BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG...
သတင်းအတု

အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံပြီး စစ်ရေးအကူအညီ ရပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  20 Jun 2024 7:00 AM IST
  • အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burma Khit Thit TV ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သေဖို့သာပြင်ထားဟေ့။ အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် NUG ဝန်ကြီးတွေ့ဆုံ။ စစ်အုပ်စု သွေးပျက်နေပြီ။ စစ်ရေးအကူအညီရပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ ‘အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    သတင်းထဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။


    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်ဟာ ဒီလအစောပိုင်းက စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို တက်ရောက်ခဲ့သလို ကမ္ဘောဒီးယားနိုင်ငံကိုလည်း ဝင်ရောက်ခဲ့ပါသေးတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အမေရိကန်ကာကွယ်ရေးဝန်ကြီးUS ministerစစ်ရေးအကူအညီFakenewsClickbaits
    Read Full Article
    Claim :   အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ NUG ဝန်ကြီးတွေ့ဆုံတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!