BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၀န်းသိုမြို့နယ်ထဲက ရွာပေါင်း ၉...
သတင်းအတု

၀န်းသိုမြို့နယ်ထဲက ရွာပေါင်း ၉ ရွာခန့်ကို PDF တပ်ဖွဲ့ဝင်တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

၀န်းသိုမြို့နယ်ထဲက ကျေးရွာပေါင်း ၉ ရွာခန့်ကို PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်ဆို ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  29 April 2022 7:51 PM IST
  • ၀န်းသိုမြို့နယ်ထဲက ရွာပေါင်း ၉ ရွာခန့်ကို PDF တပ်ဖွဲ့ဝင်တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်တွေနဲ့ ပေချ့်တွေမှာ ဧပြီလ ၂၈ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ "၀န်းသိုမြို့နယ်ထဲက ကျေးရွာပေါင်း ၉ ရွာခန့်ကို PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ပိုမိုလုပ်ဆောင်လာတဲ့အတွက် PDF တပ်ဖွဲ့ဝင်တွေက ရွာတွေကို ဝင်ရောက်မီးရှို့ ထွက်ပြေးခဲ့တာဖြစ်ကြောင်း၊ ၀န်းသိုမြို့နယ်ထဲက ဥသျှစ်ခုန်၊ ကျောက်ပေါက်ခုံ၊စိန်လည် ၊ သပြေသာ၊ ရှမ်းစုရွာ၊အောင်ကုန်းရွာ တွေမှာ အိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အပြင် အနီးအနားက ရွာသုံးရွာပါ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း" တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မြို့နယ်အတွင်းရှိ ရွာပေါင်း ၉ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရမှုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေကို ကိုးကားကာ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဖြန့်ဝေမှုထဲက စာသားတွေဟာ BBC သတင်းဌာနမှာ ဧပြီ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ သတင်းစာသားအချို့ကို ကူးယူဖော်ပြခဲ့တာ လည်း ဖြစ်ပါတယ်။ BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဧပြီ ၂၃ရက်နေ့က ၀န်းသိုမြို့နယ်ထဲက စိန်လည်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ အနီးအနားကျေးရွာတွေ မီးရှို့ ခံရတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    တချို့သတင်းဌာနတွေရဲ့ ဖော်ပြမှုမှာ စိန်လည်ရွာက အမျိုးသမီး တဦးကတော့ မီးထဲပါသွားကြောင်းနဲ့ သပြေသာရွာမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးကိုလည်း မီးမရှို့ဖို့ တားတဲ့အတွက် စစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြထားပါတယ်။ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် Kawlin Revolution-KR ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း ရွာတချို့ မီးရှို့ခံထားရမှု အခြေအနေကို ဗီဒီယိုဖိုင်နဲ့တကွ ဧပြီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားပါတယ်။


    Kawlin Revolution-KR ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    PDF troops set fire9 villages were burned၀န်းသိုမြို့နယ်Kawlin PDFရွာမီးရှို့Military Coupmilitary force
    Read Full Article
    Claim :   ၀န်းသိုမြို့နယ်ထဲက ကျေးရွာပေါင်း ၉ ရွာခန့်ကို PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!