BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေး ထ ၂ ဗုံးပေါက်သည့်ဖြစ်ရပ်...
သတင်းအတု

မန္တလေး ထ ၂ ဗုံးပေါက်သည့်ဖြစ်ရပ် တကယ်မဟုတ်

ဒီရက်ပိုင်းထဲ မန္တလေး အထက (၂) ကျောင်းမှာ ဗုံးပေါက်ကွဲပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  3 Jun 2021 3:35 PM IST
  • မန္တလေး ထ ၂  ဗုံးပေါက်သည့်ဖြစ်ရပ် တကယ်မဟုတ်

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တွေနဲ့ ဖြန့်ဝေခဲ့တာ တွေ့ရသလို လူသိများသတင်းစာမျက်နှာတွေဖြစ်တဲ့ Myanmar Labour News ၊ Bago Watch News agency နဲ့ Youth Voices Taungyi ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကပါ ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားထဲမှာ "စစ်တပ်မှ လုံခြုံရေးတင်းကြပ်စွာချထားတဲ့ မန္တလေး အထက(၂) ကျောင်း ဗုံးပေါက်ကွဲခဲ့ပြီး ကျောင်းသားနှစ်ဦး ယခုလက်ရှိ ဆေးရုံ ပို့ထားရကြောင်း သိရပါတယ်...။ ဒေသခံတွေကတော့ အကြမ်းဖက်စစ်ကောင်စီဖောက်ခွဲတာဖြစ် တယ်လို့ပြောတဲ့အပြင် ကျောင်းထဲ မည်သူ တစ်ဦးတယောက်မှ ဝင်လို့မရကြောင်းပြောကြားထားပါတယ်။ ဆက်လက်စုံစမ်းသိရှိရသမျှ ဆက်လက်တင်ပြ ပေးသွားပါ့မယ်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာက ရေးသားဖြန့်ဝေခဲ့သလို သတင်းမီဒီယာပေ့ချ်တွေကပါ ရေးသားဖြန့်ဝေခဲ့တဲ့အတွက် လူပေါင်း သိန်းချီထိပျံ့နှံ့ခဲ့သလို ကျောင်းသားတွေထိခိုက်ခဲ့တယ်ဆိုတဲ့အတွက် သုံးသပ်ချက် ရေးသားသူ၊ မှတ်ချက်ပေးသူများစွာ ရှိခဲ့ပါတယ်။

    မူရင်း ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ မန္တလေး အထက (၂) မှာ ဗုံးပေါက်ကွဲပြီး ကျောင်းသား ၂ ဦး ထိခဲ့တယ် ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး Boom Myanmar က အဆိုပါ ကျောင်းအနီးနေထိုင်သူလည်းဖြစ် အဲ့ဒီကျောင်းက ကျောင်းသားဟောင်လည်းဖြစ်သူကို ဆက်သွယ် မေးမြန်းကြတဲ့အခါ ၎င်းကအဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းမရှိသလို၊ ကျောင်းသားတွေသေဆုံးတယ်ဆိုတာလည်းမဟုတ်ဘူးလို့ဆိုပါတယ်။

    "ဗုံးပေါက်တာလည်း မရှိပါဘူး။ ကျောင်းသား ၂ ယောက် ထိတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော် ကျောင်းအနားမှာ နေတာပါ။ ဘာရည်ရွယ်ချက်နဲ့ ဖြန့်လဲတော့ မပြောတတ်ဘူး" လို့ဆိုပါတယ်။

    ဒါ့အပြင် မန္တလေး အထက ၂ ကျောင်းသားဟောင်းတွေဖွဲ့ထားတဲ့ Facebook Group ထဲမှာလည်း အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်ကြောင်း ရေးသားဖော်ပြထားပါတယ်။


    ဒါ့အပြင်ဒီအကြောင်းအရာကို ဖြန့်ဝေခဲ့တဲ့ သတင်းစာမျက်နှာနှစ်ခုနဲ့အကောင့်တွေမှာရေးသားထားတဲ့အချက်အလက်တွေက ပုံစံတူရေးသားဖြန့်ဝေထားတာဖြစ်ပြီး တင်ထားတဲ့နေရာတိုင်းမှာ ဖြစ်ပွားတဲ့အချိန်ပင်ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့သတင်းအရင်းမြစ်မျိုးလည်းပါဝင်ခြင်းမရှိပါဘူး။


    Tags

    False newsSchoolstudentsinjuredbomb blastBEHS 2 Mandalayသတင်းအမှားဗုံးပေါက်ကွဲမှုအထက ၂ မန္တလေး
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ မန္တလေး အထက (၂) မှာ ဗုံးပေါက်ကွဲပြီး ကျောင်းသား ၂ ဦး ထိခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!