတ်ပင်လယ်South China SeaUnited StatesBurmese military councilMilitary Coup
    Read Full Article
    Claim :   အမေရိကားမှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို FBI ကခေါ်ယူစစ်ဆေးနေတဲ့အပြင် မြန်မာကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!