
သမ္မတနှစ်ဦး ထပ်မံဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား
ယခင် သမ္မတဟောင်းတွေရဲ့ ဓါတ်ပုံတွေအသုံးပြုကာ သမ္မတနှစ်ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတချို့ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာပါတယ်။

သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေတို့ရဲ့ ဓါတ်ပုံတွေအသုံးပြုကာ ၈ မိနစ်နီးပါး ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ သမ္မတနှစ်ဦး ထပ်မံဖမ်းဆီးခံရတယ်ဆိုပြီး ရေးသာဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေမှုကို သတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတဲ့ 7Day news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ မေလ ၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေနေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရှု့ရာ ခေါင်းစဉ်မှာ ရေးသားထားတဲ့ သမ္မတနှစ်ဦး ထပ်မံဖမ်းဆီးခံရတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ CRPH ကို မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိဘို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ပြောဆိုတယ်ဆိုတဲ့ သတင်းနဲ့ ထားဝယ်က ကျေးရွာ ၈၅ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီလို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောဆိုတယ်ဆိုတဲ့ အကြောင်းအရာတွေသာ ပါဝင်ပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ ၂၀၁၆ ခုနှစ် မတ်လ ၁၅ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လအထိ ၂ နှစ်ကြာ သမ္မတ တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဒုသမ္မတ (၁) ဦးမြင့်ဆွေကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းချိန်အထိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ဒီသတင်းအမှားတွေဖြန့်ဝေနေတဲ့ Page ဟာ ယခင်ကရှိခဲ့ဖူးတဲ့ 7 Day News သတင်းဌာနရဲ့ နာမည်ကို တုပဖန်တီးပြီး သတင်းအမှားတွေကို ဆက်တိုက်ဖြန့်ဝေနေတဲ့ ပေချ့်သာဖြစ်ပါတယ်။
Claim : သမ္မတနှစ်ဦး ထပ်မံဖမ်းဆီးခံရ
Claimed By : Facebook, Website
Fact Check : False
Next Story