BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM လေယာဉ်တွေအတွက် ဩစတြေးလျက...
သတင်းအတု

CDM လေယာဉ်တွေအတွက် ဩစတြေးလျက လေပိုင်နက်ဖွင့်ပေးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီလေတပ်က CDM လုပ်ပြီးလာတဲ့ လေယာဉ်တွေကို ဩစတြေးလျနိုင်ငံ လေပိုင်နက်ထဲ ဝင်ခွင့်ပေးမယ်လို့ ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2022 9:07 AM IST
  • CDM လေယာဉ်တွေအတွက် ဩစတြေးလျက လေပိုင်နက်ဖွင့်ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို Myanmar Myanmar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ တကြိမ်၊ ညပိုင်းမှာ တစ်ကြိမ် ရေးသားဖြန့်ဝေ ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းဟာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာတဲ့ စစ်သားတွေကို ဩစတြေးလျ အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်အပြီးမှာ စတင်ဖြန့်ဝေလာတာပါ။

    မူရင်းရေးသားမှုထဲမှာ "လေတပ်က လေယာဉ်ပျံတွေ CDM ဝင်လာရင် ဩဇီလေပိုင်နက်ကို ဖွင့်ပေးထားပါတယ်"၊ "မှားပြီး ကျဲချလို့ လေယာဉ်ပျံခိုင်းဖို့ ကြောက်နေပါပြီ။ ဩဇီကလည်း လေတပ် CDM တွေ လေယာဉ် နှင့်တကွ လာခဲ့ပါတဲ့" ဆိုပြီး ရေးသား ဖြန့်ဝေနေတာပါ။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံနဲ့ ကပ်လျက် အိမ်နီးခြင်းနိုင်ငံမဟုတ်တဲ့ ဩစတြေးလျနိုင်ငံက သူ့ရဲ့ လေပိုင်နက်ထဲ လေယာဉ်မောင်းခွင့်ပေးဖို့ ဆိုတာမဖြစ်နိုင်တဲ့အချက်အလက်ဖြစ်ပါတယ်။ ဩစတေးလျနိုင်ငံက CDM စစ်သားတွေကို ပြည်ဝင်ခွင့်ဗီဇာ ပေးတယ်ဆိုတဲ့သတင်းရဲ့ နောက်ဆက်တွဲအနေနဲ့ လုပ်ကြံရေးသားထားတဲ့ သတင်းမှား သက်သက်သာ ဖြစ်ပါတယ်။

    ဩစတေးလျနိုင်ငံက CDM စစ်သားနှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာ ပေးတယ်ဆိုတဲ့ သတင်းကို မဲလ်ဘုန်းအခြေစိုက် The Age သတင်းဌာနနဲ့ The Sydney Morning Herald သတင်းဌာနတွေမှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ လူ ၅၁၃ ဦး အကာအကွယ်ပေးရေး ဗီဇာတွေ ပေးထားပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ပြည်ဝင်ခွင့်ဗီဇာ ပေးတယ်ဆိုတဲ့သတင်းကြောင့် တပ်တွင်း လှုပ်ခတ်မှု ကြီးကြီးမားမားရှိနေပြီး သုံးရက်အတွင်း CDM ပြုလုပ်သူ ၄၀နီးပါးအထိ ရှိတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောဆိုတဲ့အကြောင်း DVB သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။လက်ရှိဖြန့်ဝေနေကြတဲ့အကြောင်းအရာမှာပါသလို လေပိုင်နက် အသုံးပြုခွင့်နဲ့ ပတ်သတ်ပြီး ဩစတေးလျအစိုးရကကြေငြာထားခြင်းလုံး၀မရှိသလို မည်သည့်မီဒီယာမှာမှ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။

    အာဏာသိမ်းမှုအပြီး စစ်တပ်နဲ့ အစိုးရဌာနတွေရဲ့ ယန္တယားပျက်ယွင်းရပ်တန့်ဖို့ ကြိုးပမ်းမှုတွေထဲမှာ CDM လှုပ်ရှားမှုဟာအတော်အတန်ရိုက်ခတ်ခဲ့ပြီး ဒီလှုပ်ရှားမှုကစစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။ တဖက်မှာတော့ CDM ပါဝင်ဖို့ လှုပ်ရှားမှုနဲ့အတူ ဒီလိုသတင်းအမှားတွေကိုလုပ်ကြံရေးသားမှုတွေလည်းရှိနေပါတယ်။ ဒီလိုသတင်းအမှားတွေဟာ CDM လုပ်လိုသူတွေအတွက် တွန်းအားဖြစ်ဖို့ဖန်တီးကြတာမျိုးရှိသလိုတဖက်မှာလည်း သတင်းအမှားတွေဖြန့်ဝေပြီးမူလရည်ရွယ်ချက်တွေကို ဝေဝါးစေဖို့ဖြန့်ဝေတာမျိုးလည်းရှိနေပါတယ်။

    Tags

    ဩစတြေးလျနိုင်ငံလေပိုင်နက်CDM aircraftပြည်ဝင်ခွင့်ဗီဇာCDM လေယာဉ်ဗီဇာprotection visasAustraliaMyanmar military defectorsmilitary force
    Read Full Article
    Claim :   စစ်ကောင်စီလေတပ်က CDM လုပ်လာတဲ့ လေယာဉ်တွေကို ဩစတြေးလျနိုင်ငံ လေပိုင်နက်ထဲ ဝင်ခွင့်ပေးမယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!