BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်လာသန်းနဲ့ချီရမယ်ဆိုပြီး...
      သတင်းအတု

      ဒေါ်လာသန်းနဲ့ချီရမယ်ဆိုပြီး လှည့်ဖျားခံတဲ့သတင်းအမှားတွေ

      မေဝယ်သာ၊ The Rock စတဲ့နာမည်ကြီးတွေရဲ့ပုံရိပ်တွေကိုအသုံးပြုပြီး ငွေသန်းနဲ့ချီရနိုင်မယ်လို့ လှည့်ဖျားခဲ့တဲ့သတင်းတွေဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နံ့နေတာဖြစ်ပါတယ်။

      By - Boom Live Myanmar | 4 May 2020 3:44 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါ်လာသန်းနဲ့ချီရမယ်ဆိုပြီး လှည့်ဖျားခံတဲ့သတင်းအမှားတွေ

      ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ နိုင်ငံတကာက လူသိများတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကို အသုံးပြုပြီး ဒေါ်လာသန်းချီပြီး ပိုင်ဆိုင်ခွင့်ရတော့မယ်လို့ မက်လုံးပေးထားတဲ့ သတင်းအတုတွေ များစွာထွက်ပေါ်နေပါတယ်။

      ဒီသတင်းအတုတွေကို စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ ဂျော်ဂျီယာဘာသာစကား၊ ဘင်္ဂလီဘာသာစကား စတဲ့ ဘာသာ စကားပေါင်းစုံနဲ့ Facebook Account တွေ၊ Page တွေ ကနေ ရေးသားဖြန့်ဝေနေတာဖြစ်သလို ဒီလိုသတင်းအမှားတွေကိုပဲပြည်တွင်းမှာ ဘာသာပြန်ဆိုပြီးပြန်လည်ဖြန့်ဝေနေတာတွေလည်းရှိနေပါတယ်။

      ဒီသတင်း အတုတွေထဲမှာထည့်သွင်းဖန်တီးခံရတဲ့သားကောင်တွေထဲမှာ ဒူဘိုင်းအိမ်ရှေ့မင်းသား ရှိုက်ဟမ်ဒန်၊ The Rock ၊ မေဝယ်သာတို့အပြင် ထီဆုကြီး ပေါက်ထားဖူးတဲ့ အမျိုးသမီး တစ်ဦးရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ကိုရိုနာကပ်ဘေးကာလမှာ အလုပ်အကိုင် အခက်အခဲကြောင့် ငွေကြေး ကြပ်တည်းနေသူများကို တစ်ဦးချင်းစီအတွက် ဒေါ်လာ သန်းချီပြီး ထောက်ပံ့မယ်လို့ ရေးသားပြီး ကောလဟာလတွေ ဖြန့်ဝေနေတာဖြစ်ပါတယ်။

      မေဝယ်သာ နာမည်သုံးပြီး ဖြန့်တဲ့သတင်းအတု

      WSB Pesona Cherillyn Sarkisiaan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဧပြီလ ၃၀ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ် မှာ ဂျော်ဂျီယာ ဘာသာစကားနဲ့ သတင်းအမှားတစ်ပုဒ်တင်ခဲ့ပါတယ်။ ဒီသတင်းအမှားထဲမှာ ကမ္ဘာကျော် ဘောက်ဆင်သမား မေဝယ်သာ ဟာ ကိုရိုနာ ကာလမှာ အလုပ်အကိုင်အခက်အခဲကြောင့် ငွေကြေးကျပ်တည်း သူတွေကို ထောက်ပံ့ဖို့အတွက် လှူဒါန်းမှု တစ်ခု လုပ်ထားတယ်လို့ ရေးထားပြီး၊ မိမိရဲ့ နာမည်အစ စာလုံးတွေအလိုက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာထိ ထောက်ပံ့ကြေးတွေ ရရှိမယ်လို့ ရေးထားပါတယ်။ စည်းကမ်းချက်အနေနဲ့ အဆိုပါ ပိုစ့်ကို လူများတဲ့ Facebook Group (၁၀) ခု ကို Share ပေးရမယ်လို့ ရေးသားထားပါတယ်။ ဒီပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၅၃ဝဝ ကျော်ရှိနေပါတယ်။

      နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခု ဖြစ်တဲ့ Floyed-Maywether.putte မှာလည်း မေလ ၁ ရက်နေ့ မနက် ၈ နာရီ ၅၆ မိနစ် (မြန်မာစံတော်ချိန်) မှာ အလားတူ သတင်းအတုကို ဂျော်ဂျီယာ ဘာသာစကားနဲ့ ရေးတင်ခဲ့ပါတယ်။ ဒီပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၉၂၀၀ ကျော်ရှိနေပါတယ်။

      အဆိုပါ သတင်းအတု တွေကို ဝေမျှနေသူတွေထဲမှာ မြန်မာနိုင်ငံက လူတွေလည်း ပါဝင်နေသလို Comment တွေလည်း ရေးသားနေကြတယ်။ အခုလို လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း Comment ရေးသားနေသူတွေလည်း ရှိနေပါတယ်။

      ဒီသတင်းအတုတွေမှာ မေဝယ်သာရဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေ Video တွေကို တွဲတင်ထားပါတယ်။ သတင်းအတု ရေးသားသူတွေ တင်ထားတဲ့ Video File ဟာ မေဝယ်သာက သူ့ရဲ့ နာရီတွေ ဆွဲကြိုးတွေ၊ ငွေကြေးပိုင်ဆိုင်မှု တွေကို ပြောပြနေတဲ့ Video File သာ ဖြစ်ပါတယ်။

      The Rock သတင်းအပေါ် ဆန်းစစ်ချက်

      မြန်မာ ပရိသတ်တွေက The Rock လို့ရင်းနှီးတဲ့ Dwayne Johnson ဟာလည်းဒီသတင်းအမှားတွေဖန်တီးတဲ့သူတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်။ သူပိုင်ဆိုင်တဲ့ငွေကြေးတွေ Give away လုပ်မယ်ဆိုတဲ့ သတင်းအမှားတွေဟာ ၂၀၁၈ ခုနှစ် သြဂုတ်လ ခန့်က စတင်ခဲ့တာ ဖြစ်ပါတယ်။ အခု ဖြန်နေတဲ့ သတင်းအမှားတွေဟာ ၂၀၁၈ ခုနှစ်က ဖြန့်ခဲ့တဲ့ သတင်းဟောင်းတွေအတိုင်း ရေးသားထားတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ထဲက ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို Share ပြီး Comment ရေးရင် ပိုက်ဆံတွေပေးမယ်လို့ ရေးသားပြီး သလို အခုလည်း ဒီအတိုင်းရေးသားပြီး သတင်းအမှား ဖြန့်ထားပါတယ်။၂၀၁၈ ခုနှစ်က သတင်းအဟောင်းကို fact checking Website တစ်ခုဖြစ်တဲ့ Snopes မှာ ဖတ်နိုင်ပါတယ်။

      ဒီသတင်းနမူနာတွေနဲ့ဆက်စပ်ပြီးရှင်းပြရရင် ဒူဘိုင်းက အိမ်ရှေ့မင်းသား၊ စကော့တလန် Dundee မြို့က စတာလင် ပေါင် ၁ သန်းတန် ထီဆု ကံထူးခဲ့တဲ့ အမျိုးသမီးတို့ရဲ့ပုံရိပ်တွေကို အသုံးပြုပြီးအလားတူဖန်တီးခဲ့တဲ့သတင်းတွေလည်း နိုင်ငံတကာက လူမှူကွန်ရက်တွေမှာ ထုနဲ့ထေးပျံ့နံှ့ခဲ့ပါသေးတယ်။

      တကယ်တော့ ဒီလို လူသိများတဲ့သူတွေရဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေခြင်းတွေဟာ ၂၀၁၆ ခုနှစ်လောက်ထဲက စတင်ခဲ့တာ ဖြစ်ပြီးတော့ အခုထိလည်း ဒီလို သတင်းအမှားတွေဟာ ပြန်ပေါ်လာလေ့ ရှိပါတယ်။ ကိုရိုနာ ကပ်ဘေးကာလမှာ အလုပ်အကိုင်အခွင့်အလမ်းကြောင့် လူအများ ဒုက္ခရောက်နေချိန်မှာ ဒီလို မက်လုံးပေးထားတဲ့ သတင်းအမှားတွေကို တကျော့ပြန် ပြန်လည်ဖန်တီးကြတာဖြစ်ပြီး ဒီနမူနာတွေကြည့်ခြင်းအားဖြင့် ဘယ်လိုအကြောင်းအရာတွေဟာ သတင်းအမှားတွေဖြစ်မလဲဆိုတာကို ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။

      Tags

      fake news Floyd Mayweather give away money The Rock give away money Sheikh Hamdan bin Mohammed give away money Give away money Coronavirus rumours Corona coronavirus pandemic Corona Myanmar 
      Read Full Article
      Claim :   နိုင်ငံတကာက လူသိများတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ကမ္ဘာကျော်ဘောက်ဆင်သမား မေဝယ်သာ၊ The Rock ၊ ဒူဘိုင်း အိမ်ရှေ့မင်းသားနဲ့ စတာလင်ပေါင် ၁ သန်း ထီကံထူးရှင် အမျိုးသမီးတို့ရဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး ဒေါ်လာသန်းချီ ပိုင်ဆိုင်ခွင့် ရတော့မယ်ဆိုတဲ့ မက်လုံးပေးထားတဲ့ သတင်းအတုတွေကို Boom Myanmar က အချက်အလက်တွေ စစ်ဆေးပေးထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!