BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စီး...
သတင်းအတု

စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စီး ပစ်ချခံခဲ့ရပါသလား

လွိုင်ကော်နဲ့ ကရင်ပြည်နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီ ရဟတ်ယာဉ်တွေကို ဒေသခံ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ် ထားပါတယ်။

By - Boom Live Myanmar |
Published -  20 Jan 2022 12:45 PM IST
  • စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စီး ပစ်ချခံခဲ့ရပါသလား

    လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တစီးနဲ့ တင့်ကားတစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ပြီးနောက် ဖြန့်ဝေမှုတွေ ရှိလာတာပါ။

    KNDF ရဲ့ သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစင်းကို ည ၈ နာရီခန့်မှာ ပစ်ချနိုင်ခဲ့ပြီး လွိုင်ကော်မြို့၊ ဒေါမူကလား ကျေးရွာအနီးမှာ ပျက်ကျကာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ KNDF ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့ဟောင်းအနီးမှာ ဇန်နဝါရီလ ၁ဝရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစီး အမြီးပိုင်းထိမှန်ကာ ပြန်ထွက်သွားခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

    သတင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကို မေးမြန်းထားရာ မနက် ၇ နာရီ၈ နာရီခန့်ကတည်းက ကော့ကရိတ် မြို့ဟောင်းဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဟတ်ယာဉ် ပျက်ကျတယ်ဆိုတာ အတည်ပြုလို့ မရကြောင်း၊ သို့သော် ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု အောက်ကို ပြုတ်ကျလာတာတော့ အတည်ပြုနိုင်ကြောင်း ပြောကြားထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းနောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပစ်ချလိုက်တယ်ဆိုပြီး သတင်းတွေ ထပ်မံထွက်ပေါ်လာတာပါ။

    သတင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး ဒေါမူကလား ကျေးရွာအနီးမှာ ပျက်ကျတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပစ်ခတ်တိုက်ခတ်မှုကြောင့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ထိမှန်သွားကြောင်း၊ မီးခိုးငွေ့တွေ ထွက်ပြီး ပြန်သွားကြောင်း၊ ရဟတ်ယာဉ်ပြန်သွားတာက ပြည်နယ်ရဲ့ အနောက်ဘက်ခြမ်းကို ပြန်သွားတာဖြစ်ကြောင်း၊ ခုပျက်ကျတယ်ဆိုပြီး သတင်းထွက်နေတာက အရှေ့ဘက်မှာဖြစ်တယ်လို့ ပြောဆိုနေတဲ့အတွက် ကောလဟလ ဖြစ်နိုင်ကြောင်း၊ မြေပြင်မှာ ပြန်လည်စုံစမ်း ကြည့်ရာမှာလည်း ပျက်ကျတာ မရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားပါတယ်။

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့ဟောင်းအနီးတိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ရော့ကတ်နဲ့ ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တကသကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုဇေယျာလွင်ကို ဧရာဝတီသတင်းဌာနက မေးမြန်းထားတာမှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတာ မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်ရာနေရာမှာ ရှိနေကြောင်း၊ ပြန်လည်ပစ်ခတ်မှုကြောင့် ထိကောင်း ထိနိုင်ပေမယ့် လေယာဉ်ပျက်ကျတယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။


    ဒီအချက်တွေကို ဧရာဝတီသတင်းဌာနက အတည်ပြုထားတာဖြစ်ပြီး မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

    Tags

    military helicopterhelicopter shot downစစ်ရဟတ်ယာဉ်ပစ်ချခံရMilitary CoupAirstrikeFalsenewsmilitary council
    Read Full Article
    Claim :   စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စီး ပစ်ချလိုက်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှု
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!