BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • Tiktok နာမည်ကြီး ဇော်ဝင်းမောင်...
      သတင်းအတု

      Tiktok နာမည်ကြီး ဇော်ဝင်းမောင် စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      Tiktok မှာ နာမည်ကြီးနေတဲ့ ဇော်ဝင်းမောင် ဆိုသူ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး တစ်လအတွင်း စစ်ကြောရေးမှာ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  21 Aug 2023 6:05 PM IST
    • Tiktok နာမည်ကြီး ဇော်ဝင်းမောင် စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Eliza Tate ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၃ ရက် နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ Tiktok မှာ နာမည်ကြီးနေတဲ့ ဇော်ဝင်းမောင် ဆိုသူရဲ့ ပုံကို ဗွီဒီယိုဖိုင် ကာဗာအဖြစ် အသုံးပြုကာ ‘Tiktok ဆယ်လီ ဇော်ဝင်းမောင် စစ်ကြောရေးမှာ ဆုံးပါး။ အဖမ်းခံရပြီး ၁ လ အကြာမှာပဲ Tiktok ဆယ်လီ ဇော်ဝင်းမောင် စစ်ကြောရေးမှာ ဆုံးပါး’ လို့ ရေးသားထားပါတယ်။

      အချို့ဖြန့်ဝေမှုတွေမှာတော့ ‘Tiktok ဆယ်လီ ဇော်ဝင်းမောင် စစ်‌ကြောရေးမှာ ညတွင်းချင်းဆုံးပြီ။ မနေ့ကပဲ ဇော်ဝင်းမောင်ကိုဖမ်း ဒီနေ့ကြိုးတဲ့။ တစ်နိုင်ငံလုံးအငိုမျက်ရည်ကျပြီ’ လို့ ရေးသားဖြန့်ဝေနေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အဖမ်းခံရပြီး တစ်လအကြာမှာပဲ TikTok ဆယ်လီ ဇော်ဝင်းမောင် စစ်ကြောရေးမှာ ဆုံးပါးသွားကြောင်း၊ ရုပ်အလောင်း လာရောက်ယူဆောင်ဖို့ ဇော်ဝင်းမောင်ရဲ့မိခင်ဖြစ်သူကို ရဲစခန်းက အကြောင်းကြားထားကြောင်း၊ သူ့ရဲ့ မိခင်ကိုယ်တိုင် ပြောဆိုကြောင်းတွေကို နောက်ခံစကားပြောနဲ့ ပြောထားပေမယ့် ဒီသတင်းကိုရေးနေစဉ်မှာပဲ ဒီဗီဒီယိုဖိုင်ကို ပြန်လည်ဖျက်သွားခဲ့ပါတယ်။

      အခြားဖြန့်ဝေထားတဲ့ ဗီဒီယိုတွေမှာတော့ ခေါင်းစဉ်မှာ ‘Tiktok ဆယ်လီ ဇော်ဝင်းမောင် စစ်‌ကြောရေးမှာ ညတွင်းချင်းဆုံးပြီ’ လို့ ရေးသားထားပေမယ့် ဗီဒီယိုဖိုင်ထဲမှာတော့ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ကိုဇော်ဝင်းမောင် ဖမ်းဆီးခံရတဲ့ သတင်းကိုသာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

      TikTok နဲ့ Facebook ပေါ်မှာ ဟာသ ဇာတ်လမ်းတိုတွေရိုက်ကူး ပြီး နာမည်ကြီးလာတဲ့ မန္တလေးမြို့မှာ နေထိုင်သူ ဇော်ဝင်းမောင်ကို အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်ထားတဲ့ ဗီဒီယိုအတိုလေးတစ်ခု တင်ထားတဲ့ကိစ္စနဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

      TikTok ဆယ်လီ ကိုဇော်ဝင်းမောင်ဟာ စစ်တပ်အကြီးအကဲ စစ်တပ်ခေါင်းဆောင် နာမည်နဲ့ လူငယ်တစ်ဦးကို ဆဲဆို ရိုက်နှက်နေတဲ့ ရုပ်သံကို ရိုက်ကူးခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ် အဲ့ဒီရုပ်သံ ပျံ့နှံ့လာပြီးနောက် အခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      TikTok ဆယ်လီTiktok clelbrity diedinterrogationစစ်ကြောရေးFakenews
      Read Full Article
      Claim :   Tiktok မှာ နာမည်ကြီးနေတဲ့ ဇော်ဝင်းမောင် ဆိုသူ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး တစ်လအတွင်း စစ်ကြောရေးမှာ သေဆုံးတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!