BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အီရန် တရုတ်နဲ့...
သတင်းအတု

အီရန် တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က အီရန် တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ကတိပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Nov 2024 8:26 PM IST
  • အီရန် တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထမင်းဝအောင်စားထားကြ။ Trump လက်စားချေပြီ။ Trump ဒဲ့ကြေညာထားပြီ။ အီရန်၊ တရုတ်နဲ့ စောက်ပု လက်စားချေဖို့ ကတိပြုလိုက်ပြီ။ အားရစရာကြီးဗျို့' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အီရန်၊ တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ The Arakan Express News မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အီရန်ကို အမြင့်ဆုံးဖိအားပေးဖို့ ထရမ့်အရှိန်မြှင့်စီစဉ်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အရှေ့အလယ်ပိုင်းသြဇာလွှမ်းမိုးမှုကို ကန့်သတ်ပြီး ရေနံတင်ပို့မှု အပါအဝင် အီရန်အပေါ် အမြင့်ဆုံးဖိအားပေးဖို့ အရှိန်မြှင့် စီစဉ်နေတယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ အီရန်၊ တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    The Arakan Express News မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    US ElectionDonald TrumpFakenewsအီရန်တရုတ်military leaderစစ်ခေါင်းဆောင်Clickbaits
    Read Full Article
    Claim :   အီရန် တရုတ်နဲ့ မြန်မာစစ်ခေါင်းဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!