BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရိုက်နှက်ခံရတဲ့ ပရဟိတဝန်ထမ်းတွေကို...
သတင်းအတု

ရိုက်နှက်ခံရတဲ့ ပရဟိတဝန်ထမ်းတွေကို ပုံအမှားသုံးပြီး သတင်းတုဖြန့်

ပရဟိတသမား ၄ ယောက်ကို ဖမ်းဆီးပြီး သေနတ်ဒင်တွေနဲ့ ရိုက်နှက်နေတဲ့ CCTV မှတ်တမ်း ထွက်ပေါ်ပြီးနောက် ယင်းပရဟိတသမားတွေကို အကြမ်းဖက်ဖို့ ပြင်ဆင်လို့ ရိုက်နှက်ရကြောင်း ရေးသားဖော်ပြတဲ့ အကြောင်းအရာတွေကို စစ်တပ်ထောက်ခံသူတွေကဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  5 March 2021 6:43 PM IST
  • ရိုက်နှက်ခံရတဲ့ ပရဟိတဝန်ထမ်းတွေကို ပုံအမှားသုံးပြီး သတင်းတုဖြန့်

    အဲ့ဒီ ဝါဒါဖြန့် သတင်းအမှားတွေထဲမှာ မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့ဝင်တွေက မြို့ရွာတွေကို မီးရှို့ဖို့ ဓါတ်ဆီပုံးတွေ သယ်ပေးတာတွေ၊ မီးရှို့မှုတွေ လုပ်ခဲ့လို့ ရဲတွေက ဖမ်းဆီးရိုက်နှက်တာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။

    ဒီလိုဖြန့်ဝေကြရာမှာ အင်းစိန်လမ်းမနဲ့ ရွာမကျောင်းလမ်းထောင့်မှာ စံတော်ချိန်သတင်းဌာနကရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံ အသုံးပြုပြီး ဖြန့်ကြသလို ဖုန်းနဲ့ ရိုက်ကူးထားပြီး အမျိုးသမီး တစ်ယောက်နောက်ခံစကားပြောထားတဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံနဲ့ Video ကိုသုံးပြီး မတ်လ ၃ ရက်နေ့က ကားလမ်းပေါ်မှာ မီးရှို့ခဲ့မှု ဖြစ်စဉ်ဟာ မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့က မြို့တွေကို မီးလိုက်ရှို့လို့ ဖမ်းဆီးရတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်အကောင့်တု များစွာနဲ့ ဖြန့်ဝေနေကြပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီးရိုက်နှက်မှုကို ခံထားရတဲ့ မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့ဟာ ၎င်းတို့ရဲ့ ကားတွေနဲ့ ဓါတ်ဆီပုံးတွေ သယ်ပေးတယ် မြို့တွေကို မီးလိုက်ရှို့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ အကြမ်းဖက် ရိုက်နှက်မှုကို ဖုံးကွယ်ဖို့ ပြန်လည် ဝါဒဖြန်တဲ့ သတင်းအမှားသာ ဖြစ်ကြောင်းတွေ့ရသလို ရေးသားမှုမှာပါဝင်တဲ့ဓါတ်ပုံဟာ ပရဟိတသမာတွေနဲ့မဆိုင်တဲ့ဖြစ်ရပ်က ဓါတ်ပုံကိုသုံးစွဲထားတာတွေ့ရပါတယ်။

    ၎င်းတို့ စတင်ဖြန့်ဝေခဲ့တဲ့ ဓါတ်ပုံတစ်ပုံဖြစ်တဲ့ လမ်းမပေါ်ဆီပုံးနဲ့လောင်းချနေတဲ့ပုံဟာ အင်းစိန်လမ်းမနဲ့ ရွာမကျောင်းလမ်းထိပ်မှာ ရဲနဲ့ စစ်သားတွေ ပြေးတက်လာတဲ့အခါ ချော်လဲကျအောင် ရေနံချေးတွေ လောင်းချနေတဲ့ ပုံဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံကို အသုံးပြုပြီး မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့က မြောက်ဥက္ကလာမှာ မီးရှို့နေတဲ့ ပုံဆိုပြီး ဖြန့်ဝေထားတာ ဖြစ်ပါတယ် ။အဆိုပါဓါတ်ပုံဟာ စံတော်ချိန်သတင်းစာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာဖေဖော်ဝါရီ ၂ ရက်ကတည်းကတင်ထားခဲ့တာဖြစ်ပြီး ပရဟိတဝန်ထမ်းတွေရိုက်နှက်ခံရတဲ့ဖြစ်စဉ်ကတော့ နောက်တစ်ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စံတော်ချိန် သတင်းဌာနက ရိုက်ကူးထားတဲ့ ရွာမကျောင်းလမ်းထိပ်က ဓါတ်ပုံကို ဒီမှာ ကြည့်ပါ။

    မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့ဟာ မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ပရဟိတ အဖွဲ့ကို ရဲတွေက ဖမ်းဆီးမိပြီးတဲ့နောက် ဝိုင်းဝန်းအကြမ်းဖက် ရိုက်နှက်တဲ့ CCTV မှတ်တမ်းဟာလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

    ရဲနဲ့စစ်သားတွေ အကြမ်းဖက်ရိုက်နှက်ထားတဲ့ CCTV မှတ်တမ်း ပြန်လည်ထွက်ပေါ်လာပြီးနောက်မှာ အဆိုပါဖြစ်စဉ်ကို လိမ်လည်ရေးသားမှုတွေရှိခဲ့တဲ့အပြင် ပရဟိတဝန်ထမ်းတွေကို ဓါတ်ပုံအမှားတွေသုံးစွဲပြီး အကြမ်းဖက်သယောင် စွပ်စွဲရေးသားထားတာဖြစ်ပါတယ်။

    အဆိုပါ ရွာမ ကျောင်းလမ်းထိပ်က ဓါတ်ပုံထဲက ဆန္ဒပြသူ ဝတ်ဆင်ထားတဲ့ အင်္ကျီဟာ မွန်မြတ်စိတ်ထား အဖွဲ့ရဲ့ အင်္ကျီနဲ့ မတူသလို နောက်ခံ စကားပြောထာတဲ့ Video ထဲမှာ မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့အကြောင်း တစ်လုံးမှ မပါဝင်ပါဘူး။ ၎င်းတို့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ပြန်လည် ဖြန့်ဝေနေတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    Tags

    False propagandacharityarrested for arsonViolenceမွန်မြတ်စိတ်ထား ပရဟိတဝါဒဖြန့် သတင်းအမှား
    Read Full Article
    Claim :   ရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီးရိုက်နှက်မှုကို ခံထားရတဲ့ မွန်မြတ်စိတ်ထား ပရဟိတ အဖွဲ့ဟာ ၎င်းတို့ရဲ့ ကားတွေနဲ့ ဓါတ်ဆီပုံးတွေ သယ်ပေးတယ် မြို့တွေကို မီးလိုက်ရှို့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!