BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထန်တလန်မြို့ မီးလောင်တဲ့ ဖြစ်စဉ်ကို...
သတင်းအတု

ထန်တလန်မြို့ မီးလောင်တဲ့ ဖြစ်စဉ်ကို ပုံဖျက်ထားတဲ့ သတင်းအမှား

ထန်တလန်မြို့ မီးလောင်တဲ့သတင်းဟာ နိုင်ငံတကာမှာ ပုံရိပ်ကျဖို့ PDF တွေက သတင်းဌာနတွေကတဆင့် လုပ်ကြံထားတဲ့ သတင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2022 7:03 PM IST
  • ထန်တလန်မြို့ မီးလောင်တဲ့ ဖြစ်စဉ်ကို ပုံဖျက်ထားတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှာ စတင်ရေးသား ဖြန့်ဝေလာတာဖြစ်ပြီး "ထန်တလန်မြို့ မီးလောင်တဲ့ သတင်းဟာ နိုင်ငံတကာမှာ ပုံရိပ်ကျအောင် PDF တွေက လုပ်ကြံထားတာဖြစ်ကြောင်း၊ အစပိုင်းမှာ လူတွေက ယုံခဲ့ပေမယ့် ဖြစ်စဉ်အမှန်ကို အစိုးရက ပြန်ရှင်းခဲ့ကြောင်း၊ ဒီသတင်းကို ခေတ်သစ် ဧရာဝတီနဲ့ မဇ္ဈိမ သတင်းဌာနတွေက ဖွခဲ့တာ ဖြစ်ကြောင်း" ရေးသားထားပြီး ထန်တလန်မြို့ မီးလောင်နေတဲ့ မြင်ကွင်းတွေပေါ်မှာ PDF အဖွဲ့ကြောင့်ဆိုပြီး ပျက်စီးဆုံးရှုံးမှုတွေ ရေးသားထားတဲ့ ၂ မိနစ်ခွဲခန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့ တွဲပြီး ဖြန့်ဝေနေတာပါ။

    သတင်းကို စစ်ကောင်စီ ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဂရုတွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထန်တလန်မြို့ မီးလောင်တဲ့ သတင်းကို ခေတ်သစ် ဧရာဝတီနဲ့ မဇ္ဈိမ သတင်းဌာနတွေမှာတင် မကပဲ Myanmar Now၊ RFA၊ BBC နဲ့ VOA စတဲ့ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ စက်တင်ဘာ ၉ ရက်နေ့ ကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့အထိ အချိန် လေးလအတွင်း မီးရှို့ခံရမှု ၁၃ ကြိမ်မှာ ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံး သွားတယ် RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    သတင်းထဲမှာ အိမ်တွေကို မီးရှို့တာဟာ စစ်တပ်လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောထားတာ ရှိသလို ထန်တလန် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားတာ ရှိပါတယ်။


    နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပေမယ့် ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာငွန်ထောင်းမာန်က ထန်တလန်က အသင်းတော်ဆရာ တစ်ပါးအသတ်ခံရကာ မတူပီက ဆရာတော်တပါးလည်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး သတင်းအစအန ပျောက်နေကြောင်း ပြောဆိုထားပါတယ်။

    ဒါ့အပြင် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းကလည်း နေအိမ်တွေ မီးရှို့ခံရတာဟာ စစ်တပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ပြောထားပါတယ်။

    သတင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military CoupFakenewsmilitary forcePDF membersHtantalanChin Stateထန်တလန်မြို့ထန်တလန်မြို့ မီးလောင်ဘုရားကျောင်း ငါးကျောင်းမီးလောင်
    Read Full Article
    Claim :   ထန်တလန်မြို့ မီးလောင်တဲ့သတင်းဟာ နိုင်ငံတကာမှာ ပုံရိပ်ကျဖို့ PDF တွေက သတင်းဌာနတွေကတဆင့် လုပ်ကြံ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!