BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်ထိန်းချုပ်မှုနဲ့ပတ်သက်လို့...
သတင်းအတု

ကိုဗစ်ထိန်းချုပ်မှုနဲ့ပတ်သက်လို့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းအမှား

အိန္ဒိယက လှူဒါန်းထားတဲ့ဆေးနဲ့ သွေးရည်ကြည်ကုထုံးတွေကြောင့် ရန်ကုန်မှာ ရောဖြစ်ပွားမှုကျဆင်းလာပြီဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2020 7:37 PM IST
  • ကိုဗစ်ထိန်းချုပ်မှုနဲ့ပတ်သက်လို့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းအမှား

    အခက်အခဲကာလအတွင်းမှာ အားတက်စေ၊ ပျော်ရွင်စေတဲ့ သတင်းတွေဖတ်ရတာ ကောင်းပေမယ့် အချက်အလက် မမှန်ကန်တဲ့ မခိုင်လုံတဲ့ သတင်းတွေကြောင့် မလိုလားအပ်တာတွေ ဖြစ်ပေါ်မလာစေဖို့ BOOM အနေနဲ့ ဒီသတင်းကို သတင်းဆန်းစစ်ချက် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

    ဒီသတင်းကို ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်ပေါင်းမြောက်များစွာကနေ ဖြန့်ဝေနေကြတာဖြစ်ပြီး"ဝမ်းသာစရာ သတင်းပါ..ရန်ကုန်အဆင်ပြေစပြုနေပြီနော်...ဒီရက်ပိုင်းအတွင်း ရောဂါသက်သာလို့ လူနာ ထောင်ဂဏန်းလောက် ဆေးရုံကနေ ထပ်ဆင်းမယ်...ဝမ်းသာဖို့ကောင်းတာက အိန္ဒိယက လှူဒါန်းထားတဲ့ ကိုဗစ်ကုသဆေးကလဲ တော်တော်လေး အလုပ်ဖြစ်တယ်..ရန်ကုန်က အိုကေတော့မှာပါ... သွေးရည်ကြည်ကုထုံးရယ် အိန္ဒိယက လှူဒါန်းထားတဲ့ ဆေးရယ် ပေါင်းစပ်လိုက်တော့..ကျားကို တောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားပြီပေါ့ဗျာ… ဟုတ်တယ်... ကိန်းဂဏန်းတွေ တက်နေတာက..နယ်တွေမှာ ရန်ကုန်ပြန်တွေကြောင့်..နက်ဖြန်ကနေစပြီး နယ်တွေမှာလဲ သွေးရည်ကြည်ကုထုံးနဲ့ အိန္ဒိယကနေ လှူဒါန်းထားတဲ့ ဆေးတွေပေါင်းစပ်ပြီး...ကိုဗစ်ကို စကိုင်တော့မယ်" ဆိုပြီး ရေးသားဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ပထမဆုံးအနေနဲ့ ရန်ကုန်အဆင်ပြေစပြုနေပြီလို့ ပြောဆိုရေးသားနေတာတွေဟာ မှန်ကန်မှု မရှိပါ။ ရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ ရောဂါအသစ်ထပ်တွေမှုတွေများပြားနေဆဲ ဖြစ်ပါတယ်။ ရောဂါသက်သာတဲ့ လူနာတွေ ဆေးရုံကဆင်းနေကြတယ်ဆိုပေမယ့် အသစ်တွေလူနာတွေ နေ့စဉ် ထောင်ဂဏန်းလောက်ရှိနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အတည်ပြုလူနာတွေ့ရှိမှုကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


    ရေးသားဖြန့်ဝေနေမှုမှာပါတဲ့ အိန္ဒိယက လှူဒါန်းထားတဲ့ ကိုဗစ်ကုသဆေးဆိုတာ Remdesivir ဆေးကို ရည်ညွှန်းတာဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) ရောဂါကုသရေးတွင် အသုံးပြုရန် အတွက် Remdesivir ထိုးဆေး ၃၀၀၀ ကို မြန်မာအစိုးရထံ လှူဒါန်းထားတာပါ။

    လက်ရှိမှာ ဒီဆေးကို လူနာထောင်ဂဏန်းအတွက်သာ အသုံးပြုနိုင်ပြီး ဆေးထပ်ရအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာ ၁၂ ရက်နေ့ညပိုင်းက ပြည်သူတွေကို ပြောဆိုတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ထားပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာမှာ လက်ရှိမှာ ဒီဆေးဟာ အများကြီးမရှိကြောင်း၊ ထောင်ဂဏန်းလောက် အတွက်သာသုံးနိုင်ကြောင်းနဲ့ ထပ်ပြီးရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားထားတာပါ။ DVB သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဆိုလိုသည်မှာ မြန်မာနိုင်ငံမှာ Remdesivir ဆေး အနည်းငယ်သာ ရှိသေးတဲ့အတွက် ရေးသားဖြန့်ဝေမှုတွေမှာ ပြောနေသလို လူနာတိုင်းကို ကုသနိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။

    မြန်မာနိုင်ငံမှာ အန္ဒိယက လှူဒါန်းထားတဲ့ Remdesivir ဆေး အလုံး ၃၀၀၀ နဲ့ ဝယ်ယူထားတဲ့ အလုံးရေ ၁၅၀၀၀ သာရှိသေးပြီး ဆက်လက်ဝယ်ယူသွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။


    ဒီဆေးအလုံးရေ တစ်သောင်းခွဲဝယ်ယူထားပြီး မြန်မာနိုင်ငံတွင်းက ကိုဗစ် ၁၉ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ လူနာတွေမှာအသုံးပြုနေတာ နှစ်ပတ်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း၊ ဒါပေမယ့် ဒီဆေးက ရောဂါလက္ခဏာ တစ်စုံတရာ မပြတဲ့လူတွေနဲ့ ရောဂါအရမ်းပြင်းထန်နေတဲ့ လူတွေမှာ အသုံးပြုရာ အကျိုးသက်ရောက်ခြင်းမရှိဘူးလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားထားတဲ့အကြောင်း DVB သတင်းဌာနမရဲ့ Youtube ချန်နယ်မှာ အောက်တိုဘာလ ၁၁ ရက် ဖော်ပြခဲ့ပါတယ်။

    ဒေါက်တာခင်ခင်ကြီးက ပြောထားတာမှာ Remdesivir ဆေးကို အလယ်အလတ်ရောဂါခံစားနေရသူတွေမှာ သုံးရင်တော့ ဆေးရုံတက်ရောက်ရတဲ့ ရက်ကို လျှော့ချပေးစေနိုင်တယ်လို့ ဆိုထားပါတယ်။ DVB သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ဒီဆေးတွေကြောင့် ရောဂါသက်သာပြီး ရန်ကုန်အဆင်ပြေတော့မယ်ဆိုပြီး ရေးသားပြောဆိုနေမှုတွေဟာ မှားယွင်းကြောင်းနဲ့ သတိပေါ့လျော့စွာ မနေထိုင်ကြဘို့ BOOM က ရေးသားတင်ပြလိုက်ပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၇-၁၀-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၄,၈၇၅)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၆,၃၇၀)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၈၃၈)ဦး ရှိကြောင်းသိရပါတယ်။



    Tags

    COVID-19Covid-19 patientသွေးရည်ကြည်ကုထုံး#Bio WeaponoutbreakVaccineCoronavirus VaccineIndia Vaccine
    Read Full Article
    Claim :   အိန္ဒိယက လှူဒါန်းထားတဲ့ဆေးနဲ့ သွေးရည်ကြည်ကုထုံးတွေကြောင့် ရန်ကုန်မှာ ရောဖြစ်ပွားမှုကျဆင်းလာပြီဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!