BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • KIA တပ်ရင်း ၁၁ ကို...
      သတင်းအတု

      KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီတပ်တွေက သိမ်းတယ်ဆိုတဲ့သတင်းအမှား

      ပုံဟောင်းတွေ အသုံးပြုပြီး နမ်တီးနယ်ထဲက KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတစ်ခုက သိမ်းပိုက်တယ်ဆိုတဲ့အကြောင်းအအရာတွေလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Oct 2021 2:40 PM IST
    • KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီတပ်တွေက သိမ်းတယ်ဆိုတဲ့သတင်းအမှား

      ဖြန့်ဝေမှုတွေကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဂရုတွေမှာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင်နေတာ ဖြစ်ပါတယ်။ ရေးသားထားရာမှာ "သတင်းအမှန်မဟုတ်ဘူးဆိုတဲ့ နီပိတ်တွေ ကြည့်၊ နမ်တီးဂွင်ထဲက kia ရင်း၁၁ ကို တပ်မ စကခ ( ၇ ) လက်အောက်ခံ နဗဟ ၃ရင်းက 20-4-2018 ရက် ညနေမှာ အေါင်မြင်စွာ သိမ်းပိုက်လိုက်ပါပြီ၊ မိခင်တပ်က လက်နက်၅၉လက် ရရှိပါတယ်။ ဆက်လက်ရှာနေတုန်း ယခု စာရေးချိန်ထိ အလောင်းကတော့မပြောတော့ပါဘူး။ ကျန် ၂ရင်းကလဲ လက်နက် ၉၀ကျော်ရပါတယ်။ စုစုပေါင်း၁၅၀ကျော်သွားပါပြီ။ ဆက်လက်ရှာဖွေနေတုန်းပါပဲ" လို့ ရေးသား ဖြန့်ဝေထားတာပါ။

      ဖြန့်ဝေရာမှာ "ဆက်လက်ရှာဖွေနေဆဲ့ ယခုစာရေးချိန်ထိ" လို့ ရေးသားထားပေမယ့် ရက်စွဲ (20-4-2018) ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေမှုမှာပါတဲ့ ဓါတ်ပုံတွေကို ရှာဖွေကြည့်ရာမှာ အစောဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က TAI NUWE ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ တင်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ဒီဖြဟ်စဉ်ဟာ KIA တပ်ရင်း ၁၁ နဲ့ မြန်မာစစ်တပ် ဖြစ်တဲ့ တိုက်ပွဲလည်း မဟုတ်သလို ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်နေ့မှာ ဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။

      ပုံထဲကလက်နက်တွေ သိမ်းဆည်းမိတဲ့ တိုက်ပွဲဟာ ကွတ်ခိုင်မြို့နယ် လွယ်ခွမ်ကျေးရွာနှင့် ဟိုမောကျေးရွာကြားမှာ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TLNA နဲ့ မြန်မာစစ်တပ် တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

      TLNA နဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြောင်းကို သတင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။


      ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      KIA တပ်ရင်းKachin Independence Army (KIA)တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TLNAမြန်မာစစ်တပ်Myanmar Militaryနမ်တီးMilitary Coupmilitary councilEthnic armed groups
      Read Full Article
      Claim :   နမ်တီးနယ်ထဲက KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတစ်ခုက သိမ်းပိုက်တယ်ဆိုတဲ့အကြောင်းအရာတွေအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!