BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီတပ်များကို...
သတင်းအတု

စစ်ကောင်စီတပ်များကို ထိုင်းလေကြောင်းပိုင်နက် အသုံးပြုတယ်ဆိုတဲ့ သတင်းအမှား

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်များကို ထိုင်းလေကြောင်းပိုင်နက် ၅ မိုင်အထိ ဝင်ရောက်တိုက်ခိုက်ဖို့ ထိုင်းနိုင်ငံ အစိုးရက ခွင့်ပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  8 May 2021 10:43 AM IST
  • စစ်ကောင်စီတပ်များကို ထိုင်းလေကြောင်းပိုင်နက် အသုံးပြုတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို တပ်မတော်အားပေးထောက်ခံတဲ့ ဖေစ့်ဘွတ်ဂရုတွေ ပေချ့်တွေမှာ မေလ ၄ ရက်နေ့က စတင်ပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ထိုင်းကတော့ လကြောင်းပိုင်နက်(5)မိုင်အထိ ဝင်ခွင့်ပေးလိုက်ပါပြီ။ KNLA သေဖို့သာ စောင့်နေပေတော့။ MI-35နဲ့တိုက်မည့်အစား JF-17နဲ့သာတိုက်ပါ။ နစက အစိုးရကြီးခင်ဗျား" ဆိုပြီး ဖြန့်ဝေနေကြတာပါ။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်က ကေအင်န်ယူထိန်းချုပ်နယ်မြေတွေကို ပြီးခဲ့တဲ့ လကစပြီး လေကြောင်းစစ်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်းလေပိုင်နက်ထဲကို ဝင်ရောက်ပစ်ခတ်ခွင့်ရတယ်ဆိုတဲ့အချက်ဟာ ဖြစ်နိုင်စရာ မရှိပါဘူး။

    ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄,၀၀၀ခန့် ၎င်းတို့ရဲ့ နေရပ်ကိုစွန့်ခွာကြပြီး ဘေးလွတ်ရာ ထိုင်းနိုင်ငံအတွင်းကို တိမ်းရှောင်ကြရမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha က "ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများအတွက် ပြင်ဆင်မှုတွေ ပြုနေကြောင်း၊ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာ မကြိုက်ပေမယ့် လူ့အခွင့်အရေးကိုတော့ လိုက်နာရမှာဖြစ်ကြောင်း" The Guardian သတင်းဌာနမှာ တောင်ဖော်ပြခဲ့ပါသေးတယ်။


    ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးဒုက္ခသည် စခန်တွေရှိနေတာဖြစ်ပြီး အဆိုပါနေရာတွေအထိ ဝင်ရောက်တိုက်ခိုက်ခွင့် ပေးမယ်မယ်ဆိုတာ ဘယ်လိုမှဖြစ်နိုင်ဖွယ်မရှိပါဘူး။

    The Guardian သတင်းဌာနမှာ ဖော်ပြထားချက်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    မြန်မာလေတပ်အနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တရုတ်နယ်စပ်မှာ ဖြစ်ပွားခဲ့ချိန်တုန်းကလည်း တရုတ်နယ်စပ်ကို အကြိမ်များစွာ ဖြတ်သန်းမိပြီး လေကြောင်းတိုက်ခိုက်မှု တစ်ခုက တရုတ်လယ်သမားတွေကို ထိခိုက်သေကျေစေခဲ့တဲ့အတွက် တရုတ်ရဲ့ သတိပြင်းပြင်းထန်ထန် သတိပေးခံရပါသေးတယ်။


    The Diplomat မီဒီယာမှာ ဖော်ပြထားတဲ့ အကြောင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဧပြီလနောက်ပိုင်းမှာ ကေအင်န်ယူတပ်မဟာ(၅) က သံလွင်မြစ်ကမ်းပေါ်ကတပ်မတော်စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အတွက် တပ်မတော်က လေကြောင်းမှ တုန့်ပြန်တိုက်ခိုက်မှုပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကရင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ပြန်လည်စတင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။

    ဒါကြောင့် ဒီဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာဖြစ်ပြီး ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး ယုံကြည်ရတဲ့ သတင်းဌာနတွေ မှာလည်း ဖော်ပြထားတာ မတွေ့ရှိရပါ။

    Tags

    AirspaceMyanmar AirforceThai AirspaceFalsenewsထိုင်းလေပိုင်နက်
    Read Full Article
    Claim :   ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်များကို ထိုင်းလေပိုင်နက် ၅ မိုင်အထိ ဝင်ရောက်တိုက်ခိုက်ဘို့ ထိုင်းအစိုးရက ခွင့်ပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!