BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကြံ့ခိုင်ရေးပါတီဥက္ကဌ...
သတင်းအတု

ကြံ့ခိုင်ရေးပါတီဥက္ကဌ ခင်ရီပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားရေးအစွန်းရောက် (မဘသ) တွေရဲ့ နောက်က ကြိုးကိုင်သူ ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရလို့ သေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 May 2023 8:27 AM IST
  • ကြံ့ခိုင်ရေးပါတီဥက္ကဌ ခင်ရီပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီရဲ့ ဓာတ်ပုံကို အသုံးပြုကာ ‘ဗမဘသ ကြံ့ဖွတ် ဦးခင်ရီ ပစ်ခတ်ခံရလို့ tay ပြီ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာဟာ ဗွီဒီယိုဟာ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောအသံထည့်သွင်းထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲမှာ ‘ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်’ ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို လတ်တလောကာလမှာဒီလိုအခြေ ဖြစ်ပွားထားခြင်းလည်းမရှိသေးပါဘူး။

    စစ်တပ်ကနေ ဗိုလ်မှူးချုပ်အဆင့်နဲ့ အငြိမ်းစား ယူခဲ့သူ ဦးခင်ရီဟာ နအဖ လက်ထက်မှာ ရဲချုပ်၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လဝကဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်က စတင်ပြီး ကြံ့ဖွံ့ပါတီမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူပါ။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လဝက ဝန်ကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ၂၀၂၂ ခုနှစ်၊ တတိယအကြိမ် ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ဦးခင်ရီကို အမျိုးသားရေးအစွန်းရောက် (မဘသ) တွေရဲ့ နောက်က ကြိုးကိုင်သူအနေနဲ့ သိရှိကြသလို မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ မီးမွှေးသူတစ်ယောက်အနေနဲ့လည်း အချို့သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုသူ များအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီKhin YiassassinatedFakenewsClickbaitsMilitary Coupကြံ့ဖွတ်ဦးခင်ရီလုပ်ကြံ
    Read Full Article
    Claim :   ကြံ့ဖွံ့ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရလို့ သေပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!