BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန် ဒလတံတား ကျိုးကျတယ်ဆိုတဲ့...
သတင်းအတု

ရန်ကုန် ဒလတံတား ကျိုးကျတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးကို ဆက်သွယ်ထား‌တဲ့ ဒလတံတား (ခေါ်) ကိုးရီးယား - မြန်မာ ချစ်ကြည် ရေးတံတားကို သင်္ဘောတစ်စီး အရှိန်မထိန်းနိုင်ပဲ တိုက်မိခဲ့တဲ့အတွက် ကျိုးကျတယ်ဆိုပြီး ရေးသားဖြန့်ဝေတောတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 Jun 2025 6:26 PM IST
  • ရန်ကုန် ဒလတံတား ကျိုးကျတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဇွန်လ ၃ ရက်နေ့က စတင်ပြီး ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန် ဒလတံတားကြီး ကျိုးသွားပြီ။ ရေကြီးမဲ့ အခုဒေသများ မသေဖို့ ကြည့်ပေးပါ' လို့ ရေးသားဖြန့်ဝေထားတပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ သင်္ဘောအချို့ တံတားတစ်စီးကို ဝင်တိုက်နေတဲ့ ဓါတ်ပုံတွေအသုံးပြုပြီး 'ရန်ကုန်မြို့ ဒလတံတား (၃.၆.၂၀၂၅)ရက်နေ့ ညနေ (၁:၁၅)နာရီ အချိန်မှာ ကြိုးသွားပါတယ်။ (၃)ထပ်ရှိသောသင်္ဘောကြီးတစ်စီးအရှိန်မထိန်းနိုင်ပဲ ဖြတ်သွားရင်း တံတားကိုတိုက်မိတာဖြစ်ပါတယ်။ တံတားလည်းကြိုး သင်္ဘောပေါ်ဖိ ဘင်္ဘော လည်းပျက်စီးသွားပါတယ်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန် ဒလတံတား ကျိုးကျတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုပုံရိပ်တွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ မာရီကီနာ မြစ်ရေ လျှံမှုကြောင့် သင်္ဘောအများအပြား တံတားနဲ့ တိုက်မိခဲ့တဲ့ ဖြစ်စဉ်က ဗီဒီယိုဖိုင်တွေ ဖြစ်ပါတယ်။


    ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Rappler သတင်းဌာနမှာလည်း ဒီအကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ်။

    ရန်ကုန် ဒလတံတားကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာလနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာတွေကြောင့် တည်ဆောက်ရေးတွေ ခေတ္တနားပြီး ၂၀၂၂ ခုနှစ်ထဲရောက်မှ ပြန်လည်စတင်ခဲ့ပါတယ်။

    လက်ရှိမှာ ရန်ကုန် ဒလတံတား တည်ဆောက်မှု ပြီးစီးခါနီးပြီလို့ သိရပါတယ်။

    Tags

    တံတားကျိုးကျattack on the bridge.သတင်းတုFakenewsသတင်းမှား
    Read Full Article
    Claim :   ရန်ကုန် ဒလတံတား ကျိုးကျတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!