BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ...
သတင်းအတု

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ 'ဝ' အဖွဲ့ကခွဲထွက်ခွင့် တောင်းမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ ဝ အဖွဲ့က ခွဲထွက်ခွင့်တောင်းမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  14 Aug 2020 6:12 PM IST
  • ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဝ အဖွဲ့ကခွဲထွက်ခွင့် တောင်းမယ်ဆိုတဲ့ သတင်းအမှား

    Hit Knowledge ဆိုတဲ့ YouTube အကောင့်တစ်ခုက အဆိုပါ သတင်းအမှား Video ကို သြဂုတ်လ ၁၀ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး အဲ့ဒီ Video ဟာ ကြာမြင့်ချိန် ၃ မိနစ်နဲ့ ၄၀ စက္ကန့် ကြာမြင့်ပါတယ်။။ Video ရဲ့ ခေါင်းစဉ်မှာ "ညီလာခံမှာ ခွဲထွက်ခွင့်တောင်းပြီးမရပါက ထိပ်တိုက်ဖြေရှင်းမည်ဟု UWSA ပြောပြီ" လို့ ရေးသားထားပါတယ်။

    အဆိုပါ Video ရဲ့ အတွင်းမှာတော့ "အခုကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ WUSA ဝ အနေနဲ့ ခွဲထွက်ခွင့် တောင်းမယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်ကနေပြီးတော့ ပြောကြားထားတဲ့ အကြောင်းကို အရင်ဦးဆုံးပြောပြလို့ ပေးချင်ပါတယ်" လို့ အစပျိုးထားပြီး သတင်းရဲ့ နောက်ပိုင်းမှာတော့ "ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP ၊ UWSA ဟာ နေပြည်တော်မှာ ကျင်းပမယ့် စတ္တုထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်နိုင်ခြင်း ရှိတဲ့အကြောင်းကို အဲ့ဒီအဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက သတင်းဌာနတစ်ခုကို ပြောကြားတယ်။ ကနဦးမှာ စတ္တုထအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သြဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့မှာ ကျင်းပပြုလုပ်သွားဖို့ ပြောင်းလဲ စီစဉ်ထားတယ်။ ဦးညီရန်းကတော့ တက်မယ် ပြောသံကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရုံးကနေတဆင့် ဖိတ်ကြားမှုတွေတော့ မရသေးဘူး။ နေပြည်တော်ကနေပြီးမှ ကျွန်တော်တို့ရဲ့ ဗဟိုဌာနချုပ်ကို တိုက်ရိုက်ဖိတ်လား မဖိတ်ဘူးလား မသိဘူးပေါ့လို့ ပြောကြားတယ်။ ဒါပေမယ့် ဝ အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် (၇) ဖွဲ့ထဲက ဘယ်အဖွဲ့တွေ တက်ရောက်မှာကိုတော့ မသိရသေးပါဘူး…" လို့ ဖော်ပြထားပါတယ်။

    အဲ့ဒီ YouTube Video ကို May Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက လူများတဲ့ Facebook group တွေထဲကို မျှဝေထားပြီး ၎င်း ကို လက်ရှိမှာ ဝင်ရောက်ကြည့်ရှု့သူ ၂၆၀၀ ကျော်ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    Hit Knowledge ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ ဝ အဖွဲ့က ခွဲထွက်ခွင့် တောင်းပြီး မရရင် ထိပ်တိုက်ဖြေရှင်းမယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က "ဝ"ပြည်နယ် ပြင်ပဆက်ရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    အဆိုပါ ဖြန့်ဝေထားတဲ့ သတင်းတွေဟာ သတင်းအမှားသာ ဖြစ်ပြီး သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ ဦးညီရန်းက ပြောပါတယ်။

    အဆိုပါ Video ရဲ့ အစမှာ ဖော်ပြထားတဲ့ ခွဲထွက်ခွင့်တောင်းဆိုလို့ မရရင် ထိပ်တိုက်ဖြေရှင်းမယ် ဆိုတဲ့ အကြောင်းအရာကို ဖော်ပြရာမှာ အမည်မဖော်လို့ တဲ့ သတင်းအရင်းအမြစ်က ရရှိတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီလို ဖော်ပြချက်ဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတွေမှာမြင်တွေ့နေကြ ပုံစံတစ်မျိုးသာ ဖြစ်ပါတယ်။

    ဒါ့အပြင် စတ္တုထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ (ULA/ AA) အဖွဲ့ကို ဖိတ်ကြားခြင်း မရှိခဲ့တဲ့အတွက် FCNPP ကော်မတီ အဖွဲ့ဝင် တွေဖြစ်တဲ့ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် ကျန်အဖွဲ့ဝင်များရဲ့ ဘုံသဘောတူညီမှု အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိဘူးလို့ သြဂုတ်လ ၁၃ ရက်နေ့က FCNPP က သဘောထား ထုတ်ပြန်ထားပါတယ်။


    သတင်းအမှားတင်ခဲ့တဲ့ YouTube အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ရေးနဲ့ ပက်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ပြီး ဝင်ငွေရှာနေတဲ့ Channel တစ်ခု ဖြစ်တာကို တွေ့ရပါတယ်။



    Tags

    Fake newsUWSAthe Union Peace Conferenceasking for secession21st Century Panglongသတင်းအမှား၂၁ ရာစု ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဝပြည်သွေးစည်းညီညွတ်ရေးပါတီခွဲထွက်ခွင့်တောင်းဆို
    Read Full Article
    Claim :   Hit Knowledge ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ ဝ အဖွဲ့က ခွဲထွက်ခွင့် တောင်းပြီး မရရင် ထိပ်တိုက်ဖြေရှင်းမယ်ဆိုတဲ့ သတင်းကို Boom Myanmar က \"ဝ\"ပြည်နယ် ပြင်ပဆက်ရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!