BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စာရင်းအမှားတွေပါဝင်နေတဲ့...
သတင်းအတု

စာရင်းအမှားတွေပါဝင်နေတဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ သေဆုံးမှုသတင်း

တစ်နှစ်အတွင်း PDF တပ်ဖွဲ့ဝင်တွေကြောင့် ပျက်ဆီးဆုံးရှုံးခဲ့မှုများနဲ့ သေဆုံးဒဏ်ရာရသူများစာရင်းဆိုပြီးရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခုလူမှုကွန်ရက်ပေါ်ပျံ့နှံ့ လျက်ရှီပြီး အကိုးအကားတစုံတရာမပါတဲ့ အဆိုပါအချက်အလက်တွေကို ပြန်လည်ဖြန့်ဝေမှုများလည်းရှိနေပါတယ်။

By - Boom Live Myanmar |
Published -  6 March 2022 5:12 PM IST
  • စာရင်းအမှားတွေပါဝင်နေတဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ သေဆုံးမှုသတင်း

    ဒီစာရင်းကို မတ်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ဂရုတွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၁ နှစ်အတွင်း ပျက်စီးဆုံးရှုံးမှုနဲ့ သေဆုံးမှုစာရင်းဆိုကာရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။အဆိုပါစာရင်းမှာရေးသားထားချက်အရ ရဟန်းသံဃာ ၂၀ ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦး၊ အရပ်သားစုစုပေါင်း ၁၉၇၃ ဦး၊ လမ်းတံတား ၅၂၄ ခု၊ လူနေအိမ် ၄၁၇ လုံး၊ ဆေးရုံဆေးခန်း၂၇ ရုံ၊ စာသင်ကျောင်း ပညာရေးအဆောက်အဦ ၅၀၄ ခုစတဲ့စာရင်းတွေကို ဖေ့စ်ဘွတ်ပို့စ်အဖြစ်နဲ့ရေးသားထားတာဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်ရှိဖေ့စ်ဘွတ်‌ပေါ်မှာဖြန့်ဝေနေတဲ့ပို့စ်တွေကိုလေ့လာမှုအရ မူရင်းရေးသားဖြန့်ဝေသူတွေဟာ ယုံကြည်ရဖွယ်ရှိတဲ့ ဘယ်သတင်းအရင်းအမြစ်တွေကိုသော်လည်းကောင်း စစ်ကောင်စီလက်အောက်ခံသတင်းထုတ်ပြန်ရေးအဖွဲ့တွေကိုသော်လည်းကောင်းကိုးကားထားခြင်းမရှိပဲဖြန့်ဝေထားတာကိုတွေ့ရပါတယ်။
    အဲ့ဒီအပြင်လက်ရှိဖြန့်ဝေသူတွေရဲံပို့စ်အောက်ဆုံးစာကြောင်းတွေမှာ hashtag နဲ့ရည်ညွှန်းကိုးကားထားတဲ့ ဘညွန့် ဆိုတဲ့အမည်သာပါရှိပြီး ၎င်းတို့ရည်ညွှန်းတဲ့ဘညွန့်ဆိုတဲ့အမည်ဟာ တယ်လီဂရမ်ချယ်နယ်တစ်ခုကနေသတင်းတွေဖြန့်ဝေနေသူဖြစ်ပါတယ်။

    တနှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့ သေဆုံးမှုတွေကို Institute for Strategy and Policy- Myanmar (ISP-Myanmar) က စာရင်းပြုစုထားတာရှိပြီး သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားခဲ့ပါတယ်။ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ AAPP မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက်မနည်းရှိခဲ့ကြောင်း၊ စစစ်ကောင်စီဘက်ကလည်း ဒလန်လို့ စွပ်ခံရပြီး သတ်ဖြတ်ခံရသူတွေအပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၁,၅၃၈ ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ပြောဆိုထားကြောင်းနဲ့ တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၄၃၀ ထက်မနည်း ရှိခဲ့တာကြောင့် ဒီစာရင်းအားလုံးပေါင်းရင် စစ်အာဏာသိမ်းမှု အကျိုးဆက် နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တနှစ်တာအတွင်း အရပ်သား ၃,၅၀၀ ကျော်ထက်မနည်းသေဆုံးခဲ့တယ်လို့ တွက်ချက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

    အထက်မှာ နှစ်ဘက်ထုတ်ပြန်ထားချက်တွေနဲ့ အခုဖြန့်ဝေနေတာတွေကို နှိုင်းယှဉ်ကြည့်ရင်လက်ရှိဖြန့်ဝေထားတဲ့ပို့စ်ဟာ ဘယ်ဖက်နဲ့မှတူမနေပဲ စာရင်းအမှားတွေဖြန့်ဝေထားတာတွေ့ရပါတယ်။

    ISP-Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာ အရပ်သားတွေရဲ့ နေအိမ် ၁,၃၃၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး အများစုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတွေမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။ ဒီစာရင်းကို ပြုစုရာမှာ ISP-Myanmar အနေနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်း၊ ISP-Myanmar ကပြုစုထားတဲ့ စာရင်းတွေအပြင် Uppsala Conflict Data Program (UCDP)၊ Armed Conflict Location and Event Data Project (ACLED)၊ Peace Research Institute Oslo (PRIO) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ စာရင်းတွေကို အခြေခံခဲ့သလို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ပါရှိတဲ့ အရေအတွက်တွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ကြောင်း သိရပါတယ်။

    ထုတ်ပြန်ချက် အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    စစ်ကောင်စီစာရင်းနိုင်ငံရေးစစ်ရေးပဋိပက္ခသေဆုံးဒဏ်ရာရ စာရင်းFalse reportPDF attacksFakenewsMilitary Coup
    Read Full Article
    Claim :   တစ်နှစ်အတွင်း PDF တပ်ဖွဲ့ဝင်တွေကြောင့် ပျက်ဆီးဆုံးရှုံးခဲ့မှုများနဲ့ သေဆုံးဒဏ်ရာရသူများ စာရင်း
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!